Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, April 22, 2009

မင်း

လှမ်းထားတဲ့ ငါ့ဘောင်းဘီ
ဝတ်တာများတော့ ဟောင်းနွမ်းနေပြီ

နရံကနာရီ အသံမြည်နေတာကျယ်လွန်း
တိတ်ဆိတ်တဲ့ငါ့အခန်းကို ဖောက်ထွက်
သိပ်ဆိတ်မှုတွေ ပျက်ကွက်သွား

တီဗီ ဖန်သားက သံစဉ်မညီညာ စကားလုံး
ငါ့နှလုံးလိုပဲ မညီမညာ တုန်လှုပ်နေ

ငါ့နှုတ်ခမ်းက ထွက်လာတဲ့ မီးခိုး
မင်းမျက်လုံးအသွင် ပြောင်းသွား

ငါဘယ်လောက်ပဲ ဟောင်းနွမ်းသွားလဲ
ချစ်တတ်တဲ့ငါ့နှလုံးသား
မင်းနဲ့ ပတ်သတ်ရင် နာရီသံစဉ်လိုပဲ
အမြဲသစ်လွင်နေမယ်ကွာ



ရေးသူ။ ။ လေပြေ

No comments: