Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, March 25, 2010

တိုတောင်းသောအချိန်

ဘ၀ကတိုတောင်းလွန်းတယ်
အမုန်းတရားနဲ့  ရှင်သန်ခဲ့ရင်တော့
လူဖြစ်ရကျိုးဘယ်နပ်မလဲ။

တိုတောင်းချိန်ခါမှာ အချစ်ကိုသာရှာနေလဲ
ဝမ်းနည်းစရာတွေ၊ ပျော်စရာတွေတော့တွေ့ မှာပေါ့။

လူပေါင်းသန်းကုဠေ ကိုယ့်ကိုမှတ်မိဖို့ တော့
ကြိုးစားသင့်တယ်ထင်တယ်။

ခုဘ၀မှာတော့ ရှမ်းကလေး
နောင်ချိန်ဘ၀မှာ ကျော်စွာဖြစ်ခဲ့ရင်တော့
ငါကငါမဟုတ်တော့ဘူးလေ။

နောင်ဘ၀က လုံးဝမသေချာတော့
ဒီဘ၀လေးမှာ ပျော်အောင်နေလို့ လဲ
ကံကမပေးတော့ ဘယ်လိုလုပ်ရမလဲ?။

တိုတောင်းချိန်ခါ မင်းငါ့အနားမှာ
မရှိတော့လဲ ဘ၀ဆိုတာကြီးကို
ရဲရဲရင်ဆိုင်ရင်းနဲ့ 
သမိုင်းမှာ ငါ့နာမည်ရှိချင်တယ်။



ရှမ်းကလေး

No comments: