Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, November 14, 2011

ခရီးသွားမှတ်တမ်း။ ။ ဗီယက်နမ် (၁)

ခြေထောက်မှာ မှဲ့ ရှိရင်..အရမ်းသွားရတယ်ဆိုလို့ ထင်ပါရဲ့ ...ခုတော့ ဗီယက်နမ်ကို ပထမဆုံးအကြိမ်ရောက်လာပါ
တယ်။ ခက်ပါဘိ..နေရာအတည်တကျမရှိနိုင်တဲ့ဘ၀.. ကဲ..ရောက်တုန်းရောက်ခိုက် သူငယ်ချင်းများကိုပြန်လည်ပြီး
ဝေမျှလိုက်ပါတယ်ခင်ဗျာ။

ဘာလိုလိုနဲ့  ဟနွဲ (ဗီယက်နမ်မြို့ တော်)လေဆိပ်ကိုရောက်လာပါတယ်။ ရောက်ရောက်ခြင်းထူးခြားတာတွေကိုတွေ့ 
လိုက်ပါတယ်။ လ.၀.က က လူငယ်တွေပဲ။ ကျနော်တော်တော်လေးကို အံ့သြမိပါတယ်။ အံ့သြဆို..ရောက်ဖူးတဲ့နိုင်ငံ
တွေလိုလိုတိုင်းမှာက သက်ကြီးပိုင်းတွေပဲတာဝန်ယူပြီးလုပ်ဆောင်ကြတာကိုး။ သြော်..လူငယ်တွေကို နေရာပေးတယ်
ထင်ပါရဲ့ လို့  စိတ်ထဲမှာတွေးမိပါသေးတယ်။

အဲလိုနဲ့ ...ကကစီးပြီးတည်းခိုမယ့်နေရာကို ရောက်လာပါတယ်။ လေဆိပ်က မြို့ ပြင်မှာရှိနေတဲ့အတွက် မြို့ တွင်းကို
၁ နာရီလောက်သွားရပါတယ်။ ကားခကတော့ ၂၀၀.၀၀၀ (၁၀$)ပါ။ တည်းခိုခန်းရောက်တော့ အခန်းဌားလိုက်ပါတယ်
အခန်းခကတော့ ၃၀၀.၀၀၀ (၁၅$)ပါ။ ခရီးသွားချိန်မဟုတ်သေးလို့ လျော့ဈေးနဲ့ ပေးတာတဲ့.. ၃၀၀.၀၀၀ က အနိမ့်
ဆုံးဈေးပါခင်ဗျ။



မနက်ရောက်တော့...ထုံးစံအတိုင်းခေါက်ဆွဲသွားစားဖြစ်ပါတယ်။ ခေါက်ဆွဲက ဖြူဖပ်ဖပ်ဖြစ်နေပေမယ့်..တော်တော်
လေးကို စားလို့ ကောင်းပါတယ်။



ဒါကတော့ မြို့ တွင်းသွားလာရေးပါပဲ။ ဆိုင်ကယ်မြို့ တော်လို့ တောင်ခေါ်လို့ ရပါတယ်။ ဆိုင်ကယ်ဟွန်းသံတွေမပြတ်
ကြားရလွန်းလို့  နားငြီးခြင်းဝေဒနာတောင်ရလောက်ပါပေတယ်။ ပြီးတော့မောင်းပုံကလဲ..သွားချင်တဲ့ဘက်ကိုသွား
တာပဲ။ ကွေ့ ချင်ရင်လဲ ကွေ့ ချလိုက်တာပဲ။ နောက်ကလူက ကြည့်ရှောင်ရပါတယ်။ နောက်ကနေလိုက်စီးတာ..
ရင်တမမနဲ့  ဘယ်ချိန်မှာတိုက်မလဲဆိုပြီး..ရင်တခုန်ခုန်ဖြစ်ရပါတယ်ဗျာ။ နှလုံးရောဂါရှိသူများအတွက်တော့ ကားပဲ
စီးပါလို့  တိုက်သွန်းလိုပါတယ်။



ဒါကတော့ လမ်းဘေးဆံပင်ညှပ်ဆိုင်ဖြစ်ပါတယ်။ နေရာတော်တော်များများမှာတွေ့ ရပါတယ်ခင်ဗျ။



ဒါကတော့ လမ်းကြိုကြားပါ။ သူတို့ ရဲ့ မြို့ ဟောင်းလို့ ခေါ်တဲ့နေရာ (နိုင်ငံခြားသားများ အများအားဖြင့်နေသောနေရာ)
မှာတော့ လမ်းတစ်ခုနဲ့ တစ်ခု ဆက်သွယ်နေတာ ပင့်ကူအိမ်နဲ့ တောင်သူပါတယ်ဗျာ။ လုံးဝကို မမှတ်မိဘူး။ ခေါင်းသာ
နောက်သွားတယ်..ဘယ်ရောက်လို့ ရောက်နေမှန်းကိုမသိတာ။

ယေဘုယျ သတင်းအချက်အလက်။ ။

အသုံးပြုငွေ။ ။ တွန် (Don) လို့ ခေါ်ပြီးတော့ ၂၀.၀၀၀ က ၁$ နဲ့ ညီပါတယ်။

အသုံးစရိတ်။ ။ တစ်နပ်ကို အနည်းဆုံး... ၂၅.၀၀၀ ကျပါတယ်။ (ရေမပါ) ဆိုင်ကြီးရင်ကြီးသလိုပေါ့ဗျာ။

အသွားအလာ။ ။ အများအားဖြင့်တော့ ဆိုင်ကယ်နဲ့ ပဲသွားပါတယ်။ ဘတ်ကားတွေလဲရှိပါတယ်။

အစားအစာ။ ။ ကျနော့်အတွက်တော့ သိပ်မဆန်းပါဘူး။ တော်တော်လေးဆင်တူပါတယ် အထူးသဖြင့် သျှမ်းအစား
အစာနဲ့ ပေါ့.. ဆီသိပ်မသုံးပဲ..ဖြူဖပ်ဖပ်နဲ့ လေ။

အနေအထိုင်း။ ။ Free style..Free style..မြန်မာနိုင်ငံက ယဉ်ကျေးခြင်းမျက်လုံးနဲ့ မကြည့်လေနဲ့ ။ ပွင့်လင်းတယ်
ခေတ်ဆန်တယ်၊ ဖက်တာနမ်းတာ ပုံမှန်ပဲ (ရင်းနှီးတဲ့သူတွေအတွက်နော်)။ ဒူးထောင်ပြီးလဲ ထမင်းစားတယ်၊
သွားကြားထိုးတံညှပ်ပြီး စကားလဲပြောတာ်။ ဆေးလိပ်၊ အရက် ဈေးမကြီးပါ။ ရာသီဥတုကတော့ ဆောင်းမို့ လို့ 
ထင်ပါတယ် အေးအေးလေးနဲ့ နေလို့ ကောင်းတယ်။ (သျှမ်းပြည်အေးသလောက်ပါပဲ)

အလုပ်အကိုင်။ ။ ရှားတယ်လို့ ပြောရမှာပဲ။ ဒါပေမယ့် သူတို့ တွေတော်တော်လေးကို အလုပ်ကြိုးစားကြပါတယ်။
ကျနော့်ရဲ့  ကြိုးစားတယ် ပင်ပန်းတယ်ဆိုတာလောက်ကတော့ သူတို့ က ပုံမှန်ပဲ။ အလုပ်လုပ်တာကိုတော့
တော်တော်လေးကို ချီးကျူးမိပါတယ်။

စကား။ ။ အင်္ဂလိပ်စကားမရပါ။ (ဒါကြောင့် ကျနော့်မှာ ခေါက်ဆွဲပဲလှိမ့်ဆွဲနေတာပေါ့ဗျာ..ဟင်းမှ မမှာတတ်ပဲကိုး)


ရှမ်းကလေး

No comments: