လမုရွာတွင် ကျောင်းထိုင်ဘုန်းကြီးမရှိသဖြင့် ရွာသူကြီးက မြို့ မှ ဘုန်းကြီးတစ်ပါးအား ကျောင်းလာထိုင်ရန် ပင့်လိုက်၏။ သို့ နှင့် ဘုန်းကြီးရောက်လာပြီးနောက်၊ ဘုန်းကြီးသည် သူကြီးအားခေါ်ကာ ရွာပတ်လည်လိုက်လံ ကြည့်ရှူလေသည်။
တစ်နေရာအရောက်တွင် ဘုန်းကြီးက ‘ဒကာ ဒီချောင်းက ဘာချောင်းလဲကွယ့်?’ ဟုမေးလိုက်၏။ ထိုအခါ သူကြီးက ‘လမု’ ချောင်းပါဘုရား’ ဟုပြန်၍ဖြေ၏။
သို့ နှင့် ဆက်လျှောက်သွားသည်တွင် ငှက်တစ်ကောင်ကိုတွေ့ ကာ ‘ဒကာ ဟိုမှာ နားနေတဲ့ ငှက်က ဘာငှက်လဲကွယ့်’ ဟုမေးသော အခါ သူကြီးက ‘လဒ ပါဘုရား’ ဟုပြန်၍ ဖြေလေ၏။
ထို့ နောက် ဘုန်းကြီးက ‘ဒါနဲ့  ဒကာတို့ ရွာနာမည်က ဘာလဲကွယ့် ?’ ဆိုသော်၊ သူကြီးက ‘လမုရွာပါ ဘုရား ’ ဟုပြန်လျှောက်လေ၏။
သို့ နှင့် ဘုန်းကြီးသည် ‘အင်း ဒီရွာက ဒကာ၊ ဒကာမ တွေက ‘လ’ စကားလုံးကို တော်တော်ကြိုက်တာပဲ’ ဟုကောက်နှုတ်ချက် ချလိုက်၏။
တစ်နေ့ တွင် နေမွန်းတည့်တော့မည်ဖြစ်သော်လည်း ဆွမ်းမကပ်သေးသဖြင့် ဘုန်းကြီးက ‘လ’ သံဖြင့် ‘ဟဲ့ လဒကာကြီးရဲ့  လမွန်းတည့်တော့မယ်လေကွာ လဆွမ်းကပ်ပါတော့လား လဒကာကြီးရယ့် ’ ဟု မိန့် ကြားလိုက်လေသတည်း။
ရှမ်းကလေး (သီချင်းအားပြန်၍ ရေးသားထားပါသည်။)
Friday, May 22, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment