Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, November 24, 2011

စွံ့ အ၊ တိတ်ဆိတ်နေသော ငိုသံများ

ငွေ..ငွေ..ငွေ..ငွေဆိုတာဂုဏ်ကိုခေါ်တာ..ငွေရှိမှဂုဏ်ရှိမယ်...ဆိုတဲ့သီချင်းကိုတစ်ခါတစ်လေအပျော်သဘောနဲ့  ဆိုဖြစ်ပါ
တယ်။ ငွေရှာနေတဲ့ဘ၀မှာ..သီလိုမျိုးသီချင်းတွေကို ငွေကိုပိုပြီးရှာအောင်..မခံချင်အောင်..ပိုပြီးကြိုးစားလာအောင် တစ်ခါ
တစ်လေမှာ တွန်းအားအဖြစ်နဲ့ လဲ နားထောင်ဖြစ်ပါတယ်။ ငွေကိုရှာနေတာလဲ ကြာရောပေါ့။ ရပြီးရင် သုံး.. သုံးပြီးတော့ရ
အောင်ပြန်ရှာနဲ့  လည်နေတာ ဘယ်နှစ်နှစ်တောင် ရှိသွားသလဲမသိတော့ပါဘူး။

ငွေရှိပြီးရင်တော့ အိမ်ကိုပြန်မယ်ဆိုပြီး အားခဲထားတာကလဲ.. ငွေကမရှိနိုင်တော့ အခါခါလဲပြိုခဲ့တာပဲ။ ငွေရှိပြီးတော့ အိမ်
ကိုပြန်သွားတဲ့အခါ..”ကိုယ်က အိမ်နဲ့ ဝေးပြီး နွေးထွေးမှုတွေမဲ့တဲ့ နေရာမှာ နေတာကြာတော့ တစ်ခါတစ်လေမှာ နွေးထွေး
မှုတွေကိုတောင်မခံစားနိုင်ဘူး။ ပတ်ဝန်းကျင်က လူတွေနဲ့ လဲစိမ်းနေတော့ အိမ်မှာ ကြာကြာနေမယ်ဆိုတဲ့ စိတ်ကူးတွေလဲ
၁၀ ရက် လောက်မှာတင်.. ငြီးငွေ့ ခြင်းဆိုတဲ့ စိတ်ခံစားမှုကတိုက်စားလိုက်တော့ အလိုလို လဲပြိုခဲ့တာလဲ မနည်းပါဘူး။

နောက်ဆုံးတော့ မေးမိပါတယ်...ငါဘာလုပ်နေတာလဲ? ငါ..ဒီငွေကို ဘယ်သူ့ အတွက်ရှာတာလဲ? ငါဒီမှာ ဘာလုပ်နေတာလဲ?
ငါ့ရည်ရွယ်ချက်၊ ဘ၀အဓိပ်ပါယ်ကဘာလဲ? ငါရရှိတာနဲ့  ပေးဆပ်ခဲ့တဲ့အရာတွေက ညီမျှရဲ့ လား? လား..ပေါင်းမြောက်မြား
စွာအောက်မှာ တစ်ဖြည်းဖြည်းသိမ်မြုပ်ရင်းနဲ့  အထီးကျန်ခြင်းဆိုတဲ့ နယ်လေးက တစ်ဖြည်းဖြည်းကျယ်ပြန့် လာတော့
နောက်ဆုံးမှာ..

အရာရာက မှုန်ဝါးပြီးတော့ အသက်မပါတဲ့ ရယ်မောခြင်းနဲ့  ဘ၀က ဆက်ပြီး၊ ဆက်ပြီးရင်း.. နေ၀င်ချိန်ဆိုတဲ့အခါလေးက
တစ်ဖြည်းဖြည်းနဲ့  ချဉ်းကပ်လို့ လာပါလား။

........................................

အိပ်ရာထပြီးတာနဲ့  မျက်နာသစ်သွားတိုက်ပြီး၊ ဧည့်ခန်းကိုဝင်ကာ အမှာစကားတွေကိုဖတ်ပါတယ်။ ဒါက နေ့ ဒဓူဝလုပ်နေ
ကြအလုပ်ပါပဲ။ ဟော..ကျောင်သင်ပုန်းပေါ်မှာ အမေမှာထားပါတယ်၊ ”အမေ ဈေးသွားအုန်းမယ်၊ ကြောင်အိမ်ထဲမှာ မနက်
စာ ထားထားတယ်။ စားပြီးရင် ကျောင်းနောက်မကျအောင် မြန်မြန်သွား” တဲ့။ မီးဖိုချောင်ထဲကိုဝင်ပြီးတော့ ကြောင်အိမ်ထဲ
ကအမေထားခဲ့တဲ့ မနက်စာကို မြန်မြန်ကုန်အောင်စားလိုက်ပါတယ်။ ပြီးတော့ ကျောင်းမသွားခင် ဧည့်ခန်းကိုဖြတ်လိုက်တဲ့
အခါ.. ကျနော်ညပိုင်းစားချင်တာကို ကျောက်သင်ပုန်းလေးမှာရေးထားခဲ့ပါတယ်။

ကျူရှင်တွေတက်ပြီး ၀ိုင်းတွေပြီးသွားတဲ့အခါမှာ မောပန်းစွာနဲ့  ကျနော်ဟာအိမ်ကိုပြန်ရောက်တယ်ဆိုရင်ပဲ.. မီးဖိုချောင်ထဲမှာ
ကျနော်စားချင်တဲ့ဟင်းတွေကို အားရ၀မ်းသာစွာနဲ့  စားလိုက်မိတယ်။ နောက်ကျနော်ဟာ..ကျောက်သင်ပုန်းလေးမှာ အမေ့
ကို ကျေးဇူးတင်ကြောင်းရေးပြီး၊ အဖေ့ကိုလဲ ကျူရှင်ခတွေ ပေးရတော့မယ့်အကြောင်း ကျောက်သင်ပုန်းလေးမှာ ရေးခဲ့ပါ
တယ်။

ဒီလိုပါပဲ..ကျနော့် မိသားစုက၊ အမေက မနက်ကတည်းက ချက်ပြုတ်ရတာရယ်၊အလုပ်ရယ်ကြောင့် စောစောအိပ်တယ်။
အဖေကတော့ အလုပ်ကနေ နောက်ကျမှပြန်လာတော့၊ အဲဒီချိန်မှာ ကနော်က အိပ်နေပြီလေ။ ဒါကြောင့်ဒီကျာက်သင်ပုန်း
လေးက ကျနော်တို့  ပြောချင်တာကို ပြောဖို့ ချိတ်ထားတာပါ။ အဲဒါကို ဖတ်ပြီး တစ်ယောက်ရဲ့  လိုအပ်ချက်ကိုတစ်ယောက် က ဖြည့်ပေးတာပေါ့။

ကျနော်အရမ်းပျော်တဲ့နေ့ ကတော့ စနေ၊ တနင်္ဂနွေပါ။ အဲဒီနေ့ မှာပဲ အဖေနဲ့  အမေကို ကျနော်စကားတွေ တ၀ကြီး မျက်နှာ
ချင်းဆိုင်ပြောရတယ်လေ။ ဒါပေမယ့်လဲ များသောအားဖြင့် ကျူရှင်တွေနဲ့ လုံးချာလည်နေတဲ့ ကျနော်ဟာ..အချိန်သိပ်မ
ပးနိုင်ပါဘူးအဲလိုပါပဲ အဖေနဲ့  အမေလဲ အလုပ်ရှုပ်နေတော့ ကျနော့်ကိုသိပ်ပြီးလဲ အချိန်မပေးနိုင်ဘူး။

အမှန်မှာလေ..ကျနော်လိုချင်တာက တစ်ခုပဲရှိတယ်။ အမေနဲ့  အဖေနဲ့  စကားတ၀ကြီးပြောပြီး ရယ်မောနေတာကိုကျနော်
အရမ်းသဘောကြတာပဲ။ ပိုက်ဆံဆိုတာကြီးနဲ့  အဲဒီချိန်လေးကိုလေ..ကျနော်လဲချင်တယ်ဗျာ။ ကျနော်လေ..ညတိုင်း၊ ည
တိုင်း တစ်ယောက်တည်းငိုခဲ့ပေါင်းမနဲ တော့ပါဘူး။ အဖေနဲ့  အမေကို ကျနော်တွေ့ ချင်တယ်။ အဖေနဲ့  အမေ ကျနော့်ကို
မဖက်တာကြာပြီနော်။ ကျနော့်ကို ဂရုစိုက်တဲ့ မျက်လုံးတွေနဲ့  မကြည့်ဖြစ်တာကြာပြီနော်။ ကျနော်လေ.. အဖေနဲ့  အမေက
”သား” လို့ ခေါ်တဲ့အသံမကြားရတာ အတော်ကြာနေပြီ။ ကျနော်..ဧည့်ခန်းက ကျောက်သင်ပုန်းကို မုန်းတယ်.. ပိုက်ဆံဆိုတဲ့
အကောင်ကြီးကိုလဲ မုန်းတယ်။ ကျနော့် အဖေနဲ့  အမေကို ကျနော်ပြန်လိုချင်တယ်။ ကျနော့်မျက်ရည်တွေလဲ.. ခန်းခြောက်
တော့မယ်။ ဒါပေမယ့် အဖေနဲ့  အမေစိတ်မကောင်းမှာစိုးလို့  ကျနော်လေ..တစ်ယောက်ထဲပဲ ဒီအခန်းထဲမှာ..တိတ်တိတ်လေး
ငိုနေပါ့မယ်။

.............................

ဒီနေ့ ဟာ..ကျနော်ဘွဲ့ ယူတဲ့နေ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ..ကျနော်ပျော်ပါတယ်။ ဒါပေမယ့် အဝေးကြီးမှာဆိုတော့
ကျနော့်နံဘေးမှာ..သူငယ်ချင်းပဲရှိတယ်။ အမေ..ဆွေမျိုး..တစ်ယောက်မှမရှိဘူး။ ကျနော်ဘွဲ့ ရတဲ့အတွက် အမေတို့  ဂုဏ်
ယူနေမှာပဲနော်။ ကျနော်လေ..ပျော်တယ်..ဒါပေမယ့် ဒီလိုပျော်ရွှင်မှုကိုလေ အမေတို့ နဲ့  အတူပျော်ချင်တယ်အမေ။

ကျနော်လေ..ဓါတ်ပုံတွေအများကြီးရိုက်ပြီးတော့ အမေတို့ ကို ပို့ ပေးလိုက်မယ်နော်။ ကျနော့်ဓါတ်ပုံလေးကို ကြည့်ပြီး အမေ
တို့ တော့ အရမ်းပျော်နေတော့မှာပဲနော်။

......


အမေငိုတယ်ဆို... ကျနော်ဘွဲ့ ရတဲ့ ဓါတ်ပုံလေးကို ကြည့်ပြီး...ဆွေမရှိ၊ မျိုးမရှိ သူများအလယ်မှာ တစ်ယောက်တည်း ဓါတ်
ပုံရိုက်နေရတဲ့ ငါ့သား... မျက်နှာငယ်နေတော့မယ်ဆိုပြီး..အမေငိုတယ်ဆို? မငိုပါနဲ့ အမေရယ်..ကျနော်တစ်ယောက်တည်း
ပဲ...ကျိတ်ငိုနေရင်တော်ပါပြီ။ ကျနော့်အတွက် မျက်ရည်မကျပါနဲ့  အမေရယ်......။


ရှမ်းကလေး

No comments: