Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, July 11, 2009

ငရုတ်သီးထောင်း

တစ်ခါတစ်လေများဗျာ သူများနိုင်ငံရောက်တော့ သူများအစာတွေစားရင်းအီလာသာနဲ့  ကိုယ့်မြို့ ရွာက ဟင်းတွေကို ရည်မှန်းပြီး သွားရည်လည်လာတဲ့ အချိန်တွေလဲရှိပါတယ်လေ။

ငါးပိထောင်းတို့ ၊ ငါးပိရည်တို့  ဆိုရင်လဲ ငါးပိက ဘယ်မှာ ရှာရမှန်းကလဲမသိ။ ဒါကြောင့် ကျနော်လုပ်စားတတ်တဲ့ ငါးပိမပါ ရိုးရိုးလေး နဲ့  လူတိုင်းလုပ်စားနိုင်တဲ့ နည်းလေးကိုမျှလိုက်ပါတယ်ဗျာ။

လိုအပ်သည့် ပစ္စည်း

၁) ကြက်သွန်ဖြူ
၂) ငရုတ်သီး
၃) သံပရာသီး
၎) ငရုတ်ဆုံ (စက်နဲ့ လုပ်ရင်လဲ ရပါတယ်လေ)


ပထမဆုံး ကြက်သွန်ဖြူအားအရင်ထောင်းပါ (သင့်လျှော်သလောက် (စားကုန်နိုင်သလောက်ပေါ့))။ ကြက်သွန်ဖြူ ကြေမွသွားလျှင် ငရုတ်သီးထည့်ကာထောင်းပါလေ။ ငရုတ်သီးကြေသွားသောအခါ ဆား၊ ဟင်းချိုမှုန့်  ထည့်ကာ အပေါ့အငံ စိတ်ကြိုက်ထည့်ပါ။

၎င်းနောက် ပန်းကန်ထဲခပ်ထည့်ကာ သံပုရာသီး ညှစ်ထည့်လိုက်ပါက ချဉ်ချဉ် စပ်စပ်နှင့် အလွန်စားကောင်းသော ငရုတ်သီးထောင်းကို ရရှိမည်ဖြစ်သည်။


ရှမ်းကလေး

No comments: