Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label knowledge. Show all posts
Showing posts with label knowledge. Show all posts

Tuesday, November 22, 2011

သဘာဝ ပိုးနှင်ဆေးလုပ်နည်း

ရှမ်းကလေးတို့ များ.. သဘာဝပိုးနှင်ဆေးတွေ၊ မြေသြဇာတွေရေးနေပုံထောက်တော့ ရေဆင်းကကျောင်းပြီးလာတာလား
လို့ ....မထင်လိုက်ပါနဲ့ ။ ခုက အလုပ်သင်လာလုပ်တာ..ဖြစ်ချင်တော့ စိုက်ပျိုးရေးပိုင်းကို အခွင့်ကြုံလို့ သင်ခွင့်ရတာနဲ့  ရ
ရှိလာတဲ့ အသိပညာတွေကို သူငယ်ချင်းများအတွက် အသုံးဝင်နိုင်မယ်ထင်လို့ ဝေမျှပေးလိုက်ပါတယ်ဗျာ။ (အဲခက်တာ
က မြန်မာနိုင်ငံမှာ ကျနော့် ဘလော့လ်လေးကို ဖွင့်ဖတ်လို့ မရတာပဲ။ အနာတခြား၊ ဆေးတခြားဖြစ်မှာကိုတော့ စိုးရိမ်ပါတယ်
ဒါပေမယ့်လဲ..အနည်းနဲ့ အများတော့ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်ဗျာ။

သဘာဝပိုးနှင်ဆေးဆိုတဲ့အတိုင်း ပိုးတွေကိုသတ်ဖို့ တော့ မဟုတ်ပါဘူး။ စိုက်ပျိုးရေးမှာ ကျနော်တို့ အနေနဲ့  ယုံကြည်
တာကတော့ အကောင်တိုင်းဟာ..သူ့ နေရာနဲ့ သူ အကျိုးပေးတယ်။ ဒါကြောင့် ပိုးတွေသတ်ခြင်းကိုမပြုပဲ နှင်ယုံကလေး
နှင်တာပါ။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ထုံးစံအတိုင်း အလွယ်တကူရယူနိုင်တဲ့ ပစ္စည်းများဖြစ်ပါတယ်။

အောက်ကပုံကို ကြည့်ခြင်းအားဖြင့် ဘယ်အရာတွေလိုအပ်တယ်ဆိုတာ မိတ်ဆွေတို့  သိကြမှာပါ။



လိုအပ်သောပစ္စည်းများ

၁) ဂျင်း ၁ ကီလို
၂) ကြက်သွန်ဖြူ ၁ ကီလို
၃) သကြား ၀.၆ ကီလို (အညှိရောင်သကြားဖြစ်ရင်ပိုကောင်း)
၎) စပါးအရက် ၂ လီတာ (ပြင်းလေကောင်းလေ)
၅) ငရုတ်စုံ

လုပ်နည်း။ ။ ............

ပထမဆုံးအနေနဲ့  ဂျင်းကို ထောင်းပြီးထည့်စရာ ဗူးတစ်ခုခုမှာထည့်ထားပါ။ ပြီးလျင်၊ သကြား ၀.၃ ကီလို ထည့်ပါ။ ၄င်း
နောက် အ၀တ်စ (၀ါ) ခြင်ထောင်စ ဖြင့်ဖုံးထားပါ။ ၂၄ နာရီ (၁ ရက်) ထားပြီးပါက အရက် ၁/၄ ပုံကိုထည့်ပါ။ ရ ရက်
တစ်ပတ်ကျော်သွားပါက လက်ကျန်အရက်များကိုထည့်ပါ။

ဒုတိယအဆင့်အနေနဲ့  ကြက်သွန်ဖြူကို ထောင်းပြီးထည့်စရာ ဗူးတစ်ခုခုမှာထည့်ထားပါ။ ပြီးလျင်၊ သကြား ၀.၃ ကီလို
ထည့်ပါ။ ၄င်းနောက် အ၀တ်စ (၀ါ) ခြင်ထောင်စ ဖြင့်ဖုံးထားပါ။ ၂၄ နာရီ (၁ ရက်) ထားပြီးပါက အရက် ၁/၄ ပုံကိုထည့်ပါ။
ရ ရက်၊ တစ်ပတ်ကျော်သွားပါက လက်ကျန်အရက်များကိုထည့်ပါ။



ရက်ပေါင်း၂၀ ကြာလျှင် အသုံးပြုသော ပစ္စည်းများကြေမွသွားမည်ဖြစ်ပြီး အပေါ်မှပုံအတိုင်း အရည်သာကျန်နေမည်ဖြစ်
သည်။ ထိုအဆင့်တွင် သဘာဝ ပိုးနှင်ဆေးသည် အသုံးပြုရန် အသင့်ပင်ဖြစ်သည်။

အသုံးပြုနည်း

ကြက်သွန်ဖြူ ၂၀ စီစီ (cc) ကို ဂျင်းရည် ၂၀ စီစီနှင့်ရောပါ။ ၄င်းနောက် ရေ ၁၀ လီတာနှင့်ရောကာ အပင်များကို ပတ်ဖြန်း
နိုင်ပါသည်။

ဒီဆေးရည်က အလွန်ပြင်းတဲ့အတွက် များများထည့်ရင် အပင်တွေကို သေစေနိုင်ပါတယ်။ (မှတ်ချက်။ ။ ဖြန်းချိန်တွင်
အမျိုးသားကို မလုပ်စေရ။ အကြောင်းမှာ စိုက်ခင်းမရောက်ခင် လမ်းခုလတ်တွင် ၄င်းတို့ သောက်လိုက်မည်ကို စိုးရိမ်
ရ၍ဖြစ်သည်။ )

အားသာချက်။ ။

- အကုန်အကျသက်သာပြီးတော့ လွယ်လွယ်ကူကူရနိုင်သော ပစ္စည်းများဖြင့်ပြုလုပ်နိုင်ခြင်း
- ဖြန်းသူအတွက် ကျန်းမာရေးမစိုးရိမ်ရခြင်း
- စားသုံးသူများအတွက်လဲ ဓါတုပစ္စည်းများအရွက်ပေါ်တွင် ထင်ကျန်မည့်ဘေးကို စိုးရိမ်စရာမလိုခြင်း


ရှမ်းကလေး

သဘာဝမြေသြဇာလုပ်နည်း..

ကဲစာဖတ်ပရိတ်သတ်တို့ ရေ.. ဒီနေ့ တော့ အားလုံးလိုလိုသိထားသင့်တဲ့ အရာတစ်ခုလေးကိုပြန်လည်ဝေမျှပေးလိုက်ပါ
တယ်ခင်ဗျာ။ ဒါကတော့ သဘာဝမြေသြဇာလုပ်နည်းဖြစ်ပါတယ်။ အားလုံးနဲ့  သက်ဆိုင်တယ်ဆိုတာကလဲ.. လူသားတိုင်း
က အသက်ဆက်ဖို့ အတွက် စားပြီး၊ သောက်နေရလေတော့ ကိုယ့်အနေနဲ့  ကံကောင်းထောက်မလို့  ကိုယ်စားဖို့ ကိုယ်
တိုင်စိုက်ပျိုးခဲ့ရင်..အသုံးပြုလို့ ရအောင်ပါ။

အသုံးပြုတဲ့ပစ္စည်းများကတော့

၁) အစိမ်းရောင်ရှိသော အရွက်များ (မြက်ပင်၊ ပေါင်းပင်တွေပေါ့ဗျာ.. စိမ်းရင်ပြီးတာပါပဲ။ ဘာဖြစ်လို့ လဲဆိုတော့ အစိမ်း
ရောင်ရှိတဲ့အပင်တွေဟာ..အဟာရတွေရှိနေသေးတယ်လေ)
၂) နွား၊ ကျွှဲ မစင်များ (တခြားတရိစ္ဆာန် မစင်တွေက များများစုဆောင်းရတာခက်တယ်လေ)
၃) ရေ

လိုအပ်တဲ့ပစ္စည်းတွေကတော့ ကျနော်တို့ ပတ်ဝန်းကျင်မှာလွယ်လွယ်ကူကူနဲ့ ရရှိနိုင်တဲ့ပစ္စည်းများဖြစ်ပြီး ငွေကုန်စရာလဲ
မလိုဘူး။ လုပ်အားပဲစိုက်ထုတ်ရတာပေါ့ဗျာ။

၁) ပဏာမအဆင့်အနေနဲ့  အသုံးပြုမယ့်အပင်ကို သေးငယ်အောင်ပိုင်းရပါတယ်။ အဲဒါမှ မြန်မြန်ကြေမွပြီး..မြန်မြန်အသုံး
ပြုလို့ ရအောင်ပါ။ ပြီးရင်..ခုတ်ပိုင်းပြီးတဲ့ အပင်တွေကို အောက်ကပုံအတိုင်းသင့်တော်တဲ့အရွယ်အစားပုံရပါတယ်။
အောက်ခြေက အရမ်းကျယ်စရာမလိုပါဘူး။ အဓိကက အမြင့် မြင့်ဖို့ သာလို ပါတယ်။ မြင့်တဲ့အခါမှာ ဖိအားတွေကြောင့်
အပူတွေဖြစ်ပေါ်လာမှာဖြစ်ပြီး.. ပိုးတွေကို သတ်မှာဖြစ်ပါတယ်။



အရွက်စိမ်းတွေကို သင့်လျော်တဲ့ အရွယ်ပုံပြီးရင်တော့ အရွက်ပေါ်မှာ တရိစ္ဆာန်မစင်တွေကိုထည့်ပါတယ်။ ပမာဏအားဖြင့်
တော့ အရွက်အထူက ၂ ဆိုရင်.. မစင်ရဲ့ အထူက ၁ ပါ။



မစင်ထည့်ပြီးရင်တော့ အပေါ်ကအတိုင်းပဲ..ရေလောင်းပေးရပါတယ်။ စိုစွတ်မှုရှိအောင်ပါ။ ရေလောင်းတဲ့အခါမှာ သင့်
လျော်သလောက်သာလောင်းရပါတယ်။ ရေအရမ်းစိုပြီး၊ ရေတွေ စီးကျ၊ ထွက်သွားတဲ့ အထိ မလုပ်ရပါဘူး။ ရေ နှစ်ပုန်း
လောက်ဆိုရင်ရပါပြီ။ (မစင်က အစိုဆိုရင် နှစ်ပုံးလောက်နဲ့  ရပြီး၊ ခြောက်နေရင်တော့ နဲနဲများများလောင်းပါ။ )



အဲဒါပြီးရင်တော့ အပေါ်က အဆင့်တွေကိုပြန်လည်လုပ်ဖို့ ပါပဲ။ မစင်ပေါ်ကို သစ်ရွက်စိမ်းထည့်၊ သစ်ရွက်စိမ်းပေါ်မှာမစင်
တည့်ပြီး ရေလောင်း၊ ပြီးရင်.. အပေါ်မှာ အရွက်စိမ်းထည့်၊ အရွက်စိမ်းပေါ်မှာ မစင်ထည့်၊ ပြီးရင်ရေလောင်း။



ကဲလွယ်တယ်မဟုတ်လား သူငယ်ချင်း?။ အဲ..တစ်ခု သတိပြုရမှာက အပေါ်ဆုံးအလွှာက သစ်ရွက်စိမ်းဖြစ်ရပါမယ်။ ပြီး
ရင်..မိုးကို ကာကွယ်ဖို့ နဲ့ .. အပူများများထွက်အောင်..တစ်ခုခုနဲ့  ဖုံးအုပ်ထားရပါတယ်။ (ကွန်နီအိတ် နဲ့ ဆိုရင်ပိုအဆင်
ပြေပါတယ်။ ဒါမှမဟုတ်၊ မြေသြဇာလုပ်တဲ့အချိန်မှာ.. အရိပ်ရှိတဲ့နေရာမှာလုပ်ရင်လဲ အိုကေပါတယ်)။

...........................................................

သူငယ်ချင်းတို့ ရေ.. လုပ်ပြီးသွားရင်လဲ ..ဒီလို ပြစ်ထားလို့ မရပြန်ဘူးဗျ။ တစ်ချို့ အဆင့်တွေကိုလုပ်ရပါသေးတယ်။

၁) ပြုလုပ်ပြီး ၄ ရက်ကြာသောအခါ.. အပေါ်အောက်လှန်ပေးရပါတယ်။ ဒီလိုလှန်တဲ့အခါမှာ အပေါ်ကနေတစ်ဆင့်ခြင်းယူ
ရပါတယ်။ အပေါ်ကအရွက်စိမ်းတွေကိုယူပြီး အောက်ခြေလုပ်...အဲလိုနဲ့  အောက်မှာရှိတဲ့အရွက်တွေက အပေါ်ကိုရောက်
သွားမှာပေါ့ဗျာ။



ဒါကတော့ ၄ ရက်လွန်သွားတဲ့အခါမှာ တွေ့ ရမယ့်ပုံစံဖြစ်ပါတယ်။



အပေါ်ကပုံကတော့ အထက်အောက်စပြီး လှန်နေတာပါ။ အပေါ်ကအတိုင်း..တစ်လွှာခြင်းလှန်ရပါတယ်။



ဒါကတော့ လှန်ပြီးသွားတဲ့ပုံဖြစ်ပါတယ်။

၂) နောက် ၄ ရက်ကြာပြီးတဲ့အခါမှာ နောက်တစ်ခေါက်ထပ်လှန်ပေးရပါတယ်။
၃) နောက် ၂ ရက်ကြာရင် အထက်အောက်လှန်ပါ။
၎) နောက် ၂ ရက်ကြာရင် အထက်အောက်လှန်ပါ။
၅) နောက် ၂ ရက်ကြာ ရင် အထက်အောက်လှန်ပါ။
၆) နောက် ၂ ရက်ကြာရင် အထက်အောက်လှန်ပါ။

အဆင့် ၆ ထိ လုပ်ပြီးသွားရင်တော့ အသုံးပြုဖို့ အဆင်သင့်ဖြစ်ပါပြီ။

အသုံးပြုနည်း။ ။ စိုက်ခင်းပေါ်မှာ အပင်မစိုက်ခင်ထည့်ပေးရပါတယ်။ (မြေကြီးနဲ့ ရောနှယ်ရင်... ပိုးတွေမသေသေးမှာ
စိုးလို့  မနယ်သာပါ။ ) ပြီးရင်တော့ အပင်စိုက်။ အပင်စိုက်ပြီးသွားတဲ့အခါမှာ တစ်ခုခုနဲ့ ဖုံးအုပ်ပေးနိုင်ရင်ရောင်းပါတယ်။
ဘာနဲ့ ဖုံးအုပ်ပေးရမလဲဆိုရင်..မြက်ပင် (၀ါ) ကောက်ရိုး စသဖြင့်အသုံးပြုလို့ ရပါတယ်။ ဖုံးအုပ်ပေးတဲ့ရည်ရွယ်ချက်က
တော့.... မြေသြဇာကို လေတိုက်စားမှာကို ကာကွယ်ဖို့ နဲ့ ။ မြေကြီးကို နေလောင်ဒဏ်ကနေ ကာကွယ်ဖို့ ပါ။

သီးပင်တွေမှာထည့်မယ်ဆိုရင်တော့..အပင်ရဲ့ ပတ်လည်မှာ တွင်းတူးပြီးထည့်ပေးလို့ လဲ ရပါတယ်ခင်ဗျာ။

ရှမ်းကလေး

Tuesday, February 1, 2011

ဂစ်တာလက်ကွက်

တစ်နေ့ က (တော်တော်လေးကို ကြာပါပြီ) ညီတစ်ယောက်က ဂစ်တာနဲ့ ပတ်သတ်တဲ့ သင်ခန်းစာလေးတွေရချင်တယ်
လို့ ကျနော့်ကိုတောင်းဆိုပါတယ်။ ကျနော်က ရှာထားပြီးပါပြီ..ဒါပေမယ့် တင်ပေးဖို့ အချိန်သိပ်မရှိတာနဲ့  ခုမှတင်ပေး
လိုက်တာပါ။

ဂစ်တာသင်ခန်းစာဆိုပေမယ့်လဲ...ခုကျနော်ပေးလိုက်တဲ့ ၀က်ဆိုဒ်က ဂစ်တာလက်ကွက်တွေကိုပြပေးတဲ့ ဆိုဒ်လေး
တစ်ခုပါ။

http://www.chordbook.com/guitarchords.php

ဘယ်ဖက်ဘေးမှာ ဂစ်တာပြထားတယ်။ ညာဖက်မှာတော့ ဂီး Key ပြထားပါတယ်။ ကိုမသိတဲ့လက်ကွက်ကို နှိပ်လိုက်ရင်
ဂစ်တာပေါ်မှာ ဘယ်လိုကိုင်ရမယ်ဆိုတာပေါ်လာပါတယ်။

ဒီစာကို ဖတ်တဲ့သူတွေကတွက်တော့ ဂစ်တာအကြောင်းသိမယ်လို့  ကျနော်ယူဆထားတဲ့အတွက် Key နဲ့ ပတ်သက်ပြီး
တော့ သိပ်မရှင်းပြတော့ပါဘူးနော်။ Cm လိုချင်ရင် C ကိုနှိပ်ပြီးတော့ အောက်က စာရင်းမှာပြထားတဲ့ m ကိုနှိပ်လိုက်
ရင် Cm ကိုရမှာပါ။ တခြားဟာတွေလဲ..အဲလိုပါပဲ။

ဂစ်တာကိုယ်ထည်ပေါ်က ညာဖက် Strum ဆိုတာက တီးရင်ထွက်ရမယ့်အသံဖြစ်ပါတယ်။ ဘယ်ဖက်က Save ကတော့
ကိုယ်ကြိုက်တဲ့ အကွက်ကို သိမ်းထားတာပါ။ ပုံရဲ့  ညာဖက်အောက်လေးမှာ My Chords ဆိုတာကို နှိပ်လိုက်ရင်ကိုယ်
သိမ်းထားတဲ့ Key တွေပေါ်လာမှာပါ။

ပြီးရင်သိမ်းထားတဲ့ စာမျက်နှာရဲ့  အောက်ဆုံးက Play ကိုနှိပ်လိုက်ရင် Key တွေအားလုံးကို ကစားပါလိမ့်မယ်။
သီချင်းသီကုံးဖို့  မလုံလောက်ပေမယ့် ဂစ်တာကစားရင်း လက်ကွက်မရရင် ၀င်ကြည့်လို့ ရမယ့်လို့  ထင်ပါတယ်။

ကဲငါ့ညီရေ..နဲနဲပါးပါးတော့ အသုံးဝင်မယ်လို့  ယုံကြည်ပါတယ်နော်။

အင်တာနက်သုံးနိုင်သူတွေအတွက်ကတော့ Youtube မှာဝင်ပြီးကြည့်ရင် ဂစ်တာသင်ပေးတဲ့ Clip တွေအများကြီး
ရှိပါတယ်။ Guitar for beginner လို့ ရေးလိုက်ရင် အများကြီးတွေ့ ရမှာပါ။

သီချင်းသီကုံးခြင်း

ကဲတစ်ခါတည်းပဲ သီချင်းတွေလုပ်တဲ့ Program တစ်ခုကို လမ်းညွှန်လိုက်ပါတယ်။ အဲဒါကတော့ FL studio 9 ပါ။
ကျနော်အရင်က ပေးထားတဲ့ ဆိုဒ်တွေထဲမှာ အလွယ်တကူရှာနိုင်ပြီး ဒေါင်းလ် download လို့ ရပါတယ်။

http://ebooks.mmblogs.net/archives/2971

ဒီဆိုဒ်ကတော့ FL Studio ရဲ့ လက်စွဲစာအုပ်ပါ။ မြန်မာလို ဘာသာပြန်ထားပြီးသားဖြစ်ပါတယ်။ ဒီစာအုပ်ကို ယူတဲ့ချိန်
မှာ အောက်က Comment ထဲက Link မှာသွားပြီး Font ကို download ပြီး install လုပ်ဖို့ မမေ့ပါနဲ့ ။ မဟုတ်ရင်
ဖတ်လို့ ရမှာ..မဟုတ်ဘူးခင်ဗျ။


ရှမ်းကလေး

Monday, November 22, 2010

ခရီးသွားမှတ်တမ်း = စင်္ကာပူ (၃ - အလုပ်လုပ်ခွင့်၊ ၀င်ငွေ အလုပ်ချိန်)

ကဲ..စာဖတ်သူများ..အလုပ်အကိုင်ကတော့ အရင်တုန်းကပြောတဲ့အတိုင်း ကံကောင်းပြီးရတာရယ်၊ ပွဲစားနဲ့ လာတာ
ရယ်..စတဲ့နည်းလမ်းတွေနဲ့ အလုပ်တွေကို ရနိုင်ပါတယ်။ အလုပ်ကရပြီဆိုတော့ လစာ..ကဘယ်လောက်လဲဆိုတာ
သိသင့်တာပေါ့ဗျာ။

ဥပဒေအရ...S pass ဆိုရင် ၁၈၀၀ ၊ PR ဆိုရင်တော့ ၂၀၀၀+ ရရပါ့မယ်။ Work Permit နဲ့ ကျတော့ ဘယ်လောက်
ရရမယ်ကိုမသိပါဘူး။

အပေါ်က အရာများကို ပြန်ရှင်းပြရမယ်ဆိုရင်တော့ဗျာ...

Work Permit (အလုပ်လုပ်ခွင့်ကဒ်)

သိကျတဲ့အရည်အချင်းပြ စာရွက်စာတမ်းတွေမရှိရင်..အများအားဖြင့် work permit (အလုပ်လုပ်ခွင့်) ကဒ်ရပါတယ်။
ဒီကဒ်ကိုင်တဲ့သူဟာ အလုပ်ရှင်ပြောင်းလို့ မရပါဘူး။ အလုပ်ရှင်ပြောင်းလို့ မရတော့ အလုပ်ရှင်ကောင်းရင် ကံကောင်း
ပြီး အလုပ်ရှင်ဆိုးရင်တော့ ကျိတ်မှိတ်ပြီးနေရင်နေ၊ မနေရင်လဲ အထုတ်ပိုးပြီးအိမ်ပြန်ယုံပါပဲ။ အလုပ်ပြောင်းရင်ကော?
ပြောင်းလို့ မရပါဘူး...ပြောင်းလို့ ရရင်တောင်မှ အလုပ်ရှင်တွေက ကိုယ်ဘာကြောင့်အလုပ်ထွက်ရလဲဆိုတဲ့ မေးခွန်းတွေ
မေးပြီးတော့ ကြာကြာခံမယ့်ပုံမပေါ်ရင်..မဌားကြပါဘူး။

ဒီအလုပ်လုပ်ခွင့်ကဒ်ကိုင်တဲ့သူများဟာ အများအားဖြင့် သဘောင်္ကျင်း၊ အိမ်ဖော်တို့ အဖြစ်အလုပ်လုပ်ရပါတယ်။ အိမ်
ဖော်လုပ်ရင်တော့ တစ်လကို ၃၀၀ (သို့ ) ၅၀၀ အောက်ရပါတယ်။ အိမ်ရှင်နဲ့ အတူနေ၊ အတူစားရပါတယ်။ အများအား
ဖြင့် ပိတ်ရက်မရှိပါဘူး။ အလုပ်ချိန်ကတော့ သူတို့ နဲ့ အတူတူနေရတယ်ဆိုတော့ ၂၄ နာရီပေါ့ဗျာ။

အလုပ်လုပ်ခွင့်ကိုင်တဲ့သူဟာ အများအားဖြင့် သက်တမ်း ၃ နှစ်ပါ။ သက်တန်းကုန်ရင်တော့ အိမ်ပြန်ရပါတယ်။ အများ
အားဖြင့်တော့ ပြန်ပြီးရင် S- Pass လျှောက်ပြီးပြန်လာကြပါတယ်။

S-Pass (အရည်အချင်းရှိ အလုပ်လုပ်ခွင့်)

S- Pass ကတော့ အရည်အချင်းရှိတဲ့သူတွေရတဲ့ကဒ်ဖြစ်ပါတယ်။ အင်္ဂလိပ်စကား (သို့ ) တရုတ်စကားတတ်တယ်၊
ပြီးတော့ ဘွဲ့ လက်မှတ်တွေရှိတယ်ဆိုရင်တော့ ဒီကဒ်ကိုရပါတယ်။ ဒီကဒ်ကိုင်တဲ့သူတွေကတော့ အများအားဖြင့်
သူနာပြု၊ ကုမ္ပဏီ၊ ဈေးရောင်းတဲ့အလုပ်တွေကိုလုပ်ကိုင်ကြပါတယ်။

S- Pass ခြင်းတူရင်တောင်မှ ရတဲ့လခကတော့ကွာပါတယ်။ အများအားဖြင့်တော့ ၁၀၀၀ အထက်မှာပါ။ ဈေးရောင်း
တဲ့သူတွေအများအားဖြင့်တော့ ၁၂၅၀၊ ၁၁၅၀ လောက်ရကြပါတယ်။ ကုမ္ပဏီမှာလုပ်တဲ့သူတွေကတော့ ၁၄၅၀၊ ၁၆၀၀
ရပါတယ်။

ဥပဒေအရ ၁၈၀၀ ရရမယ်လို့ ကျနော်ပြောတယ်ဟုတ်? အများအားဖြင့် မပေးကြပါဘူး။ လစာထုတ်တဲ့ချိန်မှာဘယ်လို
လုပ်ကြလဲဆိုရင်...လခကို ငွေသားနဲ့ ပေးပါတယ်။ ပြီးရင်အလုပ်ရှင်တွေက သူတို့ ဥပဒေအတိုင်းလုပ်ကြောင်း ပြသတဲ့
အနေနဲ့  အလုပ်သမားများရဲ့  ဘဏ်တွင်းကို ၁၈၀၀ လွဲပေးပါတယ်။ အဲဒီငွေတွေကို အလုပ်သမားတွေက ပြန်ထုတ်ပြီး
အလုပ်ရှင်ကို ပြန်ပေးရပါတယ်။

အပေါ်ပိုင်းကြည့်မယ်ဆိုရင်တော့ ၁၈၀၀ ရတာပေါ့ဗျာ။ အမည်ခံရတာပေါ့လေ။ အမှတ်ရတာကတော့ ၁၄၀၀ နဲ့ အောက်
ပါ။ အဲ..တစ်ချို့ လဲ အပြည့်ရကြပါတယ်။ အလုပ်လုပ်ကိုင်တဲ့ပေါ်မှာမူတည်ပြီးတော့ပေးတတ်ပါတယ်။ S-Pass များရဲ့ 
အလုပ်ချိန်ကတော့ ၈ နာရီကနေ ည ၅ နာရီပါ။

ဒါပေမယ့်..အများအားဖြင့်လုပ်ရတာကတော့ ၈ နာရီကနေ ည ၇-၈ နာရီထိလုပ်ရပါတယ်။ အိုတီ (အချိန်ပို) ရယ်လို့ 
မသတ်မှတ်ပါဘူး။ သူတို့ ဘယ်လိုလုပ်လဲဆိုတော့ မနက် ၈ နာရီကနေ ည ၅ နာရီကြားထိ မပြီးနိုင်တဲ့အလုပ်တွေကို
ပေးပြီး..ဒီနေ့ အပြီးလုပ်ရမယ်ဆိုပြီးပေးပါတယ်။ ကိုယ်က မပြီးရင် တာဝန်မကျေသလိုဖြစ်တော့ ပြီးအောင်ထိုင်လုပ်
ရပါတယ်။ အဲဒါနဲ့ ပဲ တစ်နေ့ တစ်နေ့ ဆိုရင် အလုပ်က ည ရ-၈ နာရီမှပြီးတာပါ။

S-pass ကတော့အလုပ်ရှင်ပြောင်းလို့ ရပါတယ်။ တစ်ချို့ ပြောင်းတာကတော့ အလယ်လူ (စင်္ကာပူပွဲစား) တွေနဲ့ သွား
ကြပါတယ်။ အဲ...မှာလဲ ပွဲစားခ ၂၀၀၀ ကျော်ပေးရတယ်တဲ့ဗျာ။

အများအားဖြင့်တော့ တစ်ပတ်မှာနားခွင့် ၁ ရက်ရကြပါတယ်။

PR (Permanent Resident) ရာသက်ပန်နေထိုင်ခွင့်

S-Pass ကိုင်ပြီးစင်္ကာပူမှာအလုပ်လုပ်တာ ကြာရင်တော့ PR ခေါ်တဲ့ ရာသက်ပန်နေထိုင်ခွင့် ကိုလျှောက်လို့ ရပါ
တယ်။ နေထိုင်ခွင့်ရရင်တော့ လွှတ်လပ်တာပေါ့ဗျာ။ အလုပ်လဲ ပြောင်းခွင့်ရတယ်။ ရာထူးကြီးကြီးတွေမှာလဲ
လုပ်ကိုင်နိုင်ပြီး၊ လခလဲ များများရတာပေါ့။ များများဆိုတာကလဲ ၂၀၀၀ အထက်ပါ။

PR ကိုင်တဲ့သူများရဲ့ အလုပ်ချိန်တွေကလဲ S-pass လိုပါပဲ။ အချိန်မှီပြီးရမယ်ပေါ့ဗျာ။

စင်္ကာပူမှကုန်ဈေးနှုန်း

ကျနော်တို့ မြန်မာနိုင်ငံက လူတွေရဲ့ ကောင်းတဲ့အကျင့်တစ်ခုကတော့ အရာအားလုံးကို ကောင်းတဲ့ဖက်ကပဲကြည့်
ပါတယ်။ ဥပမာအားဖြင့်...နိုင်ငံခြားမှာအလုပ်သွားလုပ်မယ်ဆိုရင် ဘယ်လောက်ရမှာလဲ? ဆိုတာကိုပဲကြည့်ပါတယ်။
ပြီးရင်....ရမယ့်လခကို မြန်မာကျပ်နဲ့ ပြန်တွက်ပါတယ်။ တွက်ပြီးရင်တော့ “ဟား...တော်တော်များတာပဲ” ဆိုပြီးတော့
အိမ်ရာပေါင်နှံပြီးသွားပါတယ်။ တခြားအကြောင်းအရာများဖြစ်တဲ့ အလုပ်အကိုင်၊ အလုပ်အခြေအနေ၊ အခက်အခဲ
စတဲ့ အနှုတ်လက္ခဏာပြတဲ့ အရာတွေကို လုံးဝ ဂရုမစိုက်တတ်ကြပါဘူး။ (မြန်မာ့သွေး..ရဲရဲတောက်တယ်ပေါ့ဗျာ)

အခက်အခဲတွေကြုံလာရင်လဲ..ကြိတ်မှိတ်ပြီးတော့ခံစားတတ်ကြပါတယ်။ (ခန္တီသိက္ခာနဲ့ ပြည့်စုံတာကိုးဗျ)။ ဟုတ်
တော့လဲဟုတ်ပါတယ်...ဘယ်ရောက်ရောက်..မြန်မာနိုင်ငံထက်သာတာကိုး။ အနည်းဆုံးတော့ လျှပ်စစ်မီး ၂၄ နာရီ
ရတယ်လေ။ အင်တာနက်လဲကောင်းတယ် (ဓါတ်ပုံလှလှလေးတွေများများရိုက်ပြီး၊ အွန်လိုင်းမှာတင်နိုင်တယ်လေ
ပြောတာပြောတာ..ကိုယ်လဲ..တစ်ယောက်အပါအ၀င်ပါပဲဗျာ)။ စင်္ကာပူက ဆရာတစ်ယောက်ပြောသလိုပေါ့ဗျာ...
နေပူမှာနေတဲ့လူက အရိပ်နည်းနည်းရတဲ့နေရာရောက်တော့ အရမ်းကိုကောင်းတယ်လို့ ထင်မြင်တတ်တာကိုး။

ဘယ့်နှယ့် ကုန်ဈေးနှုန်းကိုမရောက်နိုင်တော့ဘူး.....ကဲကဲ..ကုန်ဈေးနှုန်း

အစားအသောက်

ထမင်းတစ်ပွဲ ဟင်းနှစ်မျိုး (ရေမပါ) ပုံပြီးစားရင်တော့ အနည်းဆုံး ၄ ဒေါ်လာပေးရပါတယ်။ အဲလိုစားရဖို့ ကလဲ
Foods Center တွေမှာမှရပါတယ်။

ရေဗူးကြီး နှစ်ဘူးကို ၁.၅၀ ပေးရပါတယ်။ (အများအားဖြင့်တော့ ပိုက်ရေကိုသောက်ကြပါတယ်။ အားလုံးကလဲ သန့် 
ရှင်းတယ်လို့ ယုံကြည်ပါတယ်။ ကျနော်ကတော့ သောက်ပြီး..မနက်ရောက်ရင်လည်ပင်းမှာ တစ်ခုခုခံသလိုခံစားရ
တယ်။ )

ဆေးလိပ်တစ်ဘူးကို ၁၁ ။

Tiger Beer နှစ်ဘူး ၇.၉၀ ။ (ဆေးလိပ်နဲ့  ဘီယာကတော်တော်လေးကိုဈေးကြီးပါတယ်။ သွားမယ်ဆိုရင်တော့
ကြိုတင်ပြီးတော့တာ ဖြတ်ထားကြပါ။ မဟုတ်ရင်တော့ မလွယ်ဘူး)

အခန်းခတစ်လကို အနည်းဆုံး ၃၅၀။

ရထားစရိတ်တစ်နေ့ ကို အနည်းဆုံး ၃ ဒေါ်လာ။

အားလုံးကိုပေါင်းကြည့်မယ်ဆိုရင်တော့ တစ်လကို..........

အကြောင်းအရာ ကျငွေ စုစုပေါင်း

ထမင်း (တစ်နေ့ ကို နှစ်နပ်ပဲစား..၀ိတ်လဲကျပိုက်ဆံလဲရပေါ့။) ၈ (၄ ကျပ်တန်)x 30 240

သွားလာရေး 3 x 30 90

အခန်းခ 350

စုစုပေါင်း 680

တစ်လကို အ၀တ်အစားမပါ၊ မုန့် မစား၊ ပိုက်ရေကိုသာသောက်ပြီး၊ ဘယ်မှလဲမလည် အလုပ်ကိုသာသွားတဲ့သူများ
အနေဖြင့်တစ်လကို ပျဉ်းမျှ ၆၈၀ လောက်ကုန်ကျနိုင်ပါတယ်။ ထို့ ကြောင့်တစ်လကို အနည်းဆုံး ၁၀၀၀
လောက်ရမှသာကိုက်ပေမယ်။

ကဲစာဖတ်သူတို့ ရေ..ပိုက်ဆံများများရသလို ကုန်ကျစရိတ်လဲအများသားဗျ။ အဲဒါတောင် အနည်းဆုံးဈေးတွေနဲ့ 
တွက်ထားတာ။ တစ်ချို့ ဆိုရင် အကြွေးတွေလဲပေးရ၊ အိမ်ကိုလဲ ပြန်ပို့ ရနဲ့ .... ပြီးတော့ အလုပ်ပိတ်ရက်တွေမှာ
ဆိုရင်လဲ..လျှော်ရဖွတ်ရ၊ အခန်းသန့် ရှင်းရေးလုပ်ရနဲ့ ....သူငယ်ချင်းတွေနဲ့ လဲ မတွေ့ နိုင်..မောမောနဲ့ ပဲ အခန်း
ထဲမှာအချိန်ကုန်လို့ နောက်တစ်ရက်များဆိုရင်လဲ..အလုပ်ကိုပြန်ဆင်းရနဲ့ ။

ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူများအနေနဲ့ တော့ ပိုပြီးတော့ အထီးကျန်နိုင်ပါတယ်။ ဘုန်းကြီးကျောင်းသို့ သွားရင်လဲ
ကုသိုလ်လုပ်ပြီးတော့ပြန်လာကြတာကလား။ မသိတဲ့သူတွေနဲ့  မိတ်ဆက်ဖို့ ဆိုတာကလဲ အခက်သားပေကိုးဗျ။
အဲခရစ္စယန် ကိုးကွယ်တဲ့သူတွေကတော့ ဘုရားကျောင်းသွားနိုင်တယ်။ တစ်ချို့ ဘုရားကျောင်းမှဆိုရင် လူသစ်
လာရင်..မိတ်ဆက်ခိုင်းပါတယ်။ အဲလိုမိတ်ဆက်ရင်းနဲ့ ပဲ..သူငယ်ချင်းအသစ်တွေရသွားတာလဲရှိပါတယ်။
(ကိုယ်တွေ့ ပါ။ မည်သည့်ဘာသာဖက်မှ ဘက်မလိုက်။ စင်္ကာပူမှ ဘ၀ကို ကွက်ကွက်ကွင်းကွင်းမြင်စေလို၍သာ)

အဲ..ကုန်ဈေးနှုန်း...ကုန်ဈေးနှုန်း..စင်္ကာပူမှာ အလုပ်လုပ်တဲ့သူများဟာ ခြိုးချုံချွှေတာပြည်မြန်မာ ဆိုတဲ့အတိုင်း
တော်တော်လေးကို ခြိုးချုံစွာနဲ့ နေရပါတယ်။ (၀င်ငွေနည်းတဲ့သူများပေါ့ဗျာ)။

ဒါပေမယ့်..ဟိုမှာနေတဲ့သူများပျော်လားဆိုတော့လဲ ပျော်ကြပါတယ်။ မီး ၂၄ နာရီရတယ်။ ရေခဲသေတ္တာနဲ့ ၊ ဟန်းဖုန်း
နဲ့ ၊ တီဗွီနဲ့ ..လူတန်းစေ့နေနိုင်တာပေါ့ဗျာ။ လူချမ်းသာပြီး၊ စိတ်ချမ်းသာတဲ့သူများလဲရှိသလို.............. ရုပ်ပိုင်းဆိုင်
ရာတိုးတက်ပြီး၊ စိတ်ပိုင်းဆိုင်ရာ မပျော်ပိုက်သူများလဲရှိပါတယ်။

အများအားဖြင့်တော့ အလုပ်နဲ့ ပတ်သတ်ပြီး...စိတ်ဖိစီးမှုတော်တော်လေးကိုခံကြရပါတယ်။

ကဲ..စာဖတ်သူများရေ...ကျနော်မျိုး..ရွာသားတော့လေရှည်နေတာနဲ့ ..ဟိုရောက်ဒီရောက်ဖြစ်နေတယ်။ အချိန်
နီးပြီလေမို့ ၊ ဆီးတော်မြင်းနဲ့  ဒုန်းဆိုင်းလိုက်အုန်းမယ်။ နောက်မှတွေ့ ကြတာပေါ့ဗျာ။


ရှမ်းကလေး (တစ်ယောက်နှင့်တစ်ယောက် အခြေအနေခြင်းမတူနိုင်ပါ။ ကိုယ်ပိုင်ဥာဏ်ဖြင့် ဖတ်ရှုပါ။ (ဒါပေမယ့်
ကျနော်ရေးတဲ့ဟာတွေကအားလုံးအမှန်တွေဗျ....လုံးဝကိုမလျော့နိုင်ဘူးဗို့ ))

Sunday, October 24, 2010

ရှောင်ရန်ဆောင်ရန်

ယောင်္ကျားလေးများအားသတိပေးချက်

(၁၀)ချက်



၁။ အရမ်းတော်တဲ့မိန်းကလေးဆိုရင် အရမ်းမချောဘူး၊ ချောပြန်တော့လည်းမတော်ပြန်ဘူး၊ ချောလည်းချော
တော်လည်းတော်ပြန်တော့သူရဲ့အကျင့်ကသင့်ကိုစိတ်ကုန်စေတယ်။ မိန်းကလေးတွေလည်းယောက်ျားလေး
တွေလိုပါဘဲ ပြည့်စုံတဲ့သူဆိုတာ ဘယ်ရှိပါ့မလဲ။

၂။ မိန်းကလေးတွေက ယောက်ျားလေးတစ်ယောက်က ကိုယ့်ကိုချစ်တယ်မချစ်ဘူး ဆိုတာဘယ်သိပါ့မလဲ။ ဘယ်လိုပဲပြောပြောနတ်သမီးမဟုတ်ဘူး မိန်းကလေးကမိန်းကလေးပါပဲဘယ်လိုသိနိုင်မလဲ။

၃။ သူချွဲနွှဲ့ပြောရင် လျစ်လျှူရှူထားမယ်ဆိုရင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်။

၎။ သူရဲ့နူးညံ့သိမ်မွေ့တဲ့အချက်လေးတွေကို ဖော်ထုတ်ပြီး အရေးပေးပါ။

၅။ အင်္ကျီသစ်ဝတ်ချိန်မှာ၊ သင့်လျော်သလိုမြောက်ပြောပေးပါ။ မလုံ့တလုံတွေဝတ်ရင်လည်း ဒါမ၀တ်ရဘူးဆိုပြီး
အတင်းမပြောပါနဲ့ ဒီအင်္ကျီငါ့အရှေ့မှာပဲဝတ်ရမယ်လို့ပြောရင် မိန်းကလေးတွေ နားလည်ပါတယ်။

၆။ မိန်းကလေးမှာလဲ မာနရှိတာမို့ ငါ့အလုပ်လာမရှုပ်နဲ့ဆိုပြီးမဟောက်ပါနဲ့။

၇။ သူတစ်ယောက်တည်းနေနေတဲ့အချိန်မှာ နင်ဘာဖြစ်နေတာလဲ ဆိုပြီးမမေးပါနဲ့personal space လေးထား
ပေးပါ။

၈။ သူ့မှာလဲယောက်က်ျားလေးသူငယ်ချင်းရှိပါတယ်။ မိန်းကလေးတွေဟာချစ်ခြင်းနဲ့ ခင်မင်ခြင်းကို ပိုခွဲခြား
တတ်ပါတယ်။

၉။ တစ်ယောက်တည်းအပြင်မသွားပါနဲ့ ဘယ်လောက်ပဲ ယုံကြည်ချက်ရှိတဲ့မိန်းကလေးပဲဖြစ်ဖြစ် စိတ်အား
ငယ်တတ်ပါတယ်။

၁၀။ သ၀န်တိုတာဟာမိန်းကလေးရဲ့သဘာဝပါ။ ဒါပေမဲ့ သ၀န်တိုတာများသွားရင်သူနာကျင်ခံစားရလိုက်မယ်။
သူ သင့်ကိုဘယ်လောက်ပဲချစ်ချစ်သင့်အနားကသူထွက်ခွါလိမ့်မည်။



ယောင်္ကျားလေးများအား ခွင့်လွတ်သင့်သောအချက် (၁၀) ချက်



၁။ သင်ဖွင့်ပြောတာကို ကောင်လေးတွေငြင်းလိုက်တယ် ဆိုပေမဲ့သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ။

၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက်ပါ…. စောင့်မနေပါနဲ့။ကောင်လေးတွေဟာ အသဲကွဲ
နာကြင်ရင် ပြန်မကောင်းတတ်လို့ပါ။

၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။

၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ… သင့်ကိုအရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး
လို့သတ်မှတ်ထားလို့ပါ။

၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ့သူတစ်ညလုံးစဉ်းစားထား
တဲ့အတွေးတွေပါတယ်။

၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။

၇။ သူ့ကိုသံသယမ၀င်ပါနဲ့ "ဘယ်သွားမလဲ" ဆိုတဲ့မေးခွန်းမေးမဲ့အစား"သတိထားသွားလို့ ပြောပါ။

၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ သူတို့ကဒီစကားကိုပိုကြား ချင်တယ်။

၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ.. သူငိုရင်လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေ
ကို သုတ်ပေးပါ။

၁၀။ သူကို ယုံကြည်ပါ.. သူသင့်ကို မလိမ်ပါဘူး လိမ်ခဲ့တယ်ဆိုရင်တောင် Whitelie ပါ။ သင်တို့ရဲ့ အချစ်ခိုင်မြဲဖို့
အတွက်ပါ။

နားလည်မှုတွေပေးရင်း ပျော်ရွှင်နိုင်ပါစေ။


ရှမ်းကလေး (အီမေးလ်ကစာအားကြိုက်နှစ်သက်လို့ ပြန်တင်ပေးတာပါ။ အိမ်ထောင်ရှိနေတဲ့သူတွေအတွက်လဲ
အသုံးဝင်မယ်လို့ ထင်ပါတယ်)

Friday, October 22, 2010

ကျနော်တို့ ရွာက သီတင်းကျွှတ်

“သြော်..ဘာလိုလိုနဲ့  သီတင်းတောင်ကျွှတ်လို့  သီတင်းကျွှတ်ပွဲကြီးတောင်ရောက်နေပါလား”...ဆိုပြီးထထခြင်းအသိ
တရားကြီးက၀င်လာပါသည်။

မနက် ၄ ရာနီမှာဆိုရင် အဘွားက ဘုရားစင်ရှေ့ မှာထိုင်ပြီးတရားစာရွှတ်နေမှာပဲ။ ကျန်တဲ့လူတွေတော့ ချက်ပြုတ်နေ
မှာပေါ့လေ။ ဘုရားစင်မှာဆွမ်းကပ် ပြီးရင်..အိမ်စောင့်နတ်၊ ခြံစောင့်နတ်တွေကို ထမင်း၊ဟင်း၊ သရေစာတွေနဲ့ ပူဇော်
အုန်းမှာပါလား။

မျက်နှာသစ်၊ ရေမိုးချိုးပြီးရင်တော့ အ၀တ်အစားသစ်တွေကိုလဲဝတ်ပြီးတာနဲ့  ဘုန်းကြီးကျောင်းသွားဖို့ ပြင်ဆင်ပါ
တယ်။ အိမ်ရှေ့ ကိုထွက်လိုက်တာနဲ့ ပဲ၊ ကလေး၊လူငယ်၊လူကြီးမကျန်...၀တ်ကောင်းစားလှများကိုဝတ်ဆင်ကာ ပူ
ဇော်၊လှူဒါန်းရန်ပစ္စည်းများကိုယ်စီသယ်ဆောင်၍ ဘုန်းကြီးကျောင်းသို့ သွားနေသည်ကို တွေ့ ရပါတယ်။

ကျနော်လဲ..လုပ်နေကျအတိုင်းပင်...ဘုန်းကြီးကျောင်းတွင် သီလ၊ဥပုဒ်စောင့်မည့်..အဘွားများအတွက် အိပ်ရာ၊ ခြင်
ထောင်များကို သယ်ဆောင်ကာ ဘုန်းကြီးကျောင်းသို့ သွားလေ၏။ ဘုန်းကြီးကျောင်းရောက်လျှင်၊ ပထမဆုံးအနေ
ဖြင့်၊ ဘုရားဆီမီးပူဇော်ကာ ဆွမ်းကပ်သည်။ ၄င်းနောက် စေတီသို့ သွားကာ ဆီမီးပူဇော်၏။

ထိုအမှုအရာများပြီးသွားပြီဆိုရင်တော့ ဘုန်းကြီးကို သွားရောက်ကန်တော့မည်။ ကန်တော့ပြီးလျင်၊ ဘုန်းကြီးကျောင်း
၌လာရောက်ဥပုဒ်စောင့်သော ရွာတွင်းမှ သက်ကြီးရွယ်အိုများကို ပစ္စည်းပစ္စယများဖြင့် ပူဇော်လေသည်။

ဒါတွေက သီတင်းကျွှတ်တိုင်းလုပ်နေကြ။ ကန်တော့လို့ ပြီးစီးသွားရင်တော့၊ ကာလသားတွေရဲ့ ထုံးစံအတိုင်းပါပဲ၊
ဘုန်းကြီးဆီက လှူဒါန်းထားတဲ့ ပစ္စည်းတွေကိုပြန်စွန့် ပြီး စားသောက်ပါတယ်။ စားသောက်ပြီးလို့ ..ခဏနေရင်
တော့ဘုန်းကြီးတွေပို ပင့်ပြီး..တစ်ရွာလုံး၊ တရားနာပါတယ်။

တရားနာပြီးရင်တော့..အိမ်ကိုပြန်ပြီး၊ ချက်ပြုတ်ကြလေတယ်။ ကာလသားတွေကတော့ အချိန်ရှိတုန်း၊ ကာလသား
ခေါင်း၏အိမ်ကိုသွားပြီး မီးပုံးပျံတို့ ၊ မီးရှူးမီးပန်းတွေကို ကူလုပ်ရပါတယ်။ မီးပုံးပျံက အမြင့်ကြီးတက်ပြီး၊ အဝေးကို
ရောက်တယ်၊ မီးရှူးမီးပန်းတွေကလှပပြီး ကြာရှည်ခံတယ်ဆိုရင်...မျက်နှာပန်းလှပေသကိုး။

ရွာမှာကလဲ၊ ကာလသားမီးပုံးပျံ၊ ကာလသမီးများ မီးပုံးပျံ၊ ဘုန်းကြီးများ၏ မီးပုံးပျံ၊ အိမ်ထောင်ရှင်များ၏ မီးပုံးပျံဆိုပြီး
နှစ်စဉ်ပြိုင်နေရတာကလဲ အမောသားပေကလား။ ကူညီလို့ ပြီးသွားလို့  ၁၁း၃၀ ဆိုရင်တော့ ဥပုဒ်သည်များကို
ထမင်း၊ဟင်းနဲ့  သွားရောက်ပူဇော်ပါတယ်ဗျာ။

ဥပုဒ်သည်များစားပြီးတဲ့အချိန်ထိစောင့်ပြီးရင်တော့ ပြန်လည်သိမ်းဆီးပြီးအိမ်ကိုပြန်လာတယ်။ အဲချိန်ရောက်မှပဲ ကျန်
တဲ့သူတွေက ထမင်းစားကြပါတယ်။ စားပြီးရင်တော့ ဘုန်းကြီးကျောင်းကို ပြန်သွားပြီး၊ ထင်းရှူးပင်လုပ်တာတွေကို
ကူညီရပါတယ်။ (ထင်းရှူးပင်ဆိုသည်မှာ အိမ်တိုင်းမှလာရောက်ပို့ သော ထင်းရှူးများကို တိုင်ကဲ့သို့ ပြုလုပ်ခြင်းဖြစ်၏)
ထင်းရှူးတိုင်တွေကို ဘုန်းကြီးကျောင်းပတ်လည်မှာ ထူပြီးရင်တော့ မနက်နဲ့  နေ့ လည် အစီအစဉ်များကုန်ဆုံးလေပြီ။

ထို့ နောက် ကျနော်တို့ လုပ်လေ့လုပ်ထရှိသည်မှာ..နိုင်ငံတော်အာဏာကို ဖြီဆန်ပြီး ပျောက်အိုးဖောက်ခြင်းပင်ဖြစ်ပါ
သည်။ (ငယ်ငယ်တုန်းကပါ ခုတော့မလုပ်ရဲပါဘူး။ ကလေးမဟုတ် ကုလားမဟုတ်လို့  အပြောခံရလို့ ၊ ရှက်တာလဲ
ပါတာပေါ့...ကလေးဘိုလုပ်လို့ မရတော့တဲ့ အရွယ်ပါလားဗျာ)

ညနေစောင်းပြီဆိုရင်တော့....ရေမိုးချိုး၊ အ၀တ်အစားများလဲကာ..ဘုန်းကြီးကျောင်းသို့ သွားကြလေမည်။ အမှောင်
သန်းလာသည်နှင့် ထင်းရှူးပင်များကို မီးညှိပါတော့သည်။ ထိုအခါ ထင်းရှူးတိုင်၏ အလင်းရောင်သည် ကျောင်းဝင်း
တစ်ခုလုံးအား..လင်းကျင်းစေလေသည်။

ဘုန်းကြီးကျောင်းတွင်...ရွာသားအားလုံးလိုလိုပင်ရောက်နေလေတော့...စည်စည်ကားကားပင်ဖြစ်နေ၏။ ၄င်းနောက်
တွင်..မီးရှူးမီးပန်းများကိုစတင်လေသည်။ မီးရှူးမီးပန်းမှ ထွက်လာသော မီးပန်းများသည် အလွန်မြင့်သဖြင့် ဘုန်း
ကြီးကျောင်းခေါင်မိုးထက်ပင်ရောက်လေသည်။

မီးပန်းများစတင်သည်နှင့် ရှမ်းအိုးစည်များကိုတီးခတ်ပါသည်။ ရှမ်းအိုးစည်အသံများ၊ မီးရှူးမီးပန်းများနှင့် စည်စည်
ကားကားဖြစ်နေသော လူအုပ်ကြီးအားကြည့်ရသည်မှာ ပနံသင့်တယ်လှပါပေသည်။ မီးရှူးများသည် ၁၀ ကျော်ရှိ
သဖြင့် အချိန်ယူသော်လဲ ပရိတ်သတ်များမှ ရင်သပ်ရှူမောစွာဖြင့်ပင် ကြည့်ရှုလေသည်။

မီးပန်းများပြီးလျှင်..မီးပုံပျံများကို စတင်၍လွှတ်ပါသည်။ မီးပုံးပျံများလွှတ်ချိန်တွင်..တစ်ရွာတည်းမှ လွှတ်သည်မဟုတ်
သဖြင့် ကောင်းကင်တစ်ခွင်လုံးတွေ မီးပုံးပျံများဖြင့် ကြည့်ရှုရသည်မှာ အလွန်ပင်လှပလေသည်။ မီးပုံးပျံများ အလွန်
ပင်များပြားသဖြင့် သတင်းကျွှတ်ညတွင် မီးပုံးပျံနှင့် ကြယ်များကို ပင်ခွဲခြား၍ရပေမည်မဟုတ်ပါ။ ထို့ အပြင် မီးပုံးပျံ
များတွင်...ငွေ၊ ဖိနပ်၊ စာအုပ် စသည်များပါချိတ်ဆွဲထားသဖြင့်...နောက်နေ့ တွင်..မီးပုံးပျံများရှာဖွေကာ ၀င်ငွေရှာ
သောသူများပင်ရှိနေသေးသည်။

ဤသီတင်းကျွှတ်ညတွင် ဘုန်းကြီးကျောင်းများ၌ ရွာတွင်းမှလူများပင်မဟုတ်ပဲ..တခြားနေရာများမှ ဆီမီးပူဇော်သော
သူများရှိတတ်သေးသဖြင့်ပို၍စည်ကားတတ်သည်။ ဆီမီးပူဇော်သည်ဆိုမှာ..တခြားဘုန်းကြီးကျောင်းသို့ သွားကာ
ဆီမီးပူဇော်ခြင်းဖြစ်သည် (ဆီမီးတစ်ထောင်ပူဇော်ခြင်း)။ မီးပုံးပျံလွှတ်သည့်အချိန်သည်..ရွာတွင်းမှ ဆီမီးသွားရောက်
ပူဇော်သောလူများပြန်လာမှပင် လွှတ်တတ်ကြလေသည်။

မီးပုံးပျံများလွှတ်ပြီးလျှင်...ဥပုဒ်စောင့်သူများအား မနှောင့်ယှက်လိုသဖြင့်..ကိုယ်စီဆိုင်ကယ်လေးများကိုစီးကာ မြို့ 
တွင်းသို့ သွားရောက်လည်ပတ်ပါသည်။ (မြို့ လယ်သို့ ဆိုင်ကယ်ဖြင့် ၅ မိနစ်အချိန်ယူလေသည်။) မြို့ တွင်းတွင်လဲ
ဆီမီးပူဇော်သူများဖြင့်စည်ကားနေသလို...နေရာတိုင်းတွင်လဲ..မီးပုံးများထွန်းညိထားသဖြင့် ထိန်ညီးကာ..ရှုမငြီးနိုင်
အောင်လှပပါသည်။

ုထိုထိုသော..အကြောင်းများကို စဉ်းစားမိကာ..“အင်း..သူများနိုင်ငံရောက်နေတော့လဲ..သတိရလွှမ်းဆွတ်ရတာနဲ့ ပဲ
သင်းသိမ်ရောင့်ရဲနေရပါလား” ဟု တွေးမိသဖြင့်..၀မ်းနည်းမိသော်လဲ..ရွာမှလူများပျော်ရွှင်ပြီး..အူမြူးနေမည်ကို
ပြန်သတိရသဖြင့်..၀မ်းသာရပါသည်။ ထို့ နောက်..ထသည်ဆိုသော်လဲ လှဲလှောင်းကာအတိတ်မှပုံရိပ်များကို
ပြန်လည်စဉ်းစားခြင်းမှ ဖြတ်လိုက်ပြီး..ထလိုက်လေတော့သည်။


ရှမ်းကလေး (သီတင်းတော့ကျွှတ်ပြီ စာဖတ်ပရိတ်သတ်တို့ ရေ...ကိုယ်ပဲ ကျွှတ်ဖို့ ကျန်နေအုန်းမယ်နော်..)

Wednesday, October 6, 2010

အသီး၊အနှံ ကြိုက်သူများအတွက် သတိတစ်ချက်

သတိဆိုတာ ရှိရင်ပိုတယ်မရှိပါဘူးဗျာ။ ဒါကြောင့် ကိုယ်က အသီးဝယ်ရင် ကိုယ့်ဟာကိုယ် စိပ်ပြီးစားတာက အန္တာရယ်
ပိုကင်းပါတယ်။

အရေးကြီးမှု။ ။ အမြင့်ဆုံး

စင်္ကာပူမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။

၁၀ နှစ်အရွယ် ကလေးလေးသည် လမ်းဘေးအသီးရောင်းသူမှ နာနတ်သီးကို ၀ယ်စားပြီး ၁၅ ရက်ကြာသောအခါ
အပြင်းဖျားလေသည်။ အဖျားလွယ်လွယ်ဖြင့်မကျသောကြောင့် ဆေးရုံတွင် သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ...ကလေးလေးတွင် ခုခံအားကျဆင်းရောဂါ AIDS ရောဂါခံစားနေရကြောင်း တွေ့ ရှိရသည်။ ထို
သတင်းကြားသောအခါ တစ်မိသားစုလုံး သွား၍ သွေးစစ်သောအခါတွင် မည်သူမှ ထိုရောဂါ ခံစားရခြင်းမရှိပေ။

သို့ နှင့် ဆရာဝန်များက ကောင်လေးအား မေးမြန်းသောအခါ..ကလေးလေးက လွန်ခဲ့သော အပတ်တွင် နာနတ်သီး
စားခဲ့ကြောင်းပြန်လေဖြေကြားသောအခါ.. ဆရာဝန်များသည် အသီးရောင်းသူထံသို့ သွားကာ စစ်ဆေးမှုများပြုလုပ်
သောအခါ.. တွေ့ ရသည်မှာ....

ရောင်းသောသူ၏ လက်ညှိးတွင် ဓါးရှရာ ရှိသည်ကိုတွေ့ ရလေသည်။

ထို့ နောက် ထိုသစ်သီးရောင်းသောသူ၏ သွေးအားစစ်ဆေးသောအခါ HIV ပိုးများကိုတွေ့ ရှိရသည်။ ရောင်းသောသူ
လဲ..မိမိတွင် ထိုရောဂါရှိသည်ကိုမသိပါ။

သို့ သော်..ကံမကောင်းသော ကလေးလေးမှာ ရောဂါပိုးကူးစက်ခြင်းခံရလေသည်။ ထို့ ကြောင့် ထိုသို့ မဖြစ်ရန်
စာဖတ်သူများအနေဖြင့် အသီးများဝယ်စားခဲ့လျှင် ကိုယ်တိုင် ခွဲ၊ စိပ် ပြီးစားသုံးခြင်းအားဖြင့် ထိုအဖြစ်မျိုးမှကင်း
လွှတ်နိုင်ပါစေဗျာ။


ရှမ်းကလေး (အီးမေးလ်မှစာအား ပြန်၍ ဘာသာပြန်ထားပါသည်။ )

Wednesday, September 29, 2010

လူ့ ဘ၀အစိတ်အပိုင်းပေါင်းချုပ်..

အချစ်နဲ့ ပတ်သက်လာရင်


ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့။ အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ။

အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ် လို့ မထင်လိုက်ပါနဲ့။ အချစ်က အသက်အရွယ်ကို စောင့်လိမ့်မှာမဟုတ်ဘူး။


အကွာအဝေးကြောင့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့။ အချစ်ကကိုယ်နဲ့အတူ ရထား၊ လေယာဉ်စီးလို့ရပါတယ်။


ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။အသုံးမကျတဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင်သင့်ကိုချမ်းသာ
အောင်ထားနိုင်ပါတယ်။

အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။ တစ်သက်မှာ တစ်ယောက်တည်းချစ်တာကအကောင်းဆုံးဖြစ်တယ်။
ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင်ထုံကျင်သွားတတ်တယ်။ လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတတ်
တယ်။ချစ်တာများရင် နှိုင်းယှဉ်မှုတွေများသွားတတ်တယ်။ နောက်ဆုံးမှာ အချစ်ကိုအယုံအကြည်မဲ့သွားတတ်တယ်။

အချစ်က ဝမ်းနည်းစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်မယ်။ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို
စွန့်ရတာ သိပ်မနာကျင်ပေမယ့်ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာလောက် နာကျင်တာမရှိပါဘူး။ကံအကြောင်း
ပါခဲ့ရင် အချိန်၊ နေရာဆိုတာ အကွာအဝေးမဟုတ်ပါဘူး။ကံအကြောင်းမပါခဲ့ရင် အတူဆုံမိလည်း တစ်ယောက်ကိုတစ်
ယောက် မနှစ်လိုတတ်ကြဘူး။

အချစ်ကို ကျေကျေနပ်နပ်ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး။အချစ်ကို အတွေ့အကြုံတစ်မျိုးလို့
မှတ်ယူခဲ့ရင် အသဲကွဲချိန်ချိုမြိန်တာကို ခံစားမိမယ်။ အချစ်ကို ဖြတ်သန်းမှုတစ်ခုလို့ မှတ်ယူခဲ့ရင်လဲပြိုချိန် လှပတယ်
လို့ ခံစားမိမယ်။ အထီးကျန် စိတ်လေလို့ လူတစ်ယောက်ကိုမှားချစ်မိတာမျိုး မဖြစ်စေပါနဲ့။ လူတစ်ယောက်ကို မှား
ချစ်မိလို့လည်းတစ်သက်လုံး အထီးမကျန်ပါစေနဲ့။ အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။


ဘဝဖော်ဆိုတာ



ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်
အားလုံးကို သိသည့်တိုင်ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။

ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူမဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥ
အကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။

ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူမဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်
အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့စောင့်နေသူဖြစ်တယ်။

ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး "ချစ်တယ်"ဆိုတဲ့စကားကိုပါးစပ်ဖျားကမချသူ မဟုတ်ဘူး။ ဘဝဖော်
ဆိုတာ ဆန်၊ ဆီ၊ ဆား၊အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး ပြောတတ်တဲ့သူဖြစ်တယ်။

ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက် အတိအလင်းသတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့
အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာအတိုင်အဖော်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွတ်
မှုတွေမျှဝေပေးသူဖြစ်တယ်။


ဂတိနဲ့ပတ်သက်ရင်


ရှေးဂရိရာဇဝင်ပုံပြင်မှာ ချစ်သူတွေက ကိုယ်ချစ်တဲ့သူရဲ့လက်ခလယ်မှာအချင်းချင်း လက်စွပ်တွေဝတ်ဆင်ပေးကြ
တယ်။အကြောင်းက လက်ခလယ်မှာရှိတဲ့သွေးကြောတစ်ချောင်းက နှလုံးနဲ့တိုက်ရိုက် ဆက်သွယ်ထားလို့ဖြစ်တယ်။

ဒါကြောင့် လက်စွပ်ရဲ့အဓိပ္ပါယ်က နှလုံးသားရဲ့ အာမခံချက်ဖြစ်တယ်။ ဒါပေမယ့်လူ့လောကမှာ ဆံဖြူသွားကျိုးတဲ့
အချစ်က နည်းခဲ့ပါတယ်။ ရိုးမြေကျဆိုတဲ့ချစ်သူတွေ ရှားခဲ့ပါတယ်။ ကိုယ်နဲ့တစ်သက်အတူနေဖို့ ရွေးခဲ့သူက
ကိုယ့်အချစ်ဆုံး ဟုတ်ချင်မှလည်းဟုတ်မယ်။ ကိုယ့်အချစ်ဆုံးကကိုယ်နဲ့တစ်သက်အတူ နေရချင်မှလည်း နေရမယ်။

တချို့ချစ်သူတွေကတော့ဒီတစ်သက်အတူမနေရရင် နောင်ဘဝမှာနေရဖို့ တောင်းဆုပြုတတ်ကြတယ်။အရမ်းချစ
်ကြတဲ့ချစ်သူတွေ လက်ထပ်ခြင်းဆိုတဲ့တံခါးဝကို ဖြတ်ကျော်ပြီးနောက်အချင်းချင်း တန်ဖိုးမထားကြသူတွေလည်း
ရှိကြတယ်။

ဂတိသစ္စာတွေ အကြိမ်ကြိမ်ပေးစရာ မလိုပါဘူး။ ချစ်နေချိန် အတူနေချိန်မှာတစ်ယောက်ကိုတစ်ယောက် တန်ဖိုး
ထားတတ်ကြမယ်၊ တစ်နေ့တာကိုနောက်ဆုံးချစ်ရမယ့်ရက်လို့ သတ်မှတ်ပြီး ချစ်ကြမယ်၊ ချစ်သူလက်ကိုတင်းတင်း
ဆုပ်ထားမယ်၊ ရုပ်ရည်အိုမင်းသွားလည်း၊ ပါးရေတွေတွန့်သွားလည်းကိုယ့်မှတ်ဥာဏ်ထဲမှာ ချစ်သူကိုအလှဆုံး
သိမ်းထားနိုင်ခဲ့ရင်ဂတိတည်ရာရောက်ပါတယ်။



လူ့ဘဝနဲ့ ပတ်သက်ရင်


ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။အတိတ်ကိုပြန် မှန်းမျှော်ကြည့်
တော့ လူတွေအသက်ရှင်တာကစိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊ချမ်းသာတာပဲဖြစ်ဖြစ်၊
ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးကလျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာ
ပျောက်သွားနိုင်တယ်။

မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့ကအလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်း
အချစ်၊ချစ်သူအချစ်ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။


စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။

"ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်
မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကိုအမှတ်တရထားပါ။ လိုချင်တာကို ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကိုကမ်းကဲ
ဖို့မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက် နောင်တမရနဲ့၊ အပင်ပန်းခံမှပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ ဘဝကိုနား
လည်မယ်။ စိတ်ထိခိုက်အားငယ်မိမှကြံ့ခိုင်တာကိုနားလည်မယ်။

လေတိုက်တဲ့မနက်ဆိုတာသလို လှပတဲ့ညနေဆည်းဆာလည်း ရှိမယ်။ ကြယ်ကြွေညတွေလည်းရှိနိုင်မယ်။ ဘဝ
ဆိုတာ အပြန်မရှိတဲ့ လက်မှတ်တစ်စောင်နဲ့တူတယ်။ ဘဝဆိုတာအစမ်းလေ့ကျင့်မှုတွေမရှိတဲ့ တိုက်ရိုက်သရုပ်
ဆောင်မှုတွေဖြစ်တယ်။သရုပ်ဆောင်မှုတိုင်းကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တာက လူ့ဘဝကိုအကောင်းဆုံး တန်ဖိုးထား
နည်းပဲဖြစ်တယ်"


သူငယ်ချင်းနဲ့ပတ်သက်ရင်



တစ်နေ့မှာ သူငယ်ချင်းနဲ့ ချစ်သူထိပ်တိုက်တွေ့တော့ ချစ်သူကပြောတယ်။

"လောကကြီးမှာ ငါရှိနေပြီပဲ။ မင်းရှိဖို့ မလိုတော့ဘူး!"

ချစ်သူရဲ့အပြောကို သူငယ်ချင်းက ရယ်ပြီးပြန်ဖြေတယ်။

"ချစ်သူက လူကိုမျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီကျလာတဲ့မျက်ရည်ကိုသုတ်ပေးသူဖြစ်တယ်"


သူငယ်ချင်းဆိုတာ တစ်ခါတရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊ သင့်ကိုဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှသူ၊
သင့်ကို ပျော်ရွှင်စေချင်သူ၊သင့်ကိုရယ်အောင် စနောက်တတ်သူဖြစ်တယ်။


သူငယ်ချင်းကြားမှာ အချင်းချင်းဂရုစိုက်မှုဆိုတာအဖိုးတန်ရှားပါးတဲ့အရာဖြစ်တယ်။ စိတ်ထိခိုက်ချိန် ကိုယ့်ကိုရင်ဖွင့်ပါ၊
နာကျင်ဝမ်းနည်းချိန် ကိုယ့်ကို မေ့မထားနဲ့။ ဖျားနာချိန်ကိုယ့်ကိုအကြောင်းကြားဖို့ သတိရပါ။ အခက်အခဲကြုံချိန်
ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။ မျှော်လင့်ချက်မဲ့ချိန်အနားမှာကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။ ပျော်ရွှင်ချိန်
ကိုယ့်ကိုမေ့မထားနဲ့... သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က "ငါတို့ကသူငယ်ချင်း"ဆိုတာနဲ့တင် လုံလောက်ခဲ့ပါတယ်။


ရယ်(ပြုံး)တာနဲ့ပတ်သက်ရင်

နားလည်မှုလွဲတာနဲ့ ကြုံတဲ့အခါ ခပ်ဟဟရယ်နိုင်တာကရည်မွန်ခြင်းတစ်မျိုးဖြစ်တယ်။ မှားယွင်းမှုနဲ့ကြုံတဲ့အခါ
ခပ်ပွင့်ပွင့်ရယ်နိုင်တာက သဘောထားကြီးခြင်းတစ်မျိုးဖြစ်တယ်။အကျိုးမဲ့စေတာနဲ့ကြုံတဲ့အခါ ခပ်ပျော်ပျော်ရယ်
နိုင်တာကရက်ရောခြင်းတစ်မျိုးဖြစ်တယ်။ ရှေ့မတိုးနောက်မဆုတ်သာတဲ့ကိစ္စနဲ့ ကြုံတဲ့အခါကိုယ့်ကိုယ်ကို ပြက်
ချော်ချော်ရယ်နိုင်တာက အသိဥာဏ်တစ်မျိုးဖြစ်တယ်။


အပျက်အဆီး၊ ဒုက္ခနဲ့ကြုံတဲ့အခါ စိတ်အနှောင့်အရှက်ကင်းကင်း ရယ်နိုင်တာကသဘောထားကြီးခြင်း တစ်မျိုးဖြစ်
တယ်။

မထေမဲ့မြင်ပြုခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ရယ်နိုင်တာကကိုယ့်ကိုယုံကြည်မှုတစ်မျိုးဖြစ်တယ်။ အသဲကွဲတဲ့အခါ
သိမ်သိမ်မွေ့မွေ့ရယ်နိုင်တာက ချုပ်ချယ်မှုကင်းနည်းတစ်မျိုးဖြစ်တယ်။ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်... ဘယ်လိုအကြောင်းမျိုးမှာဖြစ်ဖြစ်နေ့တိုင်းပြုံးရယ်နိုင်ဖို့ လိုအပ်ပါတယ်။



ပျော်ရွှင်ခြင်းနဲ့ ပတ်သက်ရင်



ပျော်ရွှင်ခြင်းဆိုတာ လှပတဲ့ဖန်ဂေါ်လီနဲ့တူတယ်။ ကမ္ဘာ့နေရာအနှံ့မှာပြန့်ကျဲနေတယ်။ အဲဒီဖန်ဂေါ်လီကို လူတချို့
က များများကောက်တွေ့တယ်။ တချို့ကနည်းနည်းကောက်တွေ့တယ်။ တချို့ကလုံးဝကောက်မတွေ့ဘူး။ လက်ရှိ
အခြေအနေကိုတန်ဖိုးထားမြတ်နိုးပါ။ စိတ်နဲ့ခံစားမျှဝေတတ်ရင် ပျော်ရွှင်ခြင်းကကိုယ်နဲ့တစ်သက်လုံးရှိနေပါတယ်။

လူတွေက ကိုယ်ပိုင်ဆိုင်ချိန် တန်ဖိုးထားကောင်းမှန်းမသိဘဲ ဆုံးရှုံးသွားမှနှမြောသတဖြစ်တတ်ကြတယ်။ ကိုယ်ပိုင်
ဆိုင်တဲ့ပစ္စည်းဆုံးရှုံးသွားရတော့မယ်လို့ သိချိန်ရောက်မှ လက်ကမလွတ်စတမ်းဆုပ်ကိုင်ထားချင်ကြတယ်။ အဲဒီလို
ပဲ ဘဝမှာ တဇွတ်ထိုးခေါင်းမာမှုတချို့ကသေဆုံးချိန်မှ လက်လွတ်ကြရတယ်။


ရှမ်းကလေး (အီးမေးလ်မှ စာအားပြန်၍တင်ပြပေးလိုက်ပါတယ်)

လူ့ ဘ၀ဟာ..တိုတောင်းတယ်ဆိုတာလူတိုင်းက သိပါတယ်။ တစ်ခါတစ်လေမှာ အရမ်းပျင်းစရာကြီးပါ။
ဒီလိုတိုတောင်းပြီး..ပျင်းစရာကောင်းတဲ့လောကကြီးမှာ..ကိုယ်လုပ်ချင်တာကိုလုပ်လိုက်ပါလား။ ကိုယ့်အကျိုး
အတွက်ဖြစ်ဖြစ် လူများအတွက်ပဲဖြစ်ဖြစ်ပေါ့..။ နောက်ဆုံးကိုယ်ဒီလောကကြီးကနေ ထွက်သွားပြီးရင် ဘယ်သူ
ကများကိုယ့်ကို အရေးစိုက်မှာလဲ?

ဟိုဟာလုပ်ရမယ်..ဒီဟာလုပ်ရမယ်ဆိုတဲ့ဘောင်တွင်းမှာပဲနေနေရင်..လောကကြီးက ပိုလို့ တောင်ပျင်းစရာကြီး
ဖြစ်နေအုန်းမယ်။ အရေးကြီးတာက ကိုယ့်နောက်ဆုံးအချိန်မှာ.....................

“ငါလုပ်ချင်တာ လုပ်နိုင်ခဲ့တယ်။ ငါ့ဘ၀ကို ငါအားရတယ်။ လူဖြစ်ရကျိုးနပ်တယ်..ဟားဟားဟား” ဆိုပြီးတော့
ပျော်ပျော်လေးနဲ့  အသက်ဆက်ပြီး၊ နောက်ဆုံးအချိန်မှာလဲ ပြုံးပြုံးကြီးနဲ့ ကို ထွက်ခါသွားနိုင်ဖို့ ပါပဲလေ။

Wednesday, September 1, 2010

ဘလော့လ်မှာ သီချင်းတင်ခြင်း

သီချင်းတင်တာက နှစ်မျိုးရှိပါတယ်။

ဘလော့လ်ကို ဖွင့်လိုက်တာနဲ့  အသံမြည်လာတဲ့ သီချင်းနဲ့  Download လုပ်လို့ ရအောင်လုပ်ထားတဲ့ သီချင်း
ဆိုပြီးတော့ ရှိပါတယ်။

ဘလော့ကို ဖွင့်လိုက်တာနဲ့  သီချင်းသံမြည်တာကို လိုချင်ရင်တော့ www.mixpod.com မှာ sing up ပြီး
account တစ်ခုကို ဖွင့်လိုက်ပါ။

ပြီးရင် ကိုယ်ကြိုက်တဲ့ ဒီဇိုင်းလ်ကိုရွေးပါ။ ပြီးတော့ သီချင်းတွေရှာပါ။ သီချင်းတွေရပြီးရင် save (သိမ်း) လိုက်ပါ။
ှသိမ်းပြီးသွားရင်တော့ ခုဏက save ကိုပြန်နှိပ်။ အဲဒီမှာ get code ဆိုတာကိုနှိပ်လိုက်ပါ။ ပြီးရင် အဲမှာပေါ်လာတဲ့
Code တွေကိုကူးယူ။ (ဘလော့ ဖွင့်တာနဲ့  သီချင်းကြားချင်ရင်တော့ Code မကုးခင် Setting မှာ Auto Play ကို
select လုပ်ထားရပါမယ်။ ပြီးမှ save ကိုသွား get code ကိုရွေးပါ)။

code တွေကို copy ပြီးရင်.. ကိုယ့် ဘလော့ကို ပြန်ဝင်ပါ။ ၀င်ပြီးရင် Design ကိုသွား။

အဲမှာ Add a Gadget ကိုနှိပ်။ ပြီးရင်အဲမှာမှ Html/Java Script ကိုရွေးလိုက်ပါ။ ပြီးရင် ခုဏက ကူးထားတဲ့
code ကို paste ပြီးရင် save ကိုနှိပ်လိုက်ရင် ဘလော့ကို ဖွင့်လိုက်တာနဲ့  သီချင်းသံကို ကြားရမှာဖြစ်ပါတယ်။

ကဲခုတော့ ဒါနဲ့ ပဲ ကျေနပ်ပါဗျာ။ download လုပ်တဲ့ဟာက နည်းနည်းတော့ရှုပ်တာပေါ့နော်။

အဲဒါကိုတော့ နောက်မှပဲ တင်ပြပါတော့မယ်ဗျာ။

အသုံးပါစေဗျာ။

ရှမ်းကလေး

Thursday, June 24, 2010

မိန်းကလေးများ၏ သဘော..သဘာဝ (ခံစားချက်)

၁။ မချစ်ပဲနဲ့ ချစ်တယ်လို့  မလိမ်ညာပါနဲ့ … မချစ်ရင် မချစ်ဘူးအစကထဲကပြတ်သားပေးပါ ။ (ဆန်းစစ်ဖို့ လုံလောက်တဲ့
အချိန်ကိုယူသင့်ပါတယ်)

၂။ ရည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး ဒါပေမယ့် အတတ်နိုင်ဆုံး အမှန်အတိုင်းချစ်သူ
မိန်းကလေးကို ပြောပြပေးပါ။အချိန်ကြာပြီးမှလိမ်ညာတယ်ဆိုတာ သိရတဲ့အခါ ခံစားရတဲ့ သူမှာပိုပြီးနာကျင်စေပါတယ်။

၃။ ချစ်သူမိန်းကလေးေ၇ှ့ မှာ အရင်ရည်းစားဟောင်းအကြောင်းကို ခဏခဏပြောဖို့မသင့်တော်ပါဘူး...

၎။ တခါတရံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  ယောက်ျားလေးတွေကထင်တတ်ကြတယ် …
အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကိုမဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။


၅။ ရှိတတ်ပါသေးတယ် … ယောကျာ်းလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ့ မှာ ကိုယ့်ချစ်သူလို့ ပြောဖို့ ၊
မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် … ကောင်မလေးသူငယ်ချင်းတွေ ရှေ့ မှာကျတော့ကို့ ကိုချစ်သူ
ူ လို့  အသိပေးစေချင်ကြတယ် …



၆။ မာန်မာန ပါပဲ …လူတိုင်းရှိတတ်ကြတာပါ။ မိန်းကလေးတစ်ယောက်၇ဲ့ မာန်မာနကို အတတ်နိုင်ဆုံး မစော်ကား
မိပါစေနဲ့ ။ မိန်းကလေးတစ်ယောက်ဟာမိမိချစ်သူ ယောကျာ်းလေးအတွက် မာန်မာနတွေကို လျော်ထားတတ်
ကြတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်၇ဲ့မာနက မာနကြီးလှပါတယ်ဆိုတဲ့ ယောကျာ်းလေးတွေထက်
အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက်
နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့..

မိန်းကလေးက အလျှော့ပေးသလောက် ယောကျာ်းလေးကအနိုင်ကျင့်နေမယ် ဆိုရင်လည်း တစ်ချိန်ချိန်မှာ
လုံးဝ(လုံးဝ) မထင်ထားတာတွေဖြစ်တတ်ပါတယ်



၇။နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ချစ်သူ ဒါမှမဟုတ် ကိုရည်းစားနဲ့ အဆက်အသွယ်ရတဲ့အခါ ငါဒီမှာနောက် တစ်ယောက်ရနေပြီ လို့ မပြောမိဖို့ ပါပဲ။ (တစ်ချို့က သူတို့ ကိုယ်သူတို့  လိပ်ပြာလုံသလိုလိုနဲ့  ဘယ်သူက
သူကိုလိုက်နေတယ် ဘယ်ကကောင်မလေးကသူကို ဘာပြောတယ်နဲ့  သူတို့ကောင်မလေးတွေကိုပြောပြ
တတ်ပါတယ် နောက်ဆုံးတော့လည်း သူတို့ ကောင်မလေးထက် သာတော့ပါသွားကြတာပါပဲ.. တဲ့။


ရှမ်းကလေး (အီးမေးလ်က စာကိုပြန်တင်ပေးလိုက်တာပါ။ ရှောင်ရန်ဆောင်ရန်ပေါ့ဗျာ။ အားလုံးပျော်ရွှင်ပါစေဗျာ။)

Thursday, June 17, 2010

မိန်းကလေးများအတွက် အလုဖော်ပြနည်း

ငယ်ရွယ်ချောမောတဲ့ မိန်းကလေး တစ်ယောက်ဟာ သူ့ရဲ့ခန္ဓာကိုယ် အလှအတွက် အတိုင်းအတာ တစ်ခုထိတော့
ဂုဏ်ယူချင်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် အခြေအနေ၊ အချိန်အခါအလိုက် ကိုယ့်အလှတရားကို ဘယ်လောက်ပမာဏ ဖော်ပြကြမလဲဆိုတာ အဖြေခက်တဲ့ မေးခွန်းပါ။ ဥပမာ ညဖက်အိမ်ပြန်နောက်ကျတဲ့ မိန်းကလေးတစ်ယောက် ၀တ်ပုံစားပုံ အနေအထားဟာ ယောက်ျားသားတွေအတွက် အမြင်ကို အစွန်း တစ်ဖက်ဆီ ပြောင်းသွားစေနိုင်ပါတယ်။ ဒါကြောင့်
ကိုယ့်အလှအပကို ရဲရဲပြ မလား၊ ချုပ်တည်းထားမလားဆိုတာ မိန်းကလေးတွေကိုယ်တိုင် ရွေးချယ် ဆုံး ဖြတ်သင့်တဲ့ ပြဿနာ
တစ်ခုပါ။

အရမ်းခေတ်ဆန်ပြီး အဖော် အဟိုက် များရင်လည်း ယောက်ျားတွေရဲ့ မျက်စိပသာဒဟာ လမ်းမှားဆီ ဦးတည် သွားနိုင်ပါတယ်။

အရမ်းလုံခြုံဖုံးကွယ်ထားရင်လည်း ဘယ်သူမှ စိတ်ဝင်စား မှာမဟုတ်သလို “ပြတိုက်ပို့ဖို့ကောင်းတယ်”လို့ ခပ်ရွဲ့ရွဲ့ အပြော
ခံရပါဦး မယ်။ ဒီတော့ မိန်းကလေးတွေဟာ ကိုယ့်အလှကို ဘယ်လောက် အတိုင်း အတာထိ ပြသင့်လဲ၊ အထူးသဖြင့်
ကိုယ်စိတ်ဝင် စားနေတဲ့ ယောက်ျားလေး တစ်ယောက်ကို သိမ်သိမ်မွေ့မွေ့လေး ဘယ်လို ဆွဲဆောင် မလဲဆိုတာ
အင်မတန် ပညာပါတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီ့ အတွက် ဗြိတိန်က သိပ္ပံ ပညာရှင်တွေကလည်း အဖြေရှာ ကြည့်ကြပါတယ်။

နောက်ဆုံးတော့ သူတို့က မိန်းကလေးတွေဟာ သူတို့ရဲ့ အရေပြား အားလုံးရဲ့ (၄၀) ရာခိုင်နှုန်း ကို ဖော်ပြတာ
အသင့်တော်ဆုံးလို့ မှတ်ချက် ပေးလိုက်ကြပြီ ဖြစ်ပါတယ်။ ဒီပမာဏဟာ အမြင်ရိုင်း မသွား စေသလို
အမျိုးသားတွေ ကို ဆွဲဆောင်ဖို့ အသင့်တော်ဆုံး အခြေအနေပဲလို့ ပညာရှင်တွေက ဆိုပါတယ်။

လိဒ်စ်တက္ကသိုလ်က စိတ်ပညာရှင် ကောလင်း ဟင်ဒရီက သူ့ရဲ့ လုပ်ဖော် ကိုင်ဖက် ခပ်ချောချော အမျိုးသမီး သုတေသီ
(၄)ယောက်ကို လိဒ်စ်မြို့က နိုက်ကလပ် (၄)ခုစီ လွှတ်ခဲ့ပါတယ်။ ၀တ်စား ဆင်ယင်ပုံ မတူညီတဲ့ အမျိုးသမီးလေးယောက်
ဟာ ကလပ်တွေရဲ့ ကပွဲခန်းမမှာ ရှိနေတုန်း ယောက်ျားသားတွေ ဘယ်နှကြိမ် ချဉ်းကပ်တာ ခံရသလဲ၊ ဘယ်လို နည်းမျိုး နဲ့
ချဉ်းကပ် တာလား၊ အမှန်တကယ် စိတ်ဝင် စားလို့လား၊ အပျော် သွေးတိုး စမ်းတာလား ဆိုတာကအစ လေ့လာ သုတေသန ပြုခဲ့ကြပါတယ်။

ယောက်ျားတွေရဲ့ ပြောစကားမှန်သမျှဟာ အဲဒီအမျိုးသမီးတွေရဲ့ လက်ကိုင် အိတ်ထဲ ဖွက်ထားတဲ့ အသံသွင်းစက်ထဲကို အကုန်ရောက်နေတာပါ။ ဒေါက်တာ ဟင်ဒ ရီက ချဉ်းကပ်မှု အခြေအနေ တွေဟာ ၀တ်စား ဆင်ယင်မှုရဲ့ အနေအထား
အလိုက် အပြောင်း အလဲရှိ တယ်ဆိုတာကို ခုနည်းနဲ့ သက်သေပြခဲ့ပါတယ်။ နာရီ(၇၀)ကြာတဲ့ သုတေ သန မှတ်တမ်းတွေ
ပြီးသွားတဲ့အခါ ပညာရှင်တွေက အမျိုးသားတွေဟာ သူတို့ စိတ်ဝင်စားတဲ့ မိန်းကလေးတွေကို အပြန်အလှန် စကားပြော
နေဖို့ထက် တွဲကဖို့ ဖိတ်ခေါ်ချင်စိတ်က ပိုများတယ်ဆိုတာ တွေ့လာ ရပါတယ်။

ဒီအချက်ဟာ အရေးကြီးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အတူတွဲကရင်း မိန်းကလေးအပေါ် ပြောဆိုတဲ့ သွေးတိုးစမ်း
စကားမှာ မိန်းကလေးရဲ့ အ၀တ်အစားအလိုက် လေးစားတန်ဖိုးထားမှု ကွာ နေတယ် ဆိုတာ ပညာရှင်တွေက ဖော်ထုတ်
လာနိုင်လို့ပါပဲ။

ဒေါက်တာဟင်ဒရီရဲ့ အဆိုအရ ခန္ဓာကိုယ်ရဲ့ (၄၀)ရာခိုင်နှုန်းကို ဖော်ပြထားတဲ့ မိန်းကလေး တွေဟာ ယောက်ျားလေး
တွေရဲ့ ချဉ်းကပ်မှုကို တခြားသူတွေထက် နှစ်ဆလောက် ခံရသလို လေးလေးစားစား ဆက်ဆံခံရ တာကို လည်း
တွေ့ရပါတယ်။ ခုတိုင်းတာမှုမှာ ခေါင်း၊ ခြေဖ၀ါးနဲ့ လက်တွေကို ထည့် မတွက်ထားပါဘူး။ အမျိုးသမီးတွေဟာ
ရင်ပိုင်းရဲ့ (၅၀)ရာခိုင်နှုန်း၊ လက်မောင်းသားတွေရဲ့ (၁၀)ရာခိုင်နှုန်းနဲ့ ခြေထောက်တွေရဲ့ (၁၅)ရာခိုင်နှုန်းကို ဖော်ပြတာ အသင့်တော်ဆုံးလို့ ဆိုပါတယ်။

ဒီပမာဏဟာ ခန္ဓာကိုယ် အရေပြားရဲ့ (၄၀)ရာခိုင်နှုန်းလို့ သတ်မှတ်နိုင်မယ်လို့ ဒေါက်တာဟင်ဒရီက ပြောပြခဲ့ပါတယ်။ “(၄၀)ရာခိုင်နှုန်းထက် ပိုပြီးဖော်ထားတဲ့ မိန်းကလေးတွေဟာ နည်းနည်းလေး အနှောင့်အသွားမလွတ်တဲ့ သွေးတိုးစမ်း
စကားတွေ ပိုပြီးကြုံရပါတယ်”လို့ ဒေါက်တာဟင်ဒရီက ဆိုပါတယ်။ Behaviorဆိုတဲ့ ဂျာနယ်မှာ ဒီစမ်းသပ်မှုအကြောင်း
အသေးစိတ် ဖော်ပြထားပြီး အမျိုးသမီးတွေကို ချဉ်းကပ်တဲ့ အမျိုးသား အများစုဟာလည်း မပိန်လွန်း၊ မ၀လွန်းသူတေ
ွ ဖြစ်ကြပြီး အဲဒီလို ခန္ဓာကိုယ် အချိုးအစားရှိတဲ့ ယောက်ျားတွေက ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးယုံကြည် တတ်တဲ့
အကြောင်း ဂျာနယ်က ညွှန်းဆိုထားပါတယ်။

from:http://www.hikmah.info/index.php?option=com_content&view=article&id=1696:2009-11-20-06-52-15&catid=16:health&Itemid=67


ရှမ်းကလေး

Thursday, May 27, 2010

ဟိုပြောဒီပြော..ကျနော့်၏ ယောင်္ကျားအကြောင်း စကားဝိုင်း (၁)

ဒီနေ့ တော့ စိတ်ကူးပေါက်လို့ ယောင်္ကျားလေးအကြောင်းပြောပြချင်တယ်ဗျာ။ ယောင်္ကျားလေးအကြောင်းဆိုတာထက် ကိုယ့်ကိုကိုယ် ထင်တာကိုပြောတာဆိုရင် ပိုမှန်ပါလိမ့်မယ်။

မိန်းကလေးအများအားဖြင့်ထင်တာက ရည်းစားများသူဟာ မိန်းကလေးအကြောင်းကို တော်တော်များများနားလည်တဲ့သူလို့  ထင်မှတ် မိတတ်ပါတယ်။ အမှန်တော့မဟုတ်ပါဘူး။ လူတိုင်းဟာ တစ်ခါတလေ ကိုယ်ဘာစဉ်းစားနေမှန်းကိုတောင် မသိကြပါဘူး။ အဲလို ကိုယ့်ကို ကိုယ်မသိတဲ့သူများအနေနဲ့  သူများအကြောင်းကို သိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူးဗျာ။

မိန်းကလေးအများအားဖြင့် ယောင်္ကျားလေးကို Negetative အကြည့်နဲ့  ကြည့်တတ်ပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ မိန်းကလေးတွေဟာ ငယ်ငယ်လေးကတည်းက ယောင်္ကျားလေးဟာ ကြောက်စရာကောင်းတယ်ဆိုပြီး ရိုက်သွင်းခံထားရလို့ ပါ။

(ကြောက်စရာကောင်းတယ်ဆိုတာက တစ်ခုခုဖြစ်ရင် မိန်းကလေးပဲ နစ်နာမယ်လေ.. အဲဒါကိုပြောချင်တာ)

ကျနော်တို့  အာရှက မိန်းကလေးအများအားဖြင့် (ထင်တာနော်) ရည်းစားဖြစ်လာပြီဆိုရင် မယုံမကြည်ဖြစ်တတ်တယ်။ သူငယ်ချင်းကို ပိုယုံကြည်သလို၊ ပတ်ဝန်းကျင်ကို ပိုပြီးဂရုစိုက်ပြီး ရည်းစားကို မယုံသင်္ကာ ဖြစ်တတ်ပါတယ်။

(ဆောရီးဗျာ.. ဒါက ကျနော်ထင်တာနော်.. ယောင်္ကျားအားလုံးအဲလို ထင်ချင်မှ ထင်မှာပါ။ အမှန်တော့ ကျနော်လဲ မိန်းကလေး အကြောင်းကို မသိပါဘူး)

ဟိုနေ့ က ကျနော့် သူငယ်ချင်းနဲ့ စကားပြောဖြစ်တယ်ဗျာ။ သူက မေးတယ် “ယောင်္ကျားလေးတွေက ဘာလို့  ရည်းစားကို လွယ်လွယ်ထားနိုင်လဲ။ သူတို့  တစ်ကယ်ကော ချစ်တတ်ရဲ့ လား?“ ဆိုပြီးတော့ပေါ့ဗျာ။

(အမှန်မှာတော့ အဖြေက လွယ်လွယ်လေးပါ.. အကယ်၍ တကယ်မချစ်တတ်ဘူးဆိုရင် ကျနော်တို့ လဲ ခုလို မိဘ စုံညီတဲ့ ဘ၀ကို ရောက်မှာမဟုတ်ဘူးပေါ့ (ကျနော်ကတော့ ခြွင်းချက်ပေါ့ဗျာ။ ကျနော်က မိဘနဲ့ နေခဲ့တဲ့သူ မဟုတ်ဘူးလေ.. ထားပါတော့ ))။

မိန်းကလေးတွေ ကံကောင်းတာ တစ်ခုက အသဲကွဲရင် သူတို့ ငိုလို့ ရတယ်ဗျ။ ဒါပေမယ့် ယောင်္ကျားလေးတွေက သွေးတာထွက်စေ မျက်ရည်မကျစေနဲ့  ဆိုတဲ့အတိုင်း ၀မ်းနည်းလို့ ငိုချင်တောင်မှ မငိုနိုင်တဲ့ဘ၀ပါ။

(ကျနော်ကတော့် ခြွင်းချက်ပါ.. ငိုချင်ရင်ငိုလိုက်တယ်... ငိုတိုင်းယောင်္ကျားမပီတဘူးလို့ မထင်စေဘူး..။ ကျန်းမာရေး သုတေသနအရ လူတိုင်းဟာ တနှစ်မှာ တစ်ခေါက်ငိုရပါမယ်။ အဲဒါမှ မျက်လုံးမှာ ကပ်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်မှာဖြစ်တယ်တဲ့)

ကျနော်မြင်တာတော့.. ယောင်္ကျားလေးတွေလဲ ခံစားချက်အပြည့်နဲ့ ပါ။ ရည်းစားနဲ့  ကွဲသွားတိုင်း အရက်ဝိုင်းသွားရတာက ငိုလို့  မရဘူးလေကွာ။

ယောင်္ကျားလေးတွေအနေနဲ့  ရည်းစားအသစ်ထားနိုင်တာက အနာကို ဖုံးလွှမ်းချင်လို့ လေကွာ။ မိန်းကလေးတွေထက် ယောင်္ကျားလေးတွေက ခံနိုင်ရည် နည်းပါတယ်။

အိမ်ထောင်ပြုသွားတဲ့ ယောင်္ကျားလေးတွေ အရက်၊ ဆေးလိပ်ဖြတ်နိုင်တာက သူတို့ ကို ဂရုစိုက်တဲ့လူကို လိုချင်လို့ ပါ။ ယောင်္ကျား လေးတွေအရွယ်ရောက်လာရင် အိမ်က လွှတ်ထားတတ်တယ်ဗျာ။ အဲဒါသူတို့ ကို ဂရုမစိုတ်တော့ဘူး ဆိုတဲ့ သဘော မဟုတ်ဘူးလား?။ ယောင်္ကျားလေးလဲ အသဲနဲ့ ပါဗျာ။ အားငယ်တတ်ပါတယ်။

ကျနော်တို့ နိုင်ငံက မိန်းကလေးတွေဟာ ယောင်္ကျားက အိမ်ထောင်ဦးစီးဖြစ်ရမယ်.. ဒါကြောင့် ဟိုဟာ.ဒီဟာ လုပ်ရမယ် ဆိုပြီး ဖိအားပေးတတ်ပါတယ်။ ဒါပေမယ့် အဲဒါက တဖြည်းဖြည်းနဲ့ လုပ်ယူရမယ့်အရာပါ။ ဘယ်ယောင်္ကျားလေးမှ.. အူဝဲ လို့ မွေးလာ တာနဲ့  အိမ်ထောင်ဦးစီး တာဝန်ကို သိတာမရှိပါဘူးဗျာ။

အသဲတွေကွဲပြီးတိုင်းမှာ.. ယောင်္ကျားလေးဟာ အမြဲတမ်းလိုလို အပြစ်ရှိတဲ့သူ အဖြစ်အထင်ခံရပါတယ်။ ဒါပေမယ့် ကျနော့်အမြင် အရတော့ဗျာ.. ရည်းစားဖြစ်ပြီဆိုရင် ယောင်္ကျားလေးတွေဟာ အားလပ်တဲ့အချိန်တွေကို ချစ်သူအတွက်ပေးပါတယ်။ ဗိုက်ဆံ မရှိရင်တောင်မှ သူငယ်ချင်းဆီက ချီးပြီး ရည်းစားနဲ့ သွားတွေ့ ပါတယ်။

ရည်းစားနဲ့ ကွဲလို့  အရက်သောက်ရင်လဲ လူတကာက အသုံးမကျတဲ့ကောင်.. နွဲ့ လွန်းတဲ့ကောင် ဆိုပြီးတော့တောင် အပြောခံရပါတယ်။ ယောင်္ကျားလေးဆိုတာက လွယ်လွယ်နဲ့  ကိုယ့်ခံစားချက်ကို ပြောတတ်တာမဟုတ်ပါဘူး။ ရှက်တတ်တယ်လေကွာ။

ယောင်္ကျားလေးဖြစ်ပြီး သူများတကာကို ငါအသဲကွဲတယ်ကွာ ဆိုပြီး ငိုယိုတတ်တဲ့ သတ္တ၀ါမဟုတ်ဘူးလေ။ သိက္ခာပေါ့လေ။ ဒါပေမယ့် ယောင်္ကျားလေးတွေဟာလဲ သနားစရာပါလို့ .........


တင်မြင်တာကို စိတ်ပါနေတုန်းရေးလိုက်ပါတယ်.. စာဖတ်သူများရေ.. (မဟုတ်ဘူးလို့ ထင်ရင် အကြံပေးလို့ ရပါတယ်နော်)


ရှမ်းကလေး

မှတ်ချက်။ ။ ကျနော်အရင်တုန်းက ယောင်္ကျားလေးတွေ မိန်းကလေးတစ်ယောက်ကို ကြိုက်ရင် ဘယ်လို လုပ်တတ်တယ် ဆိုတာကို ဖော်ပြဖူးပါတယ်။ အကယ်၍ စာဖတ်ပရိတ်သတ်များက မိန်းကလေးဘက်မှ တင်ပေးနိုင်လျှင် အလွန်ကျေးဇူးတင်မိပေမည်။ ပေးပို့ လိုပါက shankalay13@gmail.com ကိုပေးပို့ စေလို ပါတယ်ဗျာ။ )

Friday, May 21, 2010

အားနာရင်..ခါးပါတယ်ဗျ..

ဟိုးရှေးရှေးတုန်းက အလွန်ရင်းနှီးသော သူဌေးနှစ်ယောက်သည် ၄င်းတို့ သား၊သမီးများကို လက်ထပ်ပေးရန် ဆွေးနွေးကြလေ၏။ သို့ နှင့် သမီးများသာ ရှိခဲ့ပါက သူ့ သမီးကု ကိုယ်ယူ၊ ကိုယ့်သမီးကို သူယူဟု ဆုံးဖြတ်လိုက်လေသည်။

ထင်သည့်အတိုင်းပင်.. ၄င်းတို့ တွင် သမီးများသာ ဖွားမြင်ကြလေသည်။ တို့ နှင့် သူဌေးတစ်ယောက်မှာ သူ့ သမီးအား အဖေအရွယ် သူဌေးနှင့် ပေးစားရမည်ကို စိတ်မချမ်းမသာဖြစ်နေလေ၏။

ထိုအဖြစ်ကို တွေ့ သော သမီးက အဖေကို မေးမြန်းသောအခါ... သူဌေးကလဲ အကြောင်းစုံပြောပြလေသည်။ သမီးဖြစ်သူကလဲ ဖခင်ကို မပူပင်ရန် ပြောပြပြီး.. သူဌေးကြီး သူငယ်ချင်းကို သွားလည်လေသည်။

ထိုသို့ သွားစဉ်..လမ်းခရီး တစ်ဝက်ရောက်သောအခါ မိုးချုပ်လာသဖြင့် သူဌေးသမီးသည် ညောင်ပင်ကြီးတစ်ပင်အောက်တွင် ခိုလုံကာ စိတ်မချမ်းမသာဖြစ်နေလေသည်။

ထိုအဖြစ်ကို မြင်သော ယောက္ခစိုးကြီးက ကိုယ်ထင်ပြကာ..

“အို...မိန်းကလေး ဘာတွေများသောကရောက်နေလို့  စိတ်မချမ်းမသာဖြစ်နေသလဲ?”

ထိုအခါ သူဌေးသမီးက ငိုယိုကာ..

“ကျမကို ကူညီပါယောက္ခစိုး မင်းကြီးရယ်” ဟု ဆိုကာ အကြောင်းစုံရှင်းပြလေ၏။

အကြောင်းစုံသိပြီးသွားသောအခါ ယောက္ခစိုးမင်းက

“ဒါဆို...ဘယ်လိုကူညီရမလဲ?” ဟုမေးမြန်းလေသည်။

ထိုအခါ သူဌေးသမီးက...

“အရင်.... ကျမကို အောက်ပိုင်းဌားပေးပါ... ခုနှစ်ရက်မြောက်တဲ့အခါ ကျမပြန်လာပြီး လာပြန်လဲပါ့မယ်” ဟုတောင်းဆိုလေသည်။

ထိုအခါ ယောက္ခစိုးမင်းကြီးလဲ အားနာကာ အောက်ပိုင်းကို ဌားပေးလိုက်လေသည်။

ထို့ နောက် မိုင်းလင်းသောအခါ... သူဌေးသမီးလဲ တခြားသူဌေးဆီသို့ ရောက်သွားလေသည်။

ရောက်ပြီးသောအခါတွင် သူဌေးသမီးမှာ အလွန်ချောမောသဖြင့်... အချင်းချင်းချစ်ခင်စုံမက်ကာ ပျော်ရွှင်စွာရာသက်ပန် နေထိုင်သွားကြလေသည်။ (happy ending ပေါ့ဗျာ)

သို့ သော်...

ယောက္ခစိုးကြီးမှာ သူဌေးသမီးပြန်လာမည့်အချိန်ကို စောင့်နေသည်မှာ လ မှ နှစ်တို့ ပြောင်းသွားသည့်တိုင် သူဌေးသမီး
ပြန်မလာသဖြင့် အပေါ်ပိုင်းက ယောင်္ကျား...အောက်ပိုင်းက မိန်းမ ဖြင့်နေသွားရလေသည်။

ထိုချိန်မှစ၍ အားနာလျှင်ခါးပါသည်ဆိုသော... စကားပေါ်ပေါက်ခဲ့လေသတည်း။


ရှမ်းကလေး (ဖတ်ဖူးသော စာအုပ်မှ မှိတ်မိသမျှဝေပေးလိုက်ပါတယ်ဗျာ)

Sunday, November 22, 2009

ဘန်ကောက်က ရှမ်းနှစ်သစ်ကူးပွဲတော်..

ဒီနေ့ က 22 ရက်နေ့ လေ။ ရှမ်းနှစ်သက်ကူး 2104 ခုနှစ်မြောက်ပေါ့ဗျာ။ ဒီပွဲကို ဘန်ကောက်မှာ ကြီးကျယ်စွာကျင်းပ ပါတယ်။ ကျင်းပတဲ့ နေရာကတော့ ရှမ်းဘုန်းကြီးကျောင်း ၀တ်မိုင် (၀တ်=monastery၊ ဘုန်းကြီးကျောင်းပေါ့။) (မိုင်ကတော့ = အသစ်) ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

ဘယ်လောက်ကြီးကျယ်လဲဆိုရင် လူပြည့်ကျပ်နေအောင်ပါပဲ။ အဲခက်တာက ဒီနေ့ မှာ ကျနော်က အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့  ဖြစ်တဲ့ ILO အတွက်သွားပြီး စကားပြန်လုပ်ပေးနေရတဲ့အတွက် ပွဲကိုသွားရောက်မလည်ခဲ့ရပါဘူး။

စကားမစပ်ပြောရမယ်ဆိုရင် ကိုယ်က မြန်မာစကားစစ်စစ်ဖြစ်တဲ့ စကားလုံးတွေကို ပြောနေပေမယ့်လဲ၊ ကိုယ်ပြောတဲ့ အဖွဲ့  အစည်းအကြောင်းကို သိမသိတော့ ကိုယ်လဲမသိဘူးလေ။

ဂုဏ်ယူစရာ (ထင်တာပေါ့လေ) တစ်ခုကတော့ မြန်မာအလုပ်သမားလိုလိုက ထိုင်းစကားကို ပြောတတ်သားဗျ။ (မပီတာကလွဲရင်၊ ကျနော်လဲ မပီပါဘူးလေ)။ ကျနော်တို့ နဲ့ ပြောရင်တောင် သူတို့ က ထိုင်းလိုသုတ်တာ။

အဲလိုနဲ့  အလုပ်ပြီးတဲ့အချိန်က ညနေ ၄ နာရီရှိနေပြီလေ။ ထိုင်းမှာဆိုရင် လိုင်းကားတွေက ည 12 နာရီ 59 ထိပဲပြေးတယ်လေ။ နှစ်သစ်ကူးကြိုတာက ည 12 နာရီလေ။ ကျနော်နေတဲ့ နေရာနဲ့  ဘုန်းကြီးကျောင်းက အဝေးသားဗျ။ ဒါကြောင့်မို့  မသွားလိုက်ရပါဘူး။

ဒါပေမယ့် ကိုယ့်ကိုကိုယ်အတွက် ရှမ်းဟင်းလေးတော့ချက်လိုက်ပါတယ်။

လုပ်ပုံကတော့

၁) ကြက်သွန်ဖြူ၊ ကြက်သွန်နီကို (သင့်လျော်တစ်လောက်) အခွံခွါပြီး ရေပြုတ်လိုက်ပါတယ်။
၂) 1၀ မိနစ်လောက်ကြာတဲ့အချိန်မှာ ပြုတ်ထားတဲ့ ကြက်သွန်ဖြူနဲ့  ကြက်သွန်နီကို ရောထောင်းပါတယ်။


ထောင်းနေစဉ်အတွင်းမှာ ပဲပုတ်အမှုန့် နှင့် ငရုတ်သီးအမှုန့် ကို နှစ်သက်သလို ရောထည့်လိုက်ပါတယ်။ ကြေသွားတဲ့အချိန်မှာ ဆား၊ ဟင်းချိုမှုန့်  ကိုထည့်လိုက်မယ်ဆိုရင် ပဲပုတ်ထောင်းကို ရရှိမှာဖြစ်ပါတယ်။ (ပဲပုတ်မရှိရင် တခြားဖြစ်တဲ့ ငါးပိကို အစားထိုးလို့ ရပါတယ်။ ) အဲရှမ်းဟင်းတော့ မဖြစ်သွားဘူးပေါ့လေ)

ဒါနဲ့ ပဲ ဒီနှစ်မှာတော့ ကိုယ့်ဟင်းနဲ့ ကို ကျေနပ်လိုက်ရပါတယ်။



လေးစားစွာဖြင့်



ရှမ်းကလေး

Wednesday, October 14, 2009

ပါးစပ်အနံ့  ပျောက်နည်း

လူတိုင်းမှာတော့ ပါးစပ်နံ့ လေးတွေ ရှိကြမယ်။ ဒါကြောင့် အပျို ဘ၀လေးမှာ စားပြီးတိုင်း သွားတိုက်ရတာလဲ အမောလေ။ တချို့  ဆိုရင် တစ်နေ့ ကို 6 ခေါက်လောက်တောင် တိုက်တယ်။

ဒါပေမယ့် ဘယ်လို တိုက်တိုက် အနံ့ က ပျောက်မသွားတာလေးကို ခံစားရပြီး ကသိကအောက် ဖြစ်မိတဲ့ အချိန်လဲ ရှိမယ်လို့  ထင်တယ်။ အထူးသဖြင့် ရည်းစားလေးနဲ့  နမ်းမယ်လုပ်တုန်း xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx တာတွေလဲ ရှိမှာပေါ့ နော်။ ( ကိုယ့် ကိုကိုယ် စဉ်းစားကြည့်ပေါ့နော် (မြန်မာပြည်ကလာတယ်ဆိုတော့ censor ဖြတ်တတ်တဲ့ အကျင့်က စွဲနေတယ်လေ))။

ဒါပေမယ့် အခုတော့ ပူစရာမလိုတော့ဘူးပေါ့ဗျာ။

လုပ်တဲ့ နည်းလမ်းကတော့ လွယ်လွယ်လေးပါ။ ကိုယ့် ပါးစပ်အနံ့ ပျောက် ချင်ရင်တော့ ကန်စွန်းရွက် (ရိုးတန်အနီ) ကို မန်ကျဉ်းသီးနဲ့  အချဉ် ဟင်းရည်ချက်ပြီးသောက်ပါ။ တဖြည်းဖြည်းနဲ့  ပျောက်သွားပါလိမ့်မယ်။ (ပျောက်ချင်လွန်းလို့  အရမ်းမလုပ်နဲ့ နော်၊ ချီးပန်းရင် တော့ တာဝန် မယူဘူးဗျို့ )

ဒါမှ မဟုတ်ရင် အစာစားပြီးတိုင်း မန်ကျဉ်းသီး အချဉ် (၀ါ) အချိုကို စားပေးရင်လဲ အနံ့ ပျောက်စေနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်ဗျာ။



ရှမ်းကလေး (source: swan နှင့် ဖြည့်ဆည်းဖော်ပြပေးလိုက်ပါသည်)

အစားအစာ စားနည်းလေး

အခုခေတ်မှာဗျာ အသက်ရှင်ဖို့  စားရတယ်ဆိုတာထက် စားဖို့ အသက်ရှင်နေရတဲ့ ခေတ်ရောက်နေတယ်။ ဘာလို့ လဲဆိုတော့ လူက မနက်အစောကြီးထ ပြီးတော့ ၀င်ငွေရဖို့ အရေး အလုပ်တွေကြိုးစားပြီးလုပ်ရတယ်လေ။ ရလာတဲ့ ၀င်ငွေကိုလဲ လောက်င အောင် သုံးနေရတယ်လေ။ ၀င်ငွေမရှိရင် အိမ်က ဆူဆူပူပူ လုပ်တာတို့ ကလဲ မမြင်ချင်အဆုံးပေါ့ဗျာ။ ခုခေတ်က လူတွေက စားစရာရှိရင် တိတ်တိတ်လေးနေပြီး စားစရာမရှိရင် ဆူညံ၊ ဆူညံ လုပ်နေကြလို့  စားဖို့ အသက်ရှင်တဲ့ ခေတ်လို့  ကျနော်တော့ ကောက်ချက် ချတယ်လေ။

ကဲ... အစားအစာ စားတဲ့အခါမှာ ပထမဆုံးအနေနဲ့  ကျေညှက်အောင် ၀ါးစားရပါမယ်။ အဲဒါမှ ကိုယ့်ဝမ်းဗိုက်က သိပ်ပြီး အလုပ်လုပ် ရမှာလေ။ ကိုယ့်အတွက်ကောင်းတာပေါ့။

ဒုတိယ အချက်က ထမင်းစားတဲ့အချိန်နဲ့  အိပ်ချိန်က 3 နာရီ ကွာရမယ်နော်။ မဟုတ်ရင် လူကို ၀စေတယ်ဗျ။ (မယုံမရှိပါနဲ့  ကျနော်လဲ စားပြီးရင် အိပ်တတ်တဲ့ အကျင့်လေးရှိနေတာ အခုဆိုရင် ဆင်ပေါက်စလေးတောင်ဖြစ်နေပြီလေ။ အရင်တုန်းကတော့ model လိုလို၊ ၀ါးခြမ်းပြား အ၀တ်စီးထားသလိုလို ပေါ့ နော်။)

တစ်ခါ တလေတော့လဲ ငယ်ငယ်ကသင်ထားတဲ့ သင်ခန်းစာလေးကို ပြန်မှတ်မိပါတယ်။ ဘာတဲ့........
“အစားအစာ ၀ါးစားပါတဲ့ဗျား”


ရှမ်းကလေး (source: swan နှင့် ဖြည့်ဆည်းဖော်ပြပေးလိုက်ပါသည်)

လက်နုနယ်အောင်လုပ်တဲ့နည်း...

လူတွေက အသက်ကြီးလေ ပိုပြီးလှချင်လေတဲ့ဗျ (ကျနော့်အမြင်လေ)၊ ဥပမာအားဖြင့် တစ်ချို့ အပျို ကြီးတွေက ပြောရင်တော့ ပါရမီပါမှ လုပ်နိုင်တာ...(သူတို့ က ကိုယ့်ထက် ပါရမီပိုရှိ သလိုလိုနဲ့ ပေါ့နော်) ဆိုလိုက်ပါသေးတယ်။ ဒါပေမယ့် ကျနော်နဲ့  သူငယ်ချင်းတွေကတော့ ယူမယ့်သူ မရှိလို့  အပျိုကြီးဖြစ်တယ်လို့  ခံယူထားတာလေ (ယောင်္ကျား၊ မိန်းမ မရွေးပေါ့လေ)။

လိုရင်းကို သွားမယ်ဆိုရင်၊ မျက်နှာကို နုနယ်အောင်လုပ်ဖို့ ကြတော့ မိတ်ကပ်တို့ ၊ ပေါင်တာတို့ ၊ အမျိုးမျိုး ရှိနေတယ်လေ။ ယောင်္ကျား လေးတွေကလဲ မျက်နှာကို ကြည့် ပြီးရင် လက်ကို ကြည့်ကြတယ်လေ။ လက်က တွန့် နေရင်တော့ မျက်နှာ ဘယ်လောက်နုနု အဘွားကြီး ပဲ ဖြစ်မယ်ဆို ပြီးကောက်ချက်ချတတ်ပြန်တယ်ဗျ။

အဲ ဒီနေ့ တော့ ကြံကြံဖန်ဖန် ကျနော်လဲ စာအုပ်တစ်အောက်ကို ကောက်ဖတ်တုန်းရတာလေးကို ပြန်ဝေမျှလိုက်ပါတယ်။

နည်းကတော့ လွယ်လွယ်လေးပါ။ ပထမဆုံးအနေနဲ့  လက်ကို ဆပ်ပြာနဲ့  စင်ကြယ်အောင်ဆေးပါလေ။ ပြီးသွားတဲ့ အခါ မှာ လက်ကို သကြား (စားတဲ့ သကြားပေါ့) နဲ့  ပွတ်တိုက်ပေးပါ။ တစ်နေ့ ကို နှစ်ကြိမ်လောက် လုပ်ပေးလိုက်ခြင်းအားဖြင့် လက်ရဲ့  နုနယ် မှုကို ခံစား လာရပါလိမ့်မယ်။

သီတင်းကျွတ်ပြီဆိုတော့ အပျို၊ လူပျို လေးတွေလဲ ညားနိုင်ကြပါစေဗျာ။

ရှမ်းကလေး (source: swan နှင့် ဖြည့်ဆည်းဖော်ပြပေးလိုက်ပါသည်။ )

Sunday, October 4, 2009

တစ်နေ့ တာ လုပ်သင့်တာလေး

1. ရေများများသောက်ပါ။

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါ)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးပါ။

6. ကစားခုန်စားလည်း များများပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်တော်ကတော့ 8 နာရီကျော်ကျော်လောက်ပဲ အိပ်တာ):P

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်တဲ့။ (အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


*ကိုယ်ရည်ကိုယ်သွေး*

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘယ်လမ်းကြောင်းကို လျှောက်လှမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဖိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင် လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန်အကျွံ မလုပ်ပါနဲ့.. အတိုင်းအတာ တစ်ခုထိပဲလုပ်တာ ကောင်းပါတယ်။ (ဒါကြောင့်ကို.. ဘာမှမလုပ်ပဲ နေတာ..)

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက်ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ လုပ်ကိုင်စရာ လုပ်သင့်တဲ့ လုပ်တွေအားလုံးရှိနေပါတယ်။ အချိန်မဖြုန်းပါနဲ့။ (အလုပ်သိပ်မလုပ်နဲ့ လို့ လဲ ပြောတယ်။ အချိန်မဖြုန်းဖို့ လဲပြောတယ်နော်)။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။ (ရည်းစားအဟောင်းတွေ အကြောင်းသိပ် မစဉ်းစားနဲ့  ပေါ့လေ။ )

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့ အချိန်တောင် ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။ (များများချစ်သင့်တယ်လေ)

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက် မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲဒီကျောင်းတော်ကြီးမှာ ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြဿနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့ သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရယ်ပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင် သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

*လူမှုဆက်ဆံရေး*

25. သင့်မိသားစုနဲ့ မကြာခဏဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။ တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။ (သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး၊ ဘွားဘွားတွေ၊ အသက် 6 နှစ်အောက်ကလေးတွေနဲ့ အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံးရယ်သွားအောင် ကြိုးစားကြည့်ပါလား။

30. တစ်ခြားသူတွေ သင့်ကိုဘာပဲထင်ထင်။ ကောင်းတဲ့ အလုပ်ဆို များများသာလုပ်ပါ။

31. သင့်ရဲ့အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကိုလာပြုစုမှာ မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


*ဘ၀*

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့ အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ကံ ကံ၏အကျိးကိုယုံပါ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ..မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် .....ကုသိုလ်များများလုပ်ပါ ...စိတ်ထားကောင်းကောင်း မွေးမြုပေးပါ။


35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..လုပ်သင့်တာလုပ်..။
ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာဦးမှာပါ။ကြိုးစားရမှာ မိမိ တာဝန်သာ ဖြစ်တယ်။


38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်း လူဖြစ်လာတဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းသိပါစေ....(ဆရာဝန်လုပ်ဖို. သူဠေးကြီးလုပ်ဖို့ အင်ဂျင်နီယာကြီးဖြစ်ဖို့ လူဖြစ်လာတာမဟုတ်ပါဘူး ကောင်းမူကုသိုလ်တွေလုပ်ဖို. လူဖြစ်လာတာပါ။)


39. ကိုယ့်ရဲ့အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့် ပျော်ပျော်သာနေပါ။ဒုက္ခတွေကို ပေါ့ပါးစွာဖြစ် ရင်ဆိုင်ပါ။



ရှမ်းကလေး (အီးမေးလ်မှစာအား ပြန်လည်ဝေမျှလိုက်ပါသည်၊ သီတင်းလဲကျွတ်ပြီဆိုတော့လဲ ချစ်သူများပျော်ရွင်နိုင်ပါစေဗျာ)