Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, April 23, 2009

ဟောင်းနွမ်း

ငါ့ အရက်ပွဲက စကားလုံးတွေ
လေမှာပျောက်သွား
ဆုပ်ယူလို့ မရပါလားကွာ

ငါ့နှောက်ဖေးက နှင်းဆီပန်းလဲ
နမ်းတဲ့မင်းမရှိတော့ မိုးနဲ့ အတူ
ပြိုင်တူငိုနေတာလားကွာ

ငါ့နှလုံးသားလည်း မင်းမလာတော့
နာရီလိုပဲ မငြိမ်မသက်ဖြစ်နေတယ်ကွာ

ဟောင်းနွမ်းသွားတဲ့ ငါ့နှလုံးသားကို
အချစ်မရှိတဲ့ မင်းနှလုံးသားနဲ့  မကုပါနဲ့ ကွာ

ငါ့ဘ၀ ဟောင်းနွမ်းလဲ
ငါ့အချစ် မဟောင်းနွမ်းအောင်
လုပ်ပါ ချစ်ရာ

ရေးသူ။ ။ လေပြေ (HK)

No comments: