Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, May 30, 2009

ငါ့အကြောင်း

ငါ့ အရက်ဝိုင်းက စကားလုံး
ပျံ့ နှံ့ နေခဲ့
ဘယ်စီရောက်လို့  ဦးတည်နေလဲ။

ငါပြောတာက အနာဂတ်
ခုချိန်မှာတော့ခက်နေပါလား။

နိုင်ငံရေးကြောင်း သောင်းပြောင်းပြောလည်း
အားမရှိတော့ ခက်ပေါ့ ငါ့ဘ၀။

ချစ်ကြောင်းပြောလဲ
ခက်နေစဲ
ဖူးစာရှာတဲ့ငါ့ဘ၀။

စီးပွားရေးတော့ မခက်ပါ
ငါရှာဖွေတာ စားတာပေါ့။

သူငယ်ချင်းတော့ ရှိတယ်လေ
စိတ်သိတာမရှိပေါ့။

ငါ့ဘ၀အကြောင်း
ပြန်ပြောင်းတော့
ငါ့မှာ ပါမှ မရှိပါလားနော်။


ရေးသူ။ ။ လေပြေ

Sunday, May 24, 2009

သံလွင် နှင့် ငါ

ငါလုပ်ကိုင်တာ တောင်ယာ၊လယ်ပါ
ငါအားချိန်တော့ သားလက်ဆွဲကာ
သံလွင်မြစ်မှာ ငါးမျှားခဲ့တာ။

သံလွင်မြစ်ကို ငါအသုံးပြု
သူပြုစုသော ငါးကိုငါစား
သူကြောင့်ရတဲ့ ၀င်ငွေလေးကြောင့်
ငါကကြီးပွား။

ခုတော့

သံလွင်မြစ်မှာ ဆည်ဆောက်တော့ရာ
မျှော်လင့်မိတယ် ထိန်ထိန်ချိန်လေး။

သူ့ ကျေးဇူးကို ငါကချန်ရစ်
သူ့ ကြောင့်တည်တဲ့ ငါ့အသက်တော့
သူမစီးတော့ သန်းပေါ့မှောင်ရိပ်။



ရေးသူ။ ။ လေပြေ

Friday, May 22, 2009

ချင်းမလေးဆီက ရည်းစားစာလေး

ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့
ဝမ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံအမှားတွေ ၊ စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ် ။

ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ (ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။

မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့ နိုင်ငံခြားတောင်သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင်(အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ ။ အားပါး..အရမ်း ဆီကားပဲ (ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး )။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။

မီးက ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့.. (မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက
ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။

တို့ရွာက သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့ အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ (အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။

နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့ (ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..

နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ (ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။
စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ လို့ပေးမတဲ့ ။(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ. ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။

မီးတို့လည်း အဲလို ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)..ဆီးပွားရေက အဆင်မပြေဘူးလေး..။

မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။ မျိုသူတွေနဲ့ တွေ့ပီး
တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်ကချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။ ကိုယ်လုံး ပျံလာပါနော်
(တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။

မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ (အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..
ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်)


ရှမ်းကလေး (e-mail မှစာအားပြန်၍ ဖော်ပြလိုက်ပါသည်။ )

ထိုင်းနှင့် မြန်မာ သိစရာ

ယနေ့ ၌ ကျနော်သည် လူဝင်မှုကြီးကြပ်ရေးရုံးသို့ သွားစရာရှိသဖြင့် လမ်းတွင်ဖတ်ရန် ထိုင်းဟာသ မဂ္ဂဇင်းတစ်ခုကို ၀ယ်လိုက်၏။ ထိုသို့ ဖတ်ရင်း တစ်နေရာတွင် သူခိုးများ၊ များလာရခြင်း၏ အကြောင်းကို ရေးသားထား၏။

သူတို့ ရေးသားထားသည်မှာ ‘ ခုတော့ သူခိုးတွေပေါများလာတယ်ဗျာ။ အဲဒါက မြန်မာပြည်က အလုပ်သမားတွေပေါများလာတော့ လဲ သူခိုးတွေပေါများလာတယ်ပေါ့။ သူတို့ က ကျနော်တို့ ပြည်မှာလဲ လာနေသေး မြေပိုင်ရှင်ဖြစ်တဲ့ ထိုင်းလူမျိုးတွေကိုလည်း လာရန်ရှာသေးတယ်ဗျာ။ သူတို့ က ကျေးဇူးရှင်ကို ပြစ်မှားနေတယ်နော်’ ဟု ရေးသားထားသည်။

ထိုအရေးအသားသည် ထိုင်းဖြင့်ရေးသားထားသော်လည်း ထိုင်းစာ ဖတ်တတ်သော ကျနော့် အဖို့ တော့် ထိုစာကိုဖတ်ပြီး အလွန်ကို ၀မ်းနည်းသည့် အပြင့် စာရေးသူ၏ စိတ်ထားသေးသိမ်မှုကို အလွန်ပင် စိတ်မကောင်းဖြစ်မိပါသည်။

အကြောင်းမှာ ကျနော်တို့ သည် ထိုင်းလူမျိုးများမလုပ်သော အလုပ်ကို လုပ်ကိုင်ပြီး အန္တရယ်များသော အလုပ်များကို ထိုင်းလူမျိုး များ ကိုယ်စားလုပ်နေသော ကြောင့်ဖြစ်သည်။

သို့ သော်လည်း ရှေးစကားပုံတိုင်း ‘ ငါးတစ်ကောင်ပုပ်လျင် တစ်လှေလုံးပုပ်သည်ဆိုသော စကားပုံကို ပြန်၍ သတိရမိ၏။ ’ ကျနော် တို့ မြန်မာနိုင်ငံသား အနေဖြင့် မကောင်းသည်များကို လုပ်မိလျှင် လုပ်မိလိမ့်မည်။ သို့ သော် အားလုံးကို အကျိုးသက်ရောက်လေသည်။

ထိုနည်းတူစွာ ကျနော်စဉ်းစားမိသည်မှာ လူတစ်ယောက်သည် မကောင်းသော်လည်း ပြန်၍ ပြင်ဆင်နိုင်သည် ဆိုသည့်အတိုင်း သတ်မှတ်ထားသော်လည်း ထိုင်းလူမျိုးများမှာ မြန်မာ မှလာသော လူမျိုးများကို သမိုင်းကြောင်းကြောင့် အလွန်ပင် မုန်းသီးတတ်ကြ၏၊ ( ပညာတတ် များမှ တစ်ပါး)

ထို့ ကြောင့် ထိုင်း၌အလုပ်လာလုပ်သူများ အေးငြိမ်းဖို့ ရာ မြန်မျာအလုပ်သမားများ အနေဖြင့် ရိုးရိုးသားသား လုပ်ဆောင်ရန်နှင့် ပြဿနာ မရှာမိရန် အထူးကို သတိပေးနှိုးဆော်အပ်ပါသည် ခင်ဗျား။


ရှမ်းကလေး အတွေ့ အကြုံ

ဘုန်းကြီးနှင့် ‘လ’

လမုရွာတွင် ကျောင်းထိုင်ဘုန်းကြီးမရှိသဖြင့် ရွာသူကြီးက မြို့ မှ ဘုန်းကြီးတစ်ပါးအား ကျောင်းလာထိုင်ရန် ပင့်လိုက်၏။ သို့ နှင့် ဘုန်းကြီးရောက်လာပြီးနောက်၊ ဘုန်းကြီးသည် သူကြီးအားခေါ်ကာ ရွာပတ်လည်လိုက်လံ ကြည့်ရှူလေသည်။

တစ်နေရာအရောက်တွင် ဘုန်းကြီးက ‘ဒကာ ဒီချောင်းက ဘာချောင်းလဲကွယ့်?’ ဟုမေးလိုက်၏။ ထိုအခါ သူကြီးက ‘လမု’ ချောင်းပါဘုရား’ ဟုပြန်၍ဖြေ၏။

သို့ နှင့် ဆက်လျှောက်သွားသည်တွင် ငှက်တစ်ကောင်ကိုတွေ့ ကာ ‘ဒကာ ဟိုမှာ နားနေတဲ့ ငှက်က ဘာငှက်လဲကွယ့်’ ဟုမေးသော အခါ သူကြီးက ‘လဒ ပါဘုရား’ ဟုပြန်၍ ဖြေလေ၏။

ထို့ နောက် ဘုန်းကြီးက ‘ဒါနဲ့  ဒကာတို့ ရွာနာမည်က ဘာလဲကွယ့် ?’ ဆိုသော်၊ သူကြီးက ‘လမုရွာပါ ဘုရား ’ ဟုပြန်လျှောက်လေ၏။

သို့ နှင့် ဘုန်းကြီးသည် ‘အင်း ဒီရွာက ဒကာ၊ ဒကာမ တွေက ‘လ’ စကားလုံးကို တော်တော်ကြိုက်တာပဲ’ ဟုကောက်နှုတ်ချက် ချလိုက်၏။

တစ်နေ့ တွင် နေမွန်းတည့်တော့မည်ဖြစ်သော်လည်း ဆွမ်းမကပ်သေးသဖြင့် ဘုန်းကြီးက ‘လ’ သံဖြင့် ‘ဟဲ့ လဒကာကြီးရဲ့  လမွန်းတည့်တော့မယ်လေကွာ လဆွမ်းကပ်ပါတော့လား လဒကာကြီးရယ့် ’ ဟု မိန့် ကြားလိုက်လေသတည်း။




ရှမ်းကလေး (သီချင်းအားပြန်၍ ရေးသားထားပါသည်။)

ကွန်တုံး ယူအုံးမလားရှင့်

အရောင်းစာရေးမလေးတစ်ယောက်သည် ကောင်တာကို ကျောပေးကာ ပစ္စည်းများကို စီနေ၏။ ထိုအချိန်တွင် ဆိုင်တွင်းသို့  ပစ္စည်းလာ ၀ယ်သောသူတစ်ယောက် ရောက်လာပြီး ကောင်တာဆီသို့  တိုက်ရိုက်ရှောက်လာကာ ‘ဒေါက် ဒေါက်’ နှင့်ခေါက် လေ၏။

ထိုအခါ အရောင်း စာရေးမလေး သည်နောက်သို့  လှည့်မကြည့် ပဲ၊ နောက်လိုက်အုန်းမည်ဟု တွေးကာ

‘ တခြားစားစရာနဲ့ ၊ အန္တရာယ် ကင်းရအောင် ကွန်တုံးလေးပါယူသွားအုန်းမလားရှင့်’ ဟု လမ်းမေးလိုက်၏။ ထိုအခါ

‘ မယူတော့ပါဘူးကွယ်၊ ဘုန်းဘုန်းက အဲဒါတွေကို မသုံးပါဘူး ဒကာမရယ်’ ဟု ရှူဆေးလာဝယ်သော ဘုန်းကြီးက ပြန်၍ ဖြေလိုက်လေ သတည်း။



ရေးသူ။ ။ ရှမ်းကလေး

Thursday, May 21, 2009

မေလိုးနှင့် ရှမ်းကလေး

တစ်နေ့ တွင် ရှမ်းကလေးသည် မြို့ ပေါ်တက်ရန် ကားတစ်ဆီးဖြင့်လိုက်ပါသွားသည်။ ရန်ကုန်တွင် ကားဆီးသည်မှာ Jame Bond ကားထက်ပင် ပို၍ အသက်အန္တရယ် ကြီးပါသည်။

အကြောင်းမှာ ကားနောက်ဘက်တွင် ကုတ်ကတ်သွယ်စီးရသည်မှာ Spider Man ပင်အရှုံးပေးရပါသည်။ ထိုအချိန်တွင် ကားနောက် သွယ်ဆီးလာသော ဗမာတစ်ယောက်၏ ဦးတုပ် ပြုတ်ကျသွားသောအခါ၊ သူက " မေလိုး" ဟုဆဲလိုက်၏။ ထိုအခါ ဗမာစကား မသိသော ရှမ်းကလေးသည် ဦးထုပ်ကို ဗမာလို မေလိုးဟု ထင်မိသွား၏။

ထို့ ကြေင့်တစ်နေ့ သော အခါ ရှမ်းကလေးသည် မြို့ ပေါ်တက်ကာ ဦးထုပ်ဝယ်ရန်ရှိသဖြင့် အိမ်မှထွက်ခဲ့မည် လုပ်သောအခါ သူ့  မိန်းမက " ရှင် ဘယ်သွားမလို့ လဲ " ဟုမေးသော အခါ ရှမ်းကလေးက " မေလိုးသွားဝယ်မလို့ ကွ " ဟု ပြန်ဖြေသောအခါ

သူ့ မိန်းမက " မေလိုးကဘာလဲရှင့် " ဟုပြန်၍မေး၏။ ထိုအခါ ရှမ်းကလေးက " မိန်းမ မင်းမသိရင် မှတ်ထား၊ မေလိုးဆိုတာက ဗမာလို ဦးထုပ်ကို ပြောတာကွ " ဟုပြန်ဖြေဆို၏။

သို့ နှင့် ရှမ်းကလေးသည် မြို့ ပေါ်တက်ခဲ့၏။ တစ်နေရာတွင် ကုလားမကြီးက ဦးထုပ်ရောင်းသည်ကို တွေ့ သောအခါ ရှမ်းကလေးက " အမကြီး မေလိုး တစ်ခု ဘယ်လောက်လဲ ဗျ " ဟု မေးသောအခါ။


စာဖတ်သူများ စဉ်းစားကြည့် ပါလေ။

ရှမ်းကလေး

Tuesday, May 19, 2009

ချစ်သူဘဝ

မင်းကိုတွေ့ တော့ ငါ့စိတ်မခိုင်
ချစ်ခဲ့မိတော့ ငါမနေနိုင်
ပွင့်အံခဲ့ပေါ့ ငါ့အချစ်ဖိုင်။

မင်းကလက်ခံ ချစ်တုန့် ပြန်တော့
မေ့မရနိုင် ယနေ့ ထက်တိုင်။

ချစ်သူဘ၀ ပျော်ရွင်ခဲ့ကြ
နောက်ပိုင်းရောက်လာ စိတ်ညစ်စရာ
အထင်လွဲမှား စွတ်စွဲပြောဆို
အို.... စိတ်ညစ်တယ်နော်။

မင်းနဲ့ ဝေးတော့ လွမ်းရပြန်ရော
ပြန်တွေ့ ဖို့ ရာ လက်ချိုးရေရာ
မျှော်လင့်တော့တ စောင့်မျှော်ခဲ့ရ။

ပြန်တွေ့ ရတော့ ၀မ်းပန်းတသာ
ကြည်နှူးပြန်ရာ
မမေ့နိုင်စရာ ရက်များသာ။

အချိန်တန်တော့ ဝေးရပြန်ပေါ့
ဘယ်ချိန်ခါဝယ် ပြန်တွေ့ မကွယ်
မျှော်လင့်စောင့်မျှော်
မရေမရာ ဤကမ္ဘာ၀ယ်။


ရေးသူ။ ။ လေပြေ

ကျီးကန်းဗျ ကျီးကန်း

အသက် 80 အဘိုးကြီးသည် သူ၏ ပညာတတ်သား အသက် 45 အရွယ်နှင့် အပြင်ဘက်ထိုင် ခုံတွင်ထိုင်နေ၏။ ထိုအချိန်တွင် ကျီးကန်းတစ်ကောင်သည် ၀ရံသာတွင် လာနားသည်ကို အဘိုးကြီးတွေ့ သောအခါတွင် သူ့ သားအား "အဲဒါ ဘာလဲကွ ?" ဟု မေးသောအခါ သားက ကျီးကန်းလေ ဟုဖြေသည်။

ခဏ အကြာတွင် အဘိုးကြီးက "အဲဒါ ဘာလဲကွ ?" ထပ်မေးသောအခါ သားက ကျီးကန်းလေ ဟုပြန်ဖြေလေ၏။ နောက် ခဏ အကြာတွင် အဘိုးကြီးက "အဲဒါ ဘာလဲကွ ?" ဟု ထပ်မေးလေသည်။ ထိုအခါ သားဖြစ်သူသည် စိတ်အနည်းငယ်တိုလာပြီး ကျီးကန်းလေဗျာ ဟု ဒေါသသံဖြင့် ပြန်ဖြေလေသည်။

နောင်အကြာတွင် အဘိုးကြီးက "အဲဒါ ဘာလဲကွ ?" ဟုထပ်မေးသောအခါ သားဖြစ်သူသည် အလွန်စိတ်ဆိုးကာ ကျီးကန်းဗျ ကျီးကန်း ဟု ပြန်ဖြေလေသည်။

ထိုအခါ အဘိုးကြီးသည် အိပ်ခန်းတွင်းသွားကာ သူ၏ ဒိုင်ယာရီစာအုပ်ကိုယူကာ သူ့ သားအားဖတ်စေ၏။ ထိုဒိုင်ယာရီ တွင်ရေးထားသည်မှာ "ကျနော်သည် သားနှင့်ထိုင်နေချိန်တွင် ကျီးကန်းလာနားသောအခါ ကျနော့်သားက "အဲဒါ အဖေ ?" ဟုမေးသောအခါ ကျနော် က ကျီးကန်းလေ" ဟုဖြေ၏။

ခဏ အကြာတွင် ကျနော့်သားသည် ထိုမေးခွန်းကို ထပ်၍မေးပြန်သောအခါ ကျနော်လည်းထပ်ဖြေခဲ့သည်။ ထိုအတိုင်း ကျနော့်သားသည် ထိုမေးခွန်းကို 23 ကြိမ်တိုင်တိုင်မေး၏။ ကျနော်လည်း 23 ကြိမ်တိုင်တိုင် စိတ်မဆိုးပဲဖြေခဲ့သည့်ပြင် ကျနော့်သား၏ ရိုးသားမှုကိုသာ ၀မ်းပန်းတသာနှင့် ကြည့်နေခဲ့၏" ဟု ရေးသားထားသည်။

သို့ သော် သားဖြစ်သူမှာ လေးကြိမ်မျှမေးခံရယုံဖြင့် ဒေါသထွက်လေသည်။



ရေးသူ။ ။ ရှမ်းကလေး