Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, March 24, 2010

အအေးဝိုင်းက လူပျိုအကြောင်း

တစ်နေ့ တစ်၌ သူငယ်ချင်းနှစ်ယောက် ပျင်းပျင်းရိရိ ရှိသဖြင့် အပျင်းပြေစေရန်အလို့ ဌာ လမ်းလျှောက်ထွက်လာကြသည်။ တော်တော် လျှောက်မိသွားသောအခါ သူငယ်ချင်းတစ်ယောက်က “ဒီတိုင်းလမ်းလျှောက်နေရင်တော့ ပျင်းစရာကြီး ဆိုင်တစ်ဆိုင်မှာ သွားထိုင်ရအောင် ကွာ” ဟု အဖော်ညိလေသောအခါ မဆိုင်းမတွပင် ကျန်တစ်ယောက်က “ကောင်းသားပဲ” ဟု ထောက်ခံလေသည်။

သို့ သော် သူတို့ ရောက်နေသော နေရာတွင် လဖ္ဘက်ရည်ဆိုင်လဲမရှိ ၊ အအေးဆိုင်လဲ မရှိပဲ အရက်ဆိုင်တစ်ဆိုင်သာ ရှိသည့်အတွက် စိတ်မပါစွာဖြင့်ပင် ဆိုင်သွင်းသို့ ဝင်ခဲ့လေသည်။

ဆိုင်တွင်းရောက်သောအခါ စားပွဲထိုးလေးက “အစ်ကို တို့ ဘာသောက်မလဲမသိဘူး?”

“အအေးရှိလား?” ဟုပြန်မေးသောအခါ

“အအေးတော့မရှိဘူးဗျ။ အပူပဲရှိတယ်” ဟု စားပွဲထိုးကပြန်ဖြေလေသည်။

“အပူဆိုတာက လဖ္ဘက်ရည်တို့ ကို ပြောတာလား?” ဟု ပြန်မေးတော့... “မဟုတ်ပါဘူး... အရက်တို့ ၊ ၀ီစကီ တို့ ကို ပြောတာပါ”

“တခြားဟာမရှိဘူးလား? အရက်သောက်ရင်စိတ်ကောက်တတ်လို့ ကွ”

“အစ်ကိုရယ် အပူခြင်းအတူတူ၊ အရက်လဲ ပူတာပဲဟာ.. ဒါပေမယ့် အစ်ကို့ အတွက် ခက်ခဲမယ်ဆိုရင် အစ်ကိုလိုချင်တဲ့ အအေးဖြစ်သွား အောင်ကျနော် ရေခဲထည့်ပေးမယ်လေ။ ဒါဆိုရင် အစ်ကို့ အနေနဲ့ ၊ အအေးပဲသောက်လာတာပါလို့  ပြန်ပြောလို့ ရတာပေါ့”

“ ဟ... ငါက မလိမ်တတ်ဘူးကွ”

“အစ်ကိုက လိမ်မှ မလိမ်ရပဲဟာ.. ရေခဲထည့်သောက်တာလေ.. ရေခဲထည့်သောက်ရင် အေးသွားတယ်ဆိုတာ ဘယ်သူမဆိုသိပါတယ်” ဟုစားပွဲထိုးလေးက လှလှပပလေးကို စွဲဆောင်ပါတော့တယ်။

အင်း...ဒီတစ်ယောက်က လိမ်တာကို မကြိုက်ဘူး။ ဒါကြောင့် “အေး...ငါအအေးပဲယူမယ်.. အေးတဲ့ဟာ တစ်ခုခုယူခဲ့ကွာ” ဟု ပြောလိုက်ပါသည်။ ထိုအခါ စားပွဲထိုးလေးက ဖန်ခွက်တွင်း ရေခဲအပြည့်ထည့်ထားသည့် အရက်ခွက်ကို ယူလာပေးလေသည်။

ကျန်တစ်ယောက် က သူငယ်ချင်းသောက်တော့လဲ အားနာတတ်သည့်အတိုင်း အနစ်နာခံကာ လိုက်သောက်လိုက်ပါသည်။ (အအေးလေ..)

သို့ နှင့်.......... သူငယ်ချင်းနှစ်ယောက်မှာ ရင်အေးစေရန်အတွက် ၀ီစကီ နှင့် ရေခဲရောထည့်ထားသော အအေးကို အားရပါးရ သောက်ရင်းနှင့်....

၁။ ။ “ဟား......လူပျိုဖြစ်ရတာမလွယ်ပါလားကွာ..” ဟု မဆီမဆိုင်ပြောတော့..

၂။ ။ “ဘာလို့ လဲဗျ? လင်းစမ်းပါအုန်း”

၁။ ။ “ဒီလိုကွ... သွားတဲ့နေရာတိုင်းမှာ လူတွေက ကိုလူပျို မိန်းမ မရသေးဘူးလား? လို့  အမြဲတမ်းမေးနေတာပဲ။ အဲ တစ်ခါတလေ ဆိုရင်သူငယ်ချင်းတွေကတောင် လူပျိုဖြစ်တာ ရှာလို့ ပဲမတွေ့ လား၊ ယူမယ့်သူပဲ မရှိတာလား? လို့ တောင် ကဲ့ရဲ့ ပြောဆိုနေသေး တယ်ကွာ”

၂။ ။ “ဟာ... လူပျိုဖြစ်ရတာ အဲလောက်တောင် ခက်ခဲသလားဗျ?“

၁။ ။ “ ခက်တာပေါ့ကွာ.. လူပျိုဖြစ်တာက အချစ်စစ်ကို စောင့်နေတာလို့ ပြောရင်ဘယ်သူမှကို မယုံကြဘူးပဲ။ ကမ္ဘာကြီးမှာ လူပျို၊ အပျိုတွေအများကြီးရှိပါတယ်။ လူတွေအားလုံးက ကိုယ်ချစ်တဲ့သူနဲ့ ပဲ နေချင်ကြမှာပဲ။ ငါလဲ အဲဒီလူတွေထဲက တစ်ယောက်ပဲကွ”

၂။ ။ “ကျနော်ထင်တာက အတွဲရှိသူတွေတာ စိတ်ညစ်ရတယ်လို့ ထင်နေတာ”

၁။ ။ “ဘယ်လိုလဲကွ.. ငါ့ကို နည်းနည်းပြောပြပါလား”

၂။ ။ “ဒီလိုလေဗျာ... ရည်းစားများတာ ချစ်တတ်လို့ ဆိုတာ မင်းယုံသလား?”

၁။ ။ “ ဒါပေါ့... မချစ်တတ်ရင် ရည်းစားများနိုင်မလားလို့ ။ ဒါပေမယ့် တစ်ခါတည်း သုံး၊ လေးယောက်ထားတာတော့ မဖြစ်သင့်ဘူး”

၂။ ။ “ အဲဒါပေါ့ဗျာ... ကျနော်က တစ်ယောက်ပြီးမှ နောက်တစ်ယောက်ထားတာ။ အဲဒါရည်းစားများတာမှ မဟုတ်ပဲ။ တစ်ယောက်ဆိုမှ တစ်ယောက်ပဲ။ ဗူးဆိုရင် ဖရုံတောင်မပေါက်ဘူးဆိုတဲ့ စကားပုံအတိုင်းပေါ့။ ကျနော်က သူကြီးမိဘပြောတာကို သဝေမသိမ်းအဲလို လိုက်နာတတ်တာ။”

၁။ ။ “ အဲဒါကောင်းတာပေါ့။ ရှေးရိုးလဲ မပယ်နဲ့  ဆိုတဲ့ စကားတောင်ရှိတာပဲဟာ”

၂။ ။ “ခက်တယ်ဗျာ တကယ်ကိုခက်တယ်”

၁။ ။ “ဘာများခက်လဲကွာ။ အတွဲထားတာပဲဟာ အတွဲမရှိတာထက်စာရင်တော့ကောင်းပါသေးတယ်”

၂။ ။ “ မဟုတ်ဘူးဗျ။ အတွဲရှိရင်တောင်မှဗျာ.......ကိုယ့်ထက်အသက်ကြီးတဲ့သူကို ထားတော့.. ဟင်း..ဒီကောင်က မိန်းမကို ခိုကပ် စားမယ့်ကောင်လို့ အပြောခံရတယ်ဗျာ”

၁။ ။ “ဟာ... အဲလိုကြီးလား..? အင်း...အဲဒါတော့ ငါမသိဘူးပဲ။ ဒါဆို အငယ်ထားပေါ့ကွာ”

၂။ ။ “မဟုတ်သေးဘူးဗျ... အငယ်ထားလိုက်တော့လဲ ......ဟင်း...ဒီကောင်တော့ ကလေးတွေကို ဖြားယောင်းနေတယ်လို့  ပြောပြန် တယ်ဗျာ”

၁။ ။ “ ဟာ.......ဒီလိုဆိုရင် ရွယ်တူကော?”

၂။ ။ “ ရွယ်တူထားတော့လဲ.....ဟင်း....ဒီကောင်တော့ သူငယ်ချင်းကိုတောင် မရှောင်ပါလားလို့  ပြောပြန်တယ်”

၁။ ။ “ ဟေ.......။ အမှန်လား?”

၂။ ။ “အမှန်ပေါ့ဗျာ။။။ ငါက လူပျိုကြီးပဲလုပ်တော့မလားလို့  စိတ်ကူးနေတာ။ ခုတော့..............”

၁။ ။ “ အေးကွာ........လူပျို ဖြစ်လဲ အပြစ်ပြောခံရ။ အတွဲရှိတော့လည်း အပြောခံရဆိုတော့.....”

လက်ကျန်ကို နှစ်ယောက်သား မော့သောက်လိုက်ပြီး..... အတွေးကိုယ်စီဖြင့်သာ..ငြိမ်သက်တိတ်ဆိတ်ရင်း။



ရှမ်းကလေး

No comments: