Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, August 7, 2009

မပေါင်းပါရစေနဲ့ ...........................

‘နင်နဲ့  အတူတူနေရပါစေလို့  ငါဆုတောင်းတယ်ဟာ‘ ဟုပြောလိုက်တော့ ‘ငါလဲ နင်နဲ့  အတူတူ နေပါရစေလို့  ဆုတောင်းထား တယ်ဟ‘ဟု ကြယ်ကြွေသည်ကို ကြည့်ရင်း ကျနော်တို့  နှစ်ယောက်ဆုတောင်းမိပါလေသည်။

္ဒ္ဒ‘ဘာ....နင်မြို့ ပေါ်တက်ပြီး အလုပ်လုပ်မယ်ဟုတ်လား..?‘ ဟု သူမကျနော့်ကို အံ့သြစွာမေးသောအခါ ကျနော်က ‘ဟုတ်တယ်လေ.. အဲဒါမှ နင့်အဖေ သူကြီးက ငါနဲ့ သဘောတူမှာပေါ့ဟ။ ငါ ပိုက်ဆံများများစုပြီး ပြန်လာမယ်လေ‘။

‘နင်မြို့ ရောက်ပြီး သွားကဲမနေနဲ့ နော်..။ ငါ...ငါ...နင် မပြန်လာမချင်း စောင့်နေမှာဟ။ ဒါပဲနော်..နင် ကောင်မလေးတွေနဲ့  ရင်းရင်းနီးနီးနေကြည့် ငါမြို့ ပေါ်ထိတက်လာပြီး နင့်ကို အစိတ်စိတ်အမွာမွာ လုပ်လိုက်မယ်။‘

‘အင်းပါဟ..နင်လဲ ငါ့အကြောင်းသိပါတယ်။ ငါ နင့်ကိုတစ်ယောက်ထဲ ချစ်တာပါကွာ။ ဘယ်သူတွေ ဘာပဲပြောပြော ငါနင့်ဆီ အရောက် ပြန်လာခဲ့မယ်ကွာ။

ရှစ်နှစ်လွန်သွားသောအခါ....

ငွေထုတ်ပိုက်ပြီး ပြန်လာသော ကျနော်သည် ရွာလမ်းထိပ်ရောက်သောအခါ သူငယ်ချင်းများနှင့် တွေ့ သဖြင့် ၀မ်းသာအားရဖြင့် နှုတ်ဆက်လိုက်သော်လဲ သူငယ်ချင်းများသည် ကျနော့်နှင့် စကားပင်မပြောပဲ လှည့်ထွက်သွားကြသည်။

ကျနော်မှာ အူကြောင်ကြောင်ဖြင့်သာ ရွာတွင်းသို့  ၀င်ခဲ့သည်။ ရွာလမ်းတစ်လျှောက်တွင် ရွာသူရွာသားများ အ၀တ်အစားကောင်း များဝတ်ကာ သွားလာနေသည်ကို ကျနော်တွေ့ သော အခါ.. ရွာတွင်း၌ အလှူ (၀ါ) ပွဲတစ်ခုခု ရှိနေမည်ကိုရိပ်စားမိ သော်လဲ မိဘများကို တွေ့ ချင်စိတ်ဖြင့် အိမ်သို့ တန်းပြန်ခဲ့သည်။

ကျနော့်ကို တွေ့ သောအခါ မိဘများမှာ ၀မ်းသာအားရဖြင့် ကြိုဆိုကြ၏။ ကျနော့်မိဘများလဲ ၀တ်ကောင်းများဖြင့် အလှူ (၀ါ) ပွဲ သို့ သွားရန် ပြင်ဆင်ထားသည်ကို ကျနော်တွေ့ မိသည်။

သို့ နှင့် ကျနော့် အမေက ‘သား...မင်းပင်ပန်းနေလိမ့်မယ်.. အနားယူလိုက်ပါလား? အမေတို့ တော့ ပွဲသွားအုန်းမယ်ကွယ်။‘ သို့ နှင့် ကျနော်က ‘ဘာပွဲလဲအမေရဲ့ ? ဒီရွာတော့ အရက်ကလိုပဲ စီစီကားကား ရှိတုန်းပဲနော်? ကျနော့် မင်္ဂလာပွဲ ကြရင်လဲ ဒီလိုပဲ စီစီကားကား လုပ်မယ်နော်အမေ?‘

္ဒ‘သေချာတာပေါ့သားရဲ့ ။ မင်းရဲ့ မင်္ဂလာပွဲက သူကြီးသမီးမင်္ဂလာပွဲထက် မသာရင်တောင်မှ အဲလောက် မျက်နှာမငယ်ရအောင်လုပ် မှာပေါ့ကွယ်‘ ဟု ကြားသောအခါ..

ကျနော်သည် သူကြီးအိမ်သို့  တုန်းဆိုင်းကာ ပြေးခဲ့သည်။ ကံအားလျော်စွာ သတို့ သမီး (၀ါ) ကျနော့်ရည်းစားနှင့်တွေ့ သောအခါ ‘နင်..ငါ့ကိုစောင့်မယ်ဆို?‘ ‘ငါနင့်ကို စောင့်ခဲ့ပါတယ်။ ဒါပေမယ့် နင်က ရှစ်နှစ်တောင်ပျောက်သွားတာကိုး..‘

သူကဆက်ပြီး ‘ငါ့..အဖေက သူမသေခင် ငါအိမ်ထောင်ပြုတာမြင်ချင်တယ်ဆိုလို့  အဖေ့ကျေးဇူးဆပ်တဲ့အနေနဲ့  ငါ မင်္ဂလာဆောင်လိုက်တာပါ ဟာ‘

္ဒ‘ဒါဆိုရင် နင်..နင့်ရဲ့ အဖေကို ငါတို့ အကြောင်းမပြောလိုက်ဘူးလားဟာ?‘ ‘ငါအဖေရဲ့  ရောဂါအခြေအနေကြောင့် ငါ...ငါ..မပြောလိုက်ဘူးဟာ။ ငါ့..အဖေ စိတ်ချမ်းသာဖို့ ငါလုပ်သာပါဟာ‘

္ဒ‘နင်..ဒီကောင့်ကိုချစ်လား ? ငါ့ကိုပြောပြ..‘ ဟုကျနော် အသံမြင့်ပြောသောအခါ သူမက ‘ငါသူ့ ကို မချစ်ပါဘူး....အဖေက အတင်းယူခိုင်းလို့  ငါယူတာပါဟာ‘

‘ဒါဆို နင်ငါ့နောက်လိုက်ခဲ့ပါလား? ငါ နင့်ကို ကောင်းကောင်းမွန်မွန် လုပ်ကျွေးပြုစုမယ်ဟာ။ နင်လိုက်မယ် မဟုတ်လား ဟင်?‘

‘နင်တစ်ကယ်ပြောတာလား?........ ငါအရမ်းဝမ်းသာတယ်ကွာ.....ဒါပေမယ့် ငါ့အဖေ စိတ်ထိခိုက်မှာ ငါမလိုလားဘူးကွာ.. ငါ့ကို ခေါ်တဲ့အတွက်ကျေားဇူးပဲဟာ။ ငါတစ်ကယ်ပဲ စိတ်မကောင်းပါဘူး..နင် ငါ့ကို နားလည်ပေးပါနော်..‘

္ဒ‘နင်ငါ့ကို မချစ်တော့ဘူး..မဟုတ်လား?‘ ဟု ကျနော်ပြောသောအခါ သူမက ‘ဟေ့ ဟိုမှာ ကြယ်ကြွေနေတယ် ငါတို့  ဆုတောင်းရအောင်‘

တို့ နှင့်သူမက ‘ငါချစ်တဲ့ သူနဲ့ အမြဲတမ်းပေါင်းရပါစေလို့  ငါဆုတောင်းတယ်ဟ၊ နင်ကောဘာ ဆုတောင်းလဲ?‘ ‘ငါ ဘာမှ မဆုတောင်းပါဘူး..ဆုတောင်းစရာလဲမလိုပါဘူးဟာ‘

ကျနော်သည် သူမကို ကျောခိုင်းကာ ငါဆုတောင်းတာကတော့ ‘ကျနော့်ကို မချစ်သောသူနဲ့  ဘယ်တော့မှ မပေါင်းပါရစေနဲ့ ‘ ဟု ရေရွက်ရင်း...........



လေပြေ

No comments: