Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, January 13, 2010

ကံကြမ္မာရဲ့  ရေစီးကြောင်းမှာ...

ကံကြမ္မာရဲ့  ရေစီးကြောင်းမှာ

မျောပါလိုက်ရင်း မြုပ်ချီပေါ်ချီ

ကမ်းမပြင်ပဲ တ၀ဲလည်လည်

ခိုနားစရာ မတွေ့ ရပဲ

မျောပါလိုက်ရင်း ဘယ်နေ့ ချိန်ခါ

ကမ်းတစ်ခုမှာ နားနိုင်မလဲ?

ကံကြမ္မာရဲ့  ရေစီးကြောင်းက

စမ်းသပ်နေလား?

ပျော်လိုက်ငိုလိုက် ကြုံတွေ့ ရင်းက

ရေစီးကြောင်းမှာ ဆက်ပါသွားတယ်။

တစ်နေ့ နေ့ တော့ နားခိုစရာ

ကျွန်းကလေးများ တွေ့ မယ်လို့ ပဲ

ယုံကြည်နေရင်း ဆက်မျောသွားမယ်

ကံကြမ္မာနဲ့  အတူတူပေါ့။။


လေပြေ

No comments: