အထုပ်ကိုပိုက်ရင်းနဲ့  ကျနော်ထွက်လာခဲ့တယ်။ ဒီမှာပဲနေရင် မအောင်မြင်နိုင်ဘူးဆိုသာ ကျနော်က သိနေတယ်လေ။ ဒါကြောင့် မြို့ ကြီးမှာအလုပ်လုပ်မယ်ဆိုရင် ကျနော်မျှော်လင့်တဲ့ အရာတွေဖြစ်လာနိုင်တယ်လို့  ကျနော်ယုံကြည်ခဲ့တယ်။
အဲလိုနဲ့ မြို့ ပေါ်ရောက်တဲ့အခါမှာ အောင်မြင်မယ်လို့ ထင်ရတဲ့ အလုပ်တွေကို ကျနော်လိုက်လုပ်ခဲ့ပါတယ်။ အဲလို လုပ်ရင်းနဲ့  အတော်လေးကြာလာတဲ့ အချိန်မှာ ကျနော်ဟာ ငွေသားတော်တော်လေးစုမိလေရဲ့ ။
ငွေအပြင် ချစ်တဲ့သူကိုပါတွေ့ လေတော့ တော်တော်လေးကို ပျော်ရွင်မှုရခဲ့တယ်ဗျာ။ ၀မ်းသာမှုတွေကို ထွေးပိုက်ရင်းနဲ့  ကိုယ့်ရပ် ကိုယ့်ရွာကို ပြန်လာခဲ့တဲ့ကျနော်ဟာ.... မြို့ အ၀င်ဝက ညောင်ပင်အောက်မှာ စစ်ဆေးမှုနဲ့ တိုးလို့  ကားအောက်ဆင်းပြီးစောင့် နေရတယ်ဗျာ။
လုပ်စရာမရှိတာနဲ့  ကျနော်လဲ ညောင်ပင်အောက်ကနတ်စင်လေးကို ထိုင်ပြီး ရှိခိုးဦးညွတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ကျနော့်ရဲ့ ပျောက်ဆုံးနေတဲ့ ဘ၀ တစ်စိတ်တစ်ဒေသကို ပြန်ပြီးသတိရလိုက်တယ်ဗျာ။
ကျနော် မြို့ ပေါ်မသွားခင် ‘အကျင်သူနဲ့  ကတိပေးလို့  ငါးနှစ်အရောက်မှာ ပြန်လာမယ် မင်းနဲ့ ကွယ် နီးဖို့ ရယ်‘ ဆိုတဲ့ စကားလုံးတွေက နားမှာအထပ်ထပ်ပြန်ပြီးကြားနေရတယ်ဗျာ။
အဲဒါနဲ့ အိမ်ကိုပြန်ရောက်တော့ မိဘတွေက ၀မ်းသာအားရနဲ့  ကြိုဆိုတယ်လေ။ ၀မ်းသာလွန်းလို့ ဗျာ ကျနော့် အမေဆို ငိုနေတယ်လေ။ ကျနော့် အမေကိုကြည့်ပြီးဝမ်းနည်း ၀မ်းသာဖြစ်ရတယ်ဗျာ။
နောက်ဆုံးတော့ မိဘနဲ့  ဆွေမျိုးတွေကတိုက်သွန်းတာနဲ့  ကျနော်ကတိပေးထားတဲ့ မိန်းကလေးနဲ့  ကျနော်လက်ထပ်လိုက် ပါတယ်။ လက်ထပ်ပြီးတော့ မကြာခင်မှာပဲ ကျနော် ကလေးလေး တစ်ယောက်ရလိုက်တယ်။ ယောင်္ကျားလေးပါ။
၀၀ လေးနဲ့ ချစ်စရာလေးပါဗျာ။ ဒါပေမယ့် ကျနော်မပျော်ဘူးဗျာ။ ဒီကလေးက ကျနော်နဲ့  ရတဲ့ကလေးလို့  ကျနော်မထင်ဘူး။ ကျနော့် မိန်းမကတော့ ဒီကလေးက ကျနော့်ကလေးပေါ့လေ။ သူ့ ခမျာ လဲ အားမရှိပါဘူး။ ခဏ ခဏဖျားနေတယ်။
ဘာဖြစ်လို့ ကျနော့်ကလေးမှန်း မဟုတ်မုန်းကျနော်ထင်လဲမသိပါဘူး။ ဒါပေမယ့် ကလေးကလဲ ကျနော့်ကို အရမ်းခင်သွယ်တယ်ဗျာ။ ကျနော့်ကို အဖေ အဖေ နဲ့  တစ်ချိုန်လုံးကပ်နေပါတယ်။
မှန်မှန်ပြောရင် ကျနော်က အချစ်စစ်ကို တစ်မြို့ သူနဲ့ ပေးထားသာဗျ။ ခုတော့.....ဘာလုပ်ရမှန်းမသိတော့ပါဘူးဗျာ။ ကွာရှင်းဖို့  ဆိုတာကလဲ မဖြစ်နိုင်ဘူးလေ။ မိဘ နဲ့  အသိုင်းအ၀ိုင်းကိုလဲ ကြည့်ရသေးတယ်ဗျ။
အဲဒါအပြင် မိန်းကလေးရဲ့  ခံစားချက်ကိုလဲ ငဲ့ညာရအုန်းမှာလေ။ ယောင်္ကျားကောင်းပဲ ပြောပြော ငညံ့လို့ ဆိုဆို ကျနော့်မှာ ပြေးပေါက်တော့ မရှိဘူးပဲ။ ကျနော့် ရည်းစားလဲ ကျနော်အိမ်ထောင်ပြုကတည်းက အဆက်အသွယ်ဖျက်သွားတယ်ဗျာ။
‘တစ်ရွာမပြောင်း သူကောင်းမဖြစ်‘ ဆိုတဲ့ စကားပုံလေးများမှားနေလားမသိဘူးပဲ။ ခုတော့ ပျော်ရွင်မှုအတွက် တစ်ရွာပြောင်းတဲ့ ကျနော့်ဘ၀ဟာ မပျော်ရွင်မှု ဘ၀လေးထဲမှာ အမြဲတမ်း နေရမှာလားဗျာ..............?
ကျနော်အိမ်ထောင်ပြုတဲ့ သူ့ ကို ကျနော်မချစ်တာ မဟုတ်ပါဘူး။ သူ့ ထက်ပိုပြီးချစ်ရတဲ့သူကို တွေ့ လိုက်လို့ ပါဗျာ။ သူ့ ကို ချစ်တော့ ချစ်တယ်။ ဒါပေမယ့် ကျနော် မပျော်ဘူးလေဗျာ။
ဒီအတိုင်းဆက်နေမယ်ဆိုရင် ကျနော့်ဘ၀ တစ်လျှောက်လုံး ကြိုးစားခဲ့တာတွေက အသုံးမ၀င်တော့ သလို ကျနော်ခံစားရတယ်လေ။
ဒါကြောင့် ကျနော့်အတွက်တော့..........
အချစ်နောက်လိုက်ရမှာလား..? ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့  မိဘ စကားကိုလိုက်နားထောင်ရမှာလား......? ခက်တယ်ဗျာ... စဉ်းစားမိတိုင်း....
ရှမ်းကလေး
Friday, August 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment