Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, May 1, 2010

ရည်းစားဦး

စဆုံချိန်က မင်းအလှက

ငါ့ကိုဖမ်းစား

နေ့ စဉ်ရက်ဆက် တမ်းတမိတယ်။

ငါ့ရင်ခုန်သံ မင်းကိုဆက်သ

အမှုမဲ့စွာ လစ်လူရှုသာ

မင်းကလေးပါ ငါ့ရည်းစားဦး။

ဖွင့်ပြဖို့ ခဲ တွေ့ ဆုံချိန်မှာ

မင်းမျက်လုံးဆုံ ငါကရင်ခုန်

မှုံသုန်သုန်လေး လုပ်တတ်ခဲ့တာ

ရှက်တတ်လို့ ပါ။

ရေစက်ကုန်လို့  ခဏဝေးပြီး

ပြန်တွေ့ ချိန်မှာ မင်းကပြုံးလို့ 

နှုတ်လေးဆက်ကာ သူ့ ကိုဖက်ရင်း

လက်လေးပြကာ ချန်သွားခဲ့တော့

ချစ်မပန်ပဲ အသဲကွဲကာ

မင်းကလေးကို ကိုယ်တစ်ဖက်သတ်

မုန်းခဲ့မိတယ်။


လေပြေ

No comments: