Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, April 27, 2010

ခရီးသွားမှတ်တမ်း = ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးဂိတ် (phuket)

ဒီခရီးစဉ်ကတော့ ထိုင်းနိုင်ငံတောင်ပိုင်းသွားခဲ့တာဖြစ်ပါတယ်။ သွားတာက အရင်နှစ်တုန်းကပါ။ တင်မယ်တင်မယ်နဲ့  မတင်ဖြစ်လို့  ခုတော့ တင်ပေးလိုက်ပါတယ်။ ဖူးဂိတ်ဟာ ထိုင်းနိုင်ငံရဲ့  လည်စရာနေရာ အဖြစ်ကျော်ကြားတဲ့ မြို့ နယ်ဖြစ်ပါတယ်။

ဒိုင်တန်းနစ် မင်းသား လော်နယ်ဒိုတောင် ဒီနေရာမှာ The Beach ဆိုတဲ့ စက်ကားလာရိုက်သလို James Bond Island ဆိုပြီးတော့ တောင်ရှိပါတယ်ဗျာ။

တောင်ပိုင်းကိုတော့ လေယာဉ်နဲ့ သွားတယ်လေ။ လေယာဉ်ခ ဘယ်လောက်လဲဆိုတာတော့ မေ့သွားပြီဗျာ။ မှတ်မိတာကတော့ အဲဒီတုန်းက မိုးတွင်းဖြစ်နေတယ်လေ။

ပြောတာပြောတာ... နွေရာသီမှာ ရေပူစမ်း၊ မိုးရာသီမှာ ပင်လယ်၊ ဆောင်းရာသီမှာ စကိတ်စီး ဆိုသလို ကျနော်တို့ လဲ မိုးရာသီမှာ ပင်လယ်သွားလည်တယ်လေ။ မိုးရွာလို့ လားတော့ မသိပါဘူး..ရေတော့ သိပ်မကြည်ဘူးဗျ။

အောက်ကပုံကတော့ ဖူးဂိတ်ရောက်ခါနီး ရှုခင်းပါ။ လေယာဉ်ပေါ်ကနေရိုက်ထားတာလေ... မိုးကနဲနဲ ရွာနေတော့ မြင်ကွင်းက သိပ်မရှင်းဘူးဗျ။



ကျနော်တို့ သွားလည်တဲ့ ကမ်းခြေက ပါတောင်း လို့ ခေါ်တယ်။ လူတော်တော်လေးစည်တဲ့ နေရာပေါ့ဗျာ။ လေယာဉ်ကွင်းနဲ့  မြို့ နဲ့ က နဲနဲ ဝေးတယ်။ ကမ်းခြေနဲ့ ဆိုရင်တော့ တော်တော်လေးကို ဝေးပါတယ်။

ဖူးဂိတ် လေယာဉ်ကွင်းပြီးရင် ဖူးဂိတ်မြို့ ကို ရောက်တယ်။ မြို့ ကိုကျော်ပြီးရင်တော့ ကမ်းခြေကိုရောက်တယ်ဗျာ။ လေယာဉ်ကွင်း မှာတော့ ကားတွေတော်တော်များများရှိပါတယ်။ ကမ်းခြေကိုသွားရင်တော့ အနည်းဆုံး 600 ပေးရတယ်။ 700 ကျော်ရင်တော့ အပြုတ်ခံရ ပြီလို့ တာ မှတ်ပေတော့ဗျာ။

ကျနော်တို့ ကို ကမ်းခြေသွားဖို့  1500 တောင်းတယ်ဗျ။ ဒါပေမယ့် မလိုက်ဘူး။ မလိုက်တော့ 800 နဲ့ လိုက်မလားဆိုပြီးလာခေါ်တယ်။ အဲဒါနဲ့  ကျနော်တို့ လဲ လေယာဉ်ကွင်းအပြင်မှာ ကားစောင့်တော့ ကားတစီးမှ မရှိဘူး။

အဲဒါနဲ့ ပဲ လေယာဉ်ကွင်းမှာ ပြန်လာပြီးတော့ ကမ်းခြေကို 650 နဲ့ ဈေးစစ်ပြီးပါသွားတယ်။ ကမ်းခြေကို လေယာဉ်ကွင်းကနေ 45 မိနစ် ကျော်ကျော်သွားရပါတယ်။

အောက်ကပုံကတော့ လေယာဉ်ပေါ်က ရိုက်ထားတဲ့ ရှုခင်းပါပဲ။




အဲလိုနဲ့  တည်းရမယ့်နေရာကို ရောက်သွားတယ်လေ။ အခန်းကတော့ အောက်က ပုံအတိုင်းပါပဲ.. တစ်နေ့ ကို 1250 ပေးရပါတယ်။ မနက်စာ အပါအ၀င်ပေါ့ဗျာ။



ဒါကတော့ သွားစားတဲ့ Sea Foods ဆိုင်ပေါ့ဗျာ။ ပုံအတိုင်းစားရင်တော့ 2000-3000 ကျော်ပေးရပါတယ်။ မလန့် ပါနဲ့  စားလို့ တော့ တော်တော်လေးကို ကောင်းပါတယ်။ ပြီးတော့ နေရာက နိုင်ငံခြားသားတွေ လာလည်တဲ့နေရာလေ.. ဒါကြောင့် ဒီလောက်ဈေးကြီး တာပေါ့ဗျာ။ ကျနော်တို့ လဲ နိုင်ငံခြားသားပဲဟာ....

(အဲ ထိုင်းလိုတူတဲ့ လူတွေသတိထားရမယ်နော်။ Night Club တွေကိုသွားရင် Shoe တွေစီးရတယ်။ ဒါပေမယ့် ကိုယ်က ထိုင်းနဲ့ မတူရင် စွတ်ကြယ်ဝတ်သွားရင်တောင် ဘာမှမဖြစ်ဘူးဗျာ။ )





အဲဒီလှေတွေကိုတော့ စီးလို့ ရတယ်နော်။ နာရီဝက်ကို 1500 ပေးရပါတယ်။ ရောက်ဖြစ်ခဲ့ရင်တော့ မြန်မာလို ပြောလို့ ရပါတယ်။ အဲဒီမှာ အလုပ်လုပ်နေတဲ့သူအများအားဖြင့်တော့ မြန်မာပြည်က လူတွေသာဖြစ်ပါတယ်ဗျာ။



ဒီလိုမျိုး လေထီးစီးရင်တော့ တစ်ပတ်ကို 1000 ပေးရပါတယ်။ 10 မိနစ်လောက်ပေါ့ဗျာ။




အပေါ်ကပြောခဲ့တာတွေက နေ့ လယ်နဲ့  ညနေခင်းပိုင်း လုပ်လို့ ရတဲ့ဟာတွေလေ။ ညပိုင်းရောက်ရင်တော့ ဘန်ဂလို လမ်းဆိုပြီးရှိတယ်ဗျ။ အားလုံးလိုလို အဲဒီကိုပဲလာကြတယ်။

ဘာဖြစ်လို့ လဲဆိုတော့ ဒီနေရာက လူတွေလာလည်တဲ့နေရာလေ။ ယာဉ်ဖြတ်တန်းခွင့် မရှိတဲ့ နေရာပေါ့ဗျာ။ အောက်က ပုံကတော့ promotion လုပ်နေကြတာလေ။




ကဲ ဒီလိုမျိုး လျှောက်လည်တဲ့သူများတွေလဲ ရှိပါတယ်ဗျာ။




ပြီးတော့ ဒီလိုအကောင်တွေကို ချီပြီး ဓါတ်ပုံရိုက်ပေးတဲ့သူများလဲ ရှိပါတယ်။ (သတိပေးချင်တာက ကိုယ်မကြိုက်ရင် မကြိုက်ဘူးလို့  ရှင်းရှင်းလင်းလင်းပြောစေချင်တယ်။ ကိုယ်က အကောင်ကိုရိုက်ထုတ်လိုက်သလိုမျိုးလုပ်ရင် ပိုင်ရှင်က မကျေမနပ်ဖြစ်ပြီး ရန်ရှာတာတွေရှိတယ်။

ရန်ရှာတာကလဲ.. အဖွဲ့ နဲ့ လေ။ ပြီးတော့ အားလုံးလိုလိုမှာ ဓါးတိုလေးတွေရှိတယ်။ ချပြီဆိုရင် ၀ိုင်းပြီးချကြတာ။ ပြီးရင် ဓါးနဲ့  ထိုးတယ်။ ရဲတွေကလဲ သိတယ်။ ဒါပေမယ့် ဘာမှမလုပ်ဘူး။ အချင်းချင်းပြောပြီး ပြီးသွားတာပဲ။

အဲဒီနေရာက အမဲရောင်နယ်မြေလို့ ပြောလို့ ရတယ်။ သတ်ပြီးရင် ပြီးသွားတာပဲ ဘယ်သူမှ မလိုက်ဘူး။ နေ့ စဉ်နေ့ စဉ် လူအ၀င်အထွက်က ထောင်နဲ့ ရှိတော့ ရဲလဲ သိပ်အလုပ်မလုပ်ဘူး။ မကြောက်ပါနဲ့  သတိပေးရုံလေးပါ)




ဒါကတော့ ဘီယာဆိုင်ပေါ့လေ။ ပုံအတိုင်းပေါ့ဗျာ။ တစ်လုံးကို 100 ပေးရတယ်ဗျ။ (ဈေးကြီးဆို နိုင်ငံခြားသား လည်တဲ့နေရာလေဗျာ။ ) အဲတစ်ချို့  Night Club မှာတော့ တစ်လုံးကို 200 ပေးရတယ်။ ကောင်မလေးတွေ ကိုယ့်အနားလာရင်တော့ သူတို့ သောက်ဖို့ အတွက် တစ်ခါကို 200-300 ပေးရတယ်နော် ဆရာတို့ ။



ဘန်ဂလို လမ်းတစ်လျှောက်ဟာ ဒီလို ဘီယာဆိုင်တွေမိုလို ရှိပါတယ်။ ခက်တာက အမြည်းမရှိဘူးဗျ။ စားပြီးမှ သောက်တတ်တဲ့ လူတွေအတွက်တော့ တော်တော်လေးကို ဟန်ကျတယ်ဗျာ။



ပြီးတော့ ဒီလို ကောင်မလေးတွေတော်တော်လေးကို များပါတယ်။ အနိပ်ခန်းတို့  တွေက တကယ်တော့ ခန္ဓာရောင်းတဲ့ နေရာဖြစ်နေတယ်။




ဒီလိုလဲ ရှိတယ်လေ။




ဒီလိုမျိုး ဘားတိုင်မှာ ကတာလဲရှိတယ်နော်။ အားလုံးလိုလို သဘောတူတာကတော့ ဒါက Sin CIty ပေါ့ဗျာ။



အောက်ကပုံကတော့ ဘာဆိုလိုမှန်း မသိပါဘူး။ ကျနော်ကတော့ Organic ထိပဲနားလည်တယ်။ အောက်ဆုံးကဟာတော့ နားမလည် ဘူးဗျာ။



ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ။ ငြင်းလို့ မရတာကတော့ အောက်ကလိုမျိုး ရှုခင်းလှလှလေးတွေရှိတယ်လေ။




ဒီအောက်ပုံကတော့ ကျနော့်ရဲ့  ရိုက်ချက်လေးပေါ့။ လှတယ်ဟုတ်?။




ရှမ်းကလေး...(အားလုံးပျော်ရွှင်ပါစေဗျာ။ ရောက်ခဲ့ရင်ပေါ့လေ။)

No comments: