Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, November 22, 2011

သဘာဝ ပိုးနှင်ဆေးလုပ်နည်း

ရှမ်းကလေးတို့ များ.. သဘာဝပိုးနှင်ဆေးတွေ၊ မြေသြဇာတွေရေးနေပုံထောက်တော့ ရေဆင်းကကျောင်းပြီးလာတာလား
လို့ ....မထင်လိုက်ပါနဲ့ ။ ခုက အလုပ်သင်လာလုပ်တာ..ဖြစ်ချင်တော့ စိုက်ပျိုးရေးပိုင်းကို အခွင့်ကြုံလို့ သင်ခွင့်ရတာနဲ့  ရ
ရှိလာတဲ့ အသိပညာတွေကို သူငယ်ချင်းများအတွက် အသုံးဝင်နိုင်မယ်ထင်လို့ ဝေမျှပေးလိုက်ပါတယ်ဗျာ။ (အဲခက်တာ
က မြန်မာနိုင်ငံမှာ ကျနော့် ဘလော့လ်လေးကို ဖွင့်ဖတ်လို့ မရတာပဲ။ အနာတခြား၊ ဆေးတခြားဖြစ်မှာကိုတော့ စိုးရိမ်ပါတယ်
ဒါပေမယ့်လဲ..အနည်းနဲ့ အများတော့ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်ဗျာ။

သဘာဝပိုးနှင်ဆေးဆိုတဲ့အတိုင်း ပိုးတွေကိုသတ်ဖို့ တော့ မဟုတ်ပါဘူး။ စိုက်ပျိုးရေးမှာ ကျနော်တို့ အနေနဲ့  ယုံကြည်
တာကတော့ အကောင်တိုင်းဟာ..သူ့ နေရာနဲ့ သူ အကျိုးပေးတယ်။ ဒါကြောင့် ပိုးတွေသတ်ခြင်းကိုမပြုပဲ နှင်ယုံကလေး
နှင်တာပါ။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ထုံးစံအတိုင်း အလွယ်တကူရယူနိုင်တဲ့ ပစ္စည်းများဖြစ်ပါတယ်။

အောက်ကပုံကို ကြည့်ခြင်းအားဖြင့် ဘယ်အရာတွေလိုအပ်တယ်ဆိုတာ မိတ်ဆွေတို့  သိကြမှာပါ။



လိုအပ်သောပစ္စည်းများ

၁) ဂျင်း ၁ ကီလို
၂) ကြက်သွန်ဖြူ ၁ ကီလို
၃) သကြား ၀.၆ ကီလို (အညှိရောင်သကြားဖြစ်ရင်ပိုကောင်း)
၎) စပါးအရက် ၂ လီတာ (ပြင်းလေကောင်းလေ)
၅) ငရုတ်စုံ

လုပ်နည်း။ ။ ............

ပထမဆုံးအနေနဲ့  ဂျင်းကို ထောင်းပြီးထည့်စရာ ဗူးတစ်ခုခုမှာထည့်ထားပါ။ ပြီးလျင်၊ သကြား ၀.၃ ကီလို ထည့်ပါ။ ၄င်း
နောက် အ၀တ်စ (၀ါ) ခြင်ထောင်စ ဖြင့်ဖုံးထားပါ။ ၂၄ နာရီ (၁ ရက်) ထားပြီးပါက အရက် ၁/၄ ပုံကိုထည့်ပါ။ ရ ရက်
တစ်ပတ်ကျော်သွားပါက လက်ကျန်အရက်များကိုထည့်ပါ။

ဒုတိယအဆင့်အနေနဲ့  ကြက်သွန်ဖြူကို ထောင်းပြီးထည့်စရာ ဗူးတစ်ခုခုမှာထည့်ထားပါ။ ပြီးလျင်၊ သကြား ၀.၃ ကီလို
ထည့်ပါ။ ၄င်းနောက် အ၀တ်စ (၀ါ) ခြင်ထောင်စ ဖြင့်ဖုံးထားပါ။ ၂၄ နာရီ (၁ ရက်) ထားပြီးပါက အရက် ၁/၄ ပုံကိုထည့်ပါ။
ရ ရက်၊ တစ်ပတ်ကျော်သွားပါက လက်ကျန်အရက်များကိုထည့်ပါ။



ရက်ပေါင်း၂၀ ကြာလျှင် အသုံးပြုသော ပစ္စည်းများကြေမွသွားမည်ဖြစ်ပြီး အပေါ်မှပုံအတိုင်း အရည်သာကျန်နေမည်ဖြစ်
သည်။ ထိုအဆင့်တွင် သဘာဝ ပိုးနှင်ဆေးသည် အသုံးပြုရန် အသင့်ပင်ဖြစ်သည်။

အသုံးပြုနည်း

ကြက်သွန်ဖြူ ၂၀ စီစီ (cc) ကို ဂျင်းရည် ၂၀ စီစီနှင့်ရောပါ။ ၄င်းနောက် ရေ ၁၀ လီတာနှင့်ရောကာ အပင်များကို ပတ်ဖြန်း
နိုင်ပါသည်။

ဒီဆေးရည်က အလွန်ပြင်းတဲ့အတွက် များများထည့်ရင် အပင်တွေကို သေစေနိုင်ပါတယ်။ (မှတ်ချက်။ ။ ဖြန်းချိန်တွင်
အမျိုးသားကို မလုပ်စေရ။ အကြောင်းမှာ စိုက်ခင်းမရောက်ခင် လမ်းခုလတ်တွင် ၄င်းတို့ သောက်လိုက်မည်ကို စိုးရိမ်
ရ၍ဖြစ်သည်။ )

အားသာချက်။ ။

- အကုန်အကျသက်သာပြီးတော့ လွယ်လွယ်ကူကူရနိုင်သော ပစ္စည်းများဖြင့်ပြုလုပ်နိုင်ခြင်း
- ဖြန်းသူအတွက် ကျန်းမာရေးမစိုးရိမ်ရခြင်း
- စားသုံးသူများအတွက်လဲ ဓါတုပစ္စည်းများအရွက်ပေါ်တွင် ထင်ကျန်မည့်ဘေးကို စိုးရိမ်စရာမလိုခြင်း


ရှမ်းကလေး

No comments: