Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, March 6, 2010

ရှာပုံတော် ...

အချစ်ရဲ့  အရသာက
ငါ့အတွက်တော့ ခါးသက်သက်

နေ့ ရက်တိုင်းလဲ ငါကရှာဖွေ
လဲပြိုချိန်တွေလဲ များခဲ့ပြီလေ။

အချစ်စစ်ကိုရှာတော့
မတွေ့ နိုင်တဲ့ငါ့ရဲ့ ဘ၀။

ယုံကြည်မှုလဲ လဲကာပြိုလေတော့
ငါ့စိတ်ကငိုမိသေးတယ်။

အသက်ကြီးတော့ ဦးနှောက်ကဦးဆောင်
မယောင်မလည်နဲ့ ပဲ ငါကျင်လည်ခဲ့တယ်။

အချစ်က စားလို့ မရပေမယ့်
သူမရှိတော့ ခက်ခဲလေတယ်။

ရှာလိုက်အုန်းမယ် တွေ့ တဲ့အချိန်ထိ
အချစ်စစ်ဖြစ်ပါစေလို့ လဲ
ဆုတောင်းမိစဲ။


လေပြေ

No comments: