Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, April 24, 2009

ကြယ်တစ်ပွင့်

ငါ့ မျက်ဝန်းက ကြယ်တစ်ပွင့်
လေအ၀င့်မှာ ပျံ့ ကျဲ

ငါ့အသဲက တောင်းဆုခြွေ
သောကရောက် နေတဲ့ကြယ်ကို
မကျီဆည်ပဲ

နောင် ကြယ်မကြွေအောင်
မင်း ထမ်းဆောင်ပါလား

ငါ့ မျက်ဝန်းကကြယ်တွေ
မင်းကြောင့် ကြွေတာများတော့

ငါ့ ကြယ်လေးတွေက
မင်းလက်ခုပ်ထဲမှာ ပါပဲကွာ။

ငါ့ ကြယ်လေးတစ်ပွင့်ကို သနားရင်
ခဏ ခဏ မကြွေအောင်
မင်းထမ်းဆောင်ပါနော်။


ရေးသူ။ ။ လေပြေ (HK)

No comments: