Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, July 7, 2009

ဖူးစာ

အိပ်ရာဝင်တိုင်း တောင်းတခဲ့တဲ့
ငါ့ဆုတစ်ခု။

တွေ့ ပါရစေ ဖူးစာလေးရယ်
နေ့ တိုင်းမျှော်ကိုး ဆုတောင်းနေစဲ
ဘယ်ချိန်တွေ့ မယ် မသိနိုင်တယ်။

နှစ်တွေပြောင်းလို့  အသက်ပြောင်းလဲ
စောင့်မျှော်နေစဲ ရေစက်လေးကို။

အချစ်မှာဝဲ အသဲတွေကွဲ
ရှာဖွေနေတာ ဖူးစာလေးပါ။

ချစ်မကွဲခင် တွေ့ မြင်ချင်တယ်
ချစ်တဲ့ဖူးစာ။

မင်းကိုယုံလို့  အသဲပုံချင်
တွေ့ တဲ့နေ့ မှာ အချစ်ပုံမှာ
ရောက်လာခဲ့ပါ ဖူးစာရှင်ရယ်။

နေ့ စဉ်ရက်စက် အသဲကွဲလို့ 
ရေစက်မဆုံ အမှိုက်ပုံမှာ
မျှော်လင့်တောင့်တ ဖူးစာဘ၀။

ကြယ်သာကြွေလို့  ဘာမှမကျန်
ခံရခက်လို့  အော်မြည်နေလဲ
နှလုံးခံစား တွေ့ ချင်မိတယ်
ဖူးစာရှင်ရယ်။





လေပြေ

No comments: