Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, May 19, 2009

ကျီးကန်းဗျ ကျီးကန်း

အသက် 80 အဘိုးကြီးသည် သူ၏ ပညာတတ်သား အသက် 45 အရွယ်နှင့် အပြင်ဘက်ထိုင် ခုံတွင်ထိုင်နေ၏။ ထိုအချိန်တွင် ကျီးကန်းတစ်ကောင်သည် ၀ရံသာတွင် လာနားသည်ကို အဘိုးကြီးတွေ့ သောအခါတွင် သူ့ သားအား "အဲဒါ ဘာလဲကွ ?" ဟု မေးသောအခါ သားက ကျီးကန်းလေ ဟုဖြေသည်။

ခဏ အကြာတွင် အဘိုးကြီးက "အဲဒါ ဘာလဲကွ ?" ထပ်မေးသောအခါ သားက ကျီးကန်းလေ ဟုပြန်ဖြေလေ၏။ နောက် ခဏ အကြာတွင် အဘိုးကြီးက "အဲဒါ ဘာလဲကွ ?" ဟု ထပ်မေးလေသည်။ ထိုအခါ သားဖြစ်သူသည် စိတ်အနည်းငယ်တိုလာပြီး ကျီးကန်းလေဗျာ ဟု ဒေါသသံဖြင့် ပြန်ဖြေလေသည်။

နောင်အကြာတွင် အဘိုးကြီးက "အဲဒါ ဘာလဲကွ ?" ဟုထပ်မေးသောအခါ သားဖြစ်သူသည် အလွန်စိတ်ဆိုးကာ ကျီးကန်းဗျ ကျီးကန်း ဟု ပြန်ဖြေလေသည်။

ထိုအခါ အဘိုးကြီးသည် အိပ်ခန်းတွင်းသွားကာ သူ၏ ဒိုင်ယာရီစာအုပ်ကိုယူကာ သူ့ သားအားဖတ်စေ၏။ ထိုဒိုင်ယာရီ တွင်ရေးထားသည်မှာ "ကျနော်သည် သားနှင့်ထိုင်နေချိန်တွင် ကျီးကန်းလာနားသောအခါ ကျနော့်သားက "အဲဒါ အဖေ ?" ဟုမေးသောအခါ ကျနော် က ကျီးကန်းလေ" ဟုဖြေ၏။

ခဏ အကြာတွင် ကျနော့်သားသည် ထိုမေးခွန်းကို ထပ်၍မေးပြန်သောအခါ ကျနော်လည်းထပ်ဖြေခဲ့သည်။ ထိုအတိုင်း ကျနော့်သားသည် ထိုမေးခွန်းကို 23 ကြိမ်တိုင်တိုင်မေး၏။ ကျနော်လည်း 23 ကြိမ်တိုင်တိုင် စိတ်မဆိုးပဲဖြေခဲ့သည့်ပြင် ကျနော့်သား၏ ရိုးသားမှုကိုသာ ၀မ်းပန်းတသာနှင့် ကြည့်နေခဲ့၏" ဟု ရေးသားထားသည်။

သို့ သော် သားဖြစ်သူမှာ လေးကြိမ်မျှမေးခံရယုံဖြင့် ဒေါသထွက်လေသည်။



ရေးသူ။ ။ ရှမ်းကလေး

No comments: