Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, November 25, 2011

ခရီးသွားမှတ်တမ်း။ ။ မြန်မာပြည်အနှံ့  (၁) ညောင်ရွှေနှင့် အင်းလေး (၂)

တစ်နေ့ မှာတော့ ကျနော်ဟာ ကံကောင်းထောက်မစွာနဲ့  အင်းထဲကိုသွားလည်ဖြစ်ပါတယ်။ အဲနေ့ ကတော့ တစ်နေ့ လုံးစင်း
လုံးဌားခကို ၃၀၀၀၀ ပေးရပါတယ်။ လှေကတော့ စက်လှေဖြစ်ပါတယ်။ ၁၀ လောက်တော့ဆန့် တယ်ခင်ဗျ။



ဒါကတော့ စက်လှေစတင်ပြီးထွက်တာနဲ့  တွေ့ နိုင်တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီလိုမျိုးအိမ်ဆောက်ပုံလေးတွေကို အင်းလေး
ကန်တစ်လျှောက်လုံးမှာတွေ့ ရမှာပါ။



ဒီပုံကတော့ ဘာအဆောက်အဦးရယ်လို့ တော့ ကျနော်မသိပါဘူး။ အဝေးက မြင်လို့ ဖမ်းရိုက်ထားတာပါခင်ဗျာ။



ဒါကတော့ ရေပေါ်စိုက်ခင်းများဖြစ်ပါတယ်။ ၀ါးလုံးတွေစိုက်ထားတာကတော့ စိုက်ခင်းတွေရေနဲ့  မျောမသွားအောင်လို့ ပါ။
များသောအားဖြင့် စိုက်ပျိုးတဲ့သီးနှံကတော့ ခရမ်းချဉ်သီးပဲဖြစ်ပါတယ်။



ဟင်္သာရုပ်ပါ။ ဘယ်လို အထိမ်းအမှတ်နဲ့ စိုက်ထားတယ်ဆိုတာကိုတော့ ကျနော်မသိပါဘူး။



အင်းလေးထဲမှာ လျှပ်စစ်မီးတွေထိန်ညီးနေတာတွေ့ တော့ ဓါတ်တိုင်တွေကိုလိုက်ရှာတာ.. ဟော..ဒီမှာပါ.. အင်းထဲကဓါတ်တိုင်။



်အဲနေ့ က ဈေးနေ့ နဲ့ တိုးလို့ ဈေးရောင်းတာတွေကို တွေ့ ရတာပါ။ ဒီလိုမျိုးရောင်းတာကို ကျနော်တို့ နိုင်ငံမှာပဲတွေ့ နိုင်တယ်
နော်။ အဲလိုရောင်းတာတွေတွေ့ လိုက်တော့.. ကြည်နူးမိပါတယ်။ ငယ်ငယ်က ဈေးသွားတုန်းက တွေ့ ရတဲ့ပုံစံမျိုးပဲလေ။
အချိန်ဟောင်းတွေကိုတောင် ပြေးသတိမိလေရဲ့ ။



မည်းမည်းနဲ့ က လက်ဖက်ခြောက်ပါ။ ဈေးထဲမှာ ”စားလို့ ရတဲ့ မြေကြီး” တွေတောင် တွေ့ လို့ ဝယ်ဖြစ်လိုက်ပါတယ်။ အရသာ
ကတော့.. အင်း..မပြောပြတတ်ဘူးပဲ။ ဖော့စားရသလိုတော့ မဟုတ်ပါဘူး။ အနံ့ ကတော့ သင်းသင်းလေးပါ။ မြေကြီးဆိုတဲ့
အသိစိတ်ကရှိနေလို့ လားတော့ မသိဘူး သိပ်ပြီးတော့ မစားဖြစ်ပါဘူး။



ဒါလဲပဲ ဈေးရောင်းတဲ့မြင်ကွင်းပေါ့နော်။ ဒါပေမယ့် ဒီမှာထူးခြားတာလေး တစ်ခုတော့ ပြောပြချင်ပါတယ်။ နောက်ခံကို ကြည့်
လိုက်မယ်ဆိုရင်.. မိုးက အုံ့ အုံ့ လေး၊ ပြီးတော့ ဖြူစင်တဲ့ဝတ်စားပုံနဲ့  ဈေးရောင်းတဲ့ စတိုင်လ်နဲ့  အရမ်းကိုလိုက်ဖက်တယ်လို့ 
ကျနော်ခံစားရပါတယ်။ ဒီလို လှပမှုမျိုးကို အဲမှာပဲ တွေ့ နိုင်မယ်လို့ ထင်ပါတယ်။



ဒါကတော့ မုန့် လုပ်နေတာပါ။ မစားလိုက်လို့ မသိလိုက်ပါဘူး။



ဒီပုံကလဲ..ငယ်ငယ်က ပုံရိပ်တွေကို သတိပေးတဲ့ဓါတ်ပုံလေးဖြစ်ပါတယ်။ ငယ်ငယ်တုန်းက လေးကွဖြစ်တာကို မခုံမင်ပေမယ့်
လို့ လဲ.. သူငယ်ချင်းတွေနဲ့  တော့ လောက်စာလုံး.. လုံးဖြစ်ပါတယ်။



ဒီဆောင်းတန်းကတော့ ရှေးဟောင်းစေတီကိုသွားဖူးတဲ့ လမ်းဖြစ်ပါတယ်။ အဲနေ့ တုန်းကတော့ သူငယ်ချင်းနဲ့ ပြောဖြစ်
ပါသေးတယ်။ အဲဒါကတော့ .. အဲမှာ ရှေးဟောင်းအနုပညာတွေအများကြီးရှိနေပြီး.. ဘယ်သူမှသွားမကြည့်လို့ ထင်ရဲ့ 
အရမ်းကိုခေါင်သလိုလိုကိုဖြစ်နေတာ။ အကယ်၍လူထုက နဲနဲ ပြုပြင်ပြီး လေ့လာစရာနေရာအဖြစ်လုပ်လိုက်မယ်ဆိုရင်.. သူများနိုင်ငံတွေက အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်ဆိုတဲ့ နေရာတွေတောင် ဒီနေရာကို မမှီဘူးလို့ လေ။ လူထု
က မလုပ်ရင်တော့ ကြာလာရင်.. ကုမ်ပဏီတွေဝင်ပြီး ကန်ထရိုက်တာဆွဲလိုက်လို့ ကတော့ လူထုတွေဘာမှာ အကျိုး ခံစားရမှာမဟုတ်ဘူးပေါ့ဗျာ။



တန်ဆောင်းကို တစ်လျှောက် ၂၅ မိနစ်လောက်လမ်းလျှောက်ပြီးသွားတဲ့အခါမှာ တွေ့ မြင်ရမယ့် ရှေးဟောင်းစေတီများဖြစ်ပါ
တယ်။ (တန်ဆောင်းတစ်လျောက်မှာတော့ ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ ဈေးဆိုင်တွေရှိပါတယ်)



ဒါကတော့ အင်းလေးကန်က နာမည်ကြီး ဘုရားများကိုးကွယ်ပူဇော်ဖို့  ထားတဲ့နေရာဖြစ်ပါတယ်။



ဒါကတော့ ရေလယ်စားသောက်ဆိုင်ပါ။



ဒါကတော့ ရေလယ်မှာတည်ထားကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းပါ။ (ကြောင်ခုန်ဘုန်းကြီးကျောင်းလို့ ခေါ်တယ်ထင်ပါတယ်။
ဧည့်သည်တွေသွားရောက်ကြည့်ရှုတဲ့အခါမှာ ကြောင်တွေက အမျိုးမျိုးခုန်ပြတယ်လို့ ပြောပါတယ်။ အဲနေ့ က မိုးနဲနဲရွာတာ
ရယ်ကြောင်ခုန်တာ.. စိတ်ဝင်စားစရာလားလို့ တွေးမိပြီး မ၀င်ကြည့်ဖြစ်ပါဘူး။ နောက်တစ်ခုကတော့ ပိုက်ဆံပေးရတယ်ဆို
လို့ ပါ။)



ဒီပုံလေးကတော့ နောက်ဘုန်းကြီးကျောင်းတစ်ခုပါ။



အင်းထဲရောက်မှတော့ ကြာသင်္ကန်းယက်လုပ်တာလေးကြည့်ပြီး ဘုရားကပ်ဖို့ ဝယ်မယ်စိတ်ကူးပြီး သွားကြည့်ဖြစ်ပါတယ်။
ဒါလေးကတော့ ကြာကနေ ကြာချည် တွေကိုယူပြီး မပြတ်မတောက်ပဲ.. ယက်လုပ်ဖို့ အသင့်ဖြစ်အောင်လုပ်နေတာပါ။ ကျ
နော်ငယ်ငယ်တုန်းကတော့ အိမ်ကဒီလိုလုပ်တာ တွေ့ ဖူးပါတယ်။ ဒါပေမယ့် အဲတုန်းက ဘာမှ မသိလိုက်ပါဘူး။



ကြာချည်တွေကို သင်္ကန်းဖြစ်လာအောင် ပဏာမ လုပ်နေတာပါ။ ကြာပန်းကနေ သင်္ကန်းတစ်ခုဖြစ်လာဖို့ ဆိုတာ လွယ်တဲ့
ကိစ္စမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ၁ နှစ်ခွဲထိ အချိန်ယူပါတယ်။ ဒါကြောင့်မို့  ဈေးနှုန်းကလဲ ကြီးပါတယ်။ သင်္ကန်း
တစ်စုံကို ၁၅ သိန်းပေးရပါတယ်ခင်ဗျာ။ ကျနော်လဲ ကြားတုန်းက ကိုယ့်နားကိုတောင်.. ကိုယ်မယုံလို့  ထပ်မေးမိပါတယ်။
အဲမှပဲ.. ကြာယက်တဲ့ အန်တီက ကျနော်တို့ ကို ရှင်းပြတာပါ။ အဲနေ့ တုန်းက သူငယ်ချင်းတော့ ဘုရားကပ်ဖို့  မျက်နှာ
သုတ်ပုဝါ အရွယ်ကို ၃၀၀၀၀ နဲ့ ဝယ်ဖြစ်ခဲ့ပါသေးတယ်။



ဒီလိုနဲ့ ပဲ ကျနော်တို့ ခရီးစဉ်လေးဟာလဲ ပြီးဆုံးခဲ့ပါတယ်။ ဒီပုံလေးကတော့ နောက်ဆုံးမှာရိုက်ခဲ့တဲ့ပုံဖြစ်ပါတယ်။ ကျနော်
ပြေပြတာတွေက တစ်စိတ်တစ်ဒေသပဲရှိပါသေးတယ်။ သူငယ်ချင်းများအနေနဲ့  အခြေအနေပေးရင်တော့ (လုပ်ယူရမှာပေါ့
နော်) သွားလည်ကြပါလို့  ထပ်မံတိုက်သွန်းလိုပါတယ်။

........................

အဲလိုနဲ့ ပဲ ရန်ကုန်ကိုပြန်ရောက်လာပါတော့တယ်။ ရန်ကုန်ပြန်ရောက်လို့  အိတ်ချယုံလေးပဲရှိပါတယ်.. သူငယ်ချင်းက
အလုပ်ကိစ္စရှိတယ်ဆိုပြီး နောက်တစ်နေ့ မှာ ရခိုင်ကိုသွားဖို့  ကားလက်မှတ်ဖြတ်ထားပေးတယ်လို့ ပြောလာတော့လဲ
ကျနော်လဲ.. အိတ်ကိုတောင်မပြင်တော့ပါဘူး။ ရှိနေတဲ့ အိတ်ကို အခန်းထဲသွင်းပြီး နောက်တစ်နေ့ မှာ ရခိုင် (ကျောက်ဖြူ)
ကိုသွားဖို့  ကားမွေးမယ်ဆိုပြီးတော့ အိပ်လိုက်ပြီး.. နောက်နေ့ ညနေခင်းမှာ ရခိုင်ကို သွားဖို့  ကားဂိတ်ကို အိတ် ဆွဲပြီးပြေးပါတော့တယ်ဗျာ။


ရှမ်းကလေး

Thursday, November 24, 2011

စွံ့ အ၊ တိတ်ဆိတ်နေသော ငိုသံများ

ငွေ..ငွေ..ငွေ..ငွေဆိုတာဂုဏ်ကိုခေါ်တာ..ငွေရှိမှဂုဏ်ရှိမယ်...ဆိုတဲ့သီချင်းကိုတစ်ခါတစ်လေအပျော်သဘောနဲ့  ဆိုဖြစ်ပါ
တယ်။ ငွေရှာနေတဲ့ဘ၀မှာ..သီလိုမျိုးသီချင်းတွေကို ငွေကိုပိုပြီးရှာအောင်..မခံချင်အောင်..ပိုပြီးကြိုးစားလာအောင် တစ်ခါ
တစ်လေမှာ တွန်းအားအဖြစ်နဲ့ လဲ နားထောင်ဖြစ်ပါတယ်။ ငွေကိုရှာနေတာလဲ ကြာရောပေါ့။ ရပြီးရင် သုံး.. သုံးပြီးတော့ရ
အောင်ပြန်ရှာနဲ့  လည်နေတာ ဘယ်နှစ်နှစ်တောင် ရှိသွားသလဲမသိတော့ပါဘူး။

ငွေရှိပြီးရင်တော့ အိမ်ကိုပြန်မယ်ဆိုပြီး အားခဲထားတာကလဲ.. ငွေကမရှိနိုင်တော့ အခါခါလဲပြိုခဲ့တာပဲ။ ငွေရှိပြီးတော့ အိမ်
ကိုပြန်သွားတဲ့အခါ..”ကိုယ်က အိမ်နဲ့ ဝေးပြီး နွေးထွေးမှုတွေမဲ့တဲ့ နေရာမှာ နေတာကြာတော့ တစ်ခါတစ်လေမှာ နွေးထွေး
မှုတွေကိုတောင်မခံစားနိုင်ဘူး။ ပတ်ဝန်းကျင်က လူတွေနဲ့ လဲစိမ်းနေတော့ အိမ်မှာ ကြာကြာနေမယ်ဆိုတဲ့ စိတ်ကူးတွေလဲ
၁၀ ရက် လောက်မှာတင်.. ငြီးငွေ့ ခြင်းဆိုတဲ့ စိတ်ခံစားမှုကတိုက်စားလိုက်တော့ အလိုလို လဲပြိုခဲ့တာလဲ မနည်းပါဘူး။

နောက်ဆုံးတော့ မေးမိပါတယ်...ငါဘာလုပ်နေတာလဲ? ငါ..ဒီငွေကို ဘယ်သူ့ အတွက်ရှာတာလဲ? ငါဒီမှာ ဘာလုပ်နေတာလဲ?
ငါ့ရည်ရွယ်ချက်၊ ဘ၀အဓိပ်ပါယ်ကဘာလဲ? ငါရရှိတာနဲ့  ပေးဆပ်ခဲ့တဲ့အရာတွေက ညီမျှရဲ့ လား? လား..ပေါင်းမြောက်မြား
စွာအောက်မှာ တစ်ဖြည်းဖြည်းသိမ်မြုပ်ရင်းနဲ့  အထီးကျန်ခြင်းဆိုတဲ့ နယ်လေးက တစ်ဖြည်းဖြည်းကျယ်ပြန့် လာတော့
နောက်ဆုံးမှာ..

အရာရာက မှုန်ဝါးပြီးတော့ အသက်မပါတဲ့ ရယ်မောခြင်းနဲ့  ဘ၀က ဆက်ပြီး၊ ဆက်ပြီးရင်း.. နေ၀င်ချိန်ဆိုတဲ့အခါလေးက
တစ်ဖြည်းဖြည်းနဲ့  ချဉ်းကပ်လို့ လာပါလား။

........................................

အိပ်ရာထပြီးတာနဲ့  မျက်နာသစ်သွားတိုက်ပြီး၊ ဧည့်ခန်းကိုဝင်ကာ အမှာစကားတွေကိုဖတ်ပါတယ်။ ဒါက နေ့ ဒဓူဝလုပ်နေ
ကြအလုပ်ပါပဲ။ ဟော..ကျောင်သင်ပုန်းပေါ်မှာ အမေမှာထားပါတယ်၊ ”အမေ ဈေးသွားအုန်းမယ်၊ ကြောင်အိမ်ထဲမှာ မနက်
စာ ထားထားတယ်။ စားပြီးရင် ကျောင်းနောက်မကျအောင် မြန်မြန်သွား” တဲ့။ မီးဖိုချောင်ထဲကိုဝင်ပြီးတော့ ကြောင်အိမ်ထဲ
ကအမေထားခဲ့တဲ့ မနက်စာကို မြန်မြန်ကုန်အောင်စားလိုက်ပါတယ်။ ပြီးတော့ ကျောင်းမသွားခင် ဧည့်ခန်းကိုဖြတ်လိုက်တဲ့
အခါ.. ကျနော်ညပိုင်းစားချင်တာကို ကျောက်သင်ပုန်းလေးမှာရေးထားခဲ့ပါတယ်။

ကျူရှင်တွေတက်ပြီး ၀ိုင်းတွေပြီးသွားတဲ့အခါမှာ မောပန်းစွာနဲ့  ကျနော်ဟာအိမ်ကိုပြန်ရောက်တယ်ဆိုရင်ပဲ.. မီးဖိုချောင်ထဲမှာ
ကျနော်စားချင်တဲ့ဟင်းတွေကို အားရ၀မ်းသာစွာနဲ့  စားလိုက်မိတယ်။ နောက်ကျနော်ဟာ..ကျောက်သင်ပုန်းလေးမှာ အမေ့
ကို ကျေးဇူးတင်ကြောင်းရေးပြီး၊ အဖေ့ကိုလဲ ကျူရှင်ခတွေ ပေးရတော့မယ့်အကြောင်း ကျောက်သင်ပုန်းလေးမှာ ရေးခဲ့ပါ
တယ်။

ဒီလိုပါပဲ..ကျနော့် မိသားစုက၊ အမေက မနက်ကတည်းက ချက်ပြုတ်ရတာရယ်၊အလုပ်ရယ်ကြောင့် စောစောအိပ်တယ်။
အဖေကတော့ အလုပ်ကနေ နောက်ကျမှပြန်လာတော့၊ အဲဒီချိန်မှာ ကနော်က အိပ်နေပြီလေ။ ဒါကြောင့်ဒီကျာက်သင်ပုန်း
လေးက ကျနော်တို့  ပြောချင်တာကို ပြောဖို့ ချိတ်ထားတာပါ။ အဲဒါကို ဖတ်ပြီး တစ်ယောက်ရဲ့  လိုအပ်ချက်ကိုတစ်ယောက် က ဖြည့်ပေးတာပေါ့။

ကျနော်အရမ်းပျော်တဲ့နေ့ ကတော့ စနေ၊ တနင်္ဂနွေပါ။ အဲဒီနေ့ မှာပဲ အဖေနဲ့  အမေကို ကျနော်စကားတွေ တ၀ကြီး မျက်နှာ
ချင်းဆိုင်ပြောရတယ်လေ။ ဒါပေမယ့်လဲ များသောအားဖြင့် ကျူရှင်တွေနဲ့ လုံးချာလည်နေတဲ့ ကျနော်ဟာ..အချိန်သိပ်မ
ပးနိုင်ပါဘူးအဲလိုပါပဲ အဖေနဲ့  အမေလဲ အလုပ်ရှုပ်နေတော့ ကျနော့်ကိုသိပ်ပြီးလဲ အချိန်မပေးနိုင်ဘူး။

အမှန်မှာလေ..ကျနော်လိုချင်တာက တစ်ခုပဲရှိတယ်။ အမေနဲ့  အဖေနဲ့  စကားတ၀ကြီးပြောပြီး ရယ်မောနေတာကိုကျနော်
အရမ်းသဘောကြတာပဲ။ ပိုက်ဆံဆိုတာကြီးနဲ့  အဲဒီချိန်လေးကိုလေ..ကျနော်လဲချင်တယ်ဗျာ။ ကျနော်လေ..ညတိုင်း၊ ည
တိုင်း တစ်ယောက်တည်းငိုခဲ့ပေါင်းမနဲ တော့ပါဘူး။ အဖေနဲ့  အမေကို ကျနော်တွေ့ ချင်တယ်။ အဖေနဲ့  အမေ ကျနော့်ကို
မဖက်တာကြာပြီနော်။ ကျနော့်ကို ဂရုစိုက်တဲ့ မျက်လုံးတွေနဲ့  မကြည့်ဖြစ်တာကြာပြီနော်။ ကျနော်လေ.. အဖေနဲ့  အမေက
”သား” လို့ ခေါ်တဲ့အသံမကြားရတာ အတော်ကြာနေပြီ။ ကျနော်..ဧည့်ခန်းက ကျောက်သင်ပုန်းကို မုန်းတယ်.. ပိုက်ဆံဆိုတဲ့
အကောင်ကြီးကိုလဲ မုန်းတယ်။ ကျနော့် အဖေနဲ့  အမေကို ကျနော်ပြန်လိုချင်တယ်။ ကျနော့်မျက်ရည်တွေလဲ.. ခန်းခြောက်
တော့မယ်။ ဒါပေမယ့် အဖေနဲ့  အမေစိတ်မကောင်းမှာစိုးလို့  ကျနော်လေ..တစ်ယောက်ထဲပဲ ဒီအခန်းထဲမှာ..တိတ်တိတ်လေး
ငိုနေပါ့မယ်။

.............................

ဒီနေ့ ဟာ..ကျနော်ဘွဲ့ ယူတဲ့နေ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ..ကျနော်ပျော်ပါတယ်။ ဒါပေမယ့် အဝေးကြီးမှာဆိုတော့
ကျနော့်နံဘေးမှာ..သူငယ်ချင်းပဲရှိတယ်။ အမေ..ဆွေမျိုး..တစ်ယောက်မှမရှိဘူး။ ကျနော်ဘွဲ့ ရတဲ့အတွက် အမေတို့  ဂုဏ်
ယူနေမှာပဲနော်။ ကျနော်လေ..ပျော်တယ်..ဒါပေမယ့် ဒီလိုပျော်ရွှင်မှုကိုလေ အမေတို့ နဲ့  အတူပျော်ချင်တယ်အမေ။

ကျနော်လေ..ဓါတ်ပုံတွေအများကြီးရိုက်ပြီးတော့ အမေတို့ ကို ပို့ ပေးလိုက်မယ်နော်။ ကျနော့်ဓါတ်ပုံလေးကို ကြည့်ပြီး အမေ
တို့ တော့ အရမ်းပျော်နေတော့မှာပဲနော်။

......


အမေငိုတယ်ဆို... ကျနော်ဘွဲ့ ရတဲ့ ဓါတ်ပုံလေးကို ကြည့်ပြီး...ဆွေမရှိ၊ မျိုးမရှိ သူများအလယ်မှာ တစ်ယောက်တည်း ဓါတ်
ပုံရိုက်နေရတဲ့ ငါ့သား... မျက်နှာငယ်နေတော့မယ်ဆိုပြီး..အမေငိုတယ်ဆို? မငိုပါနဲ့ အမေရယ်..ကျနော်တစ်ယောက်တည်း
ပဲ...ကျိတ်ငိုနေရင်တော်ပါပြီ။ ကျနော့်အတွက် မျက်ရည်မကျပါနဲ့  အမေရယ်......။


ရှမ်းကလေး

Tuesday, November 22, 2011

ခရီးသွားမှတ်တမ်း။ ။ မြန်မာပြည်အနှံ့  (၁) ညောင်ရွှေနှင့် အင်းလေး (၁)

အဲဒီနေ့ တုန်းက ၁၂၀၀၀ ကားစီးပြီးအလာ လမ်းမှာထမင်းစားဖို့ ကားရပ်တာပါ။ ကားပေါ်က ဆင်းတော့ လွမ်းဆွတ်ခြင်းတွေ
နဲ့  ကောင်းကင်ကို မော့ကြည့်တဲ့အခါမှာ လလေးက သာနေတော့ လွမ်းဆွတ်မှုတွေတောင် တစ်ကိုယ်လုံးပျံ့ နှံ့ သွားသလို
ခံစားခဲ့ရပါတယ်။



လကို ကြည့်ရင်းနဲ့  ကြိုးစားပြီးတော့ ဓါတ်ပုံလေးရိုက်ယူလိုက်ပါတယ်။ (နောက်နေ့ မှ သိလိုက်တာက အဲနေ့ က လကြတ်တဲ့
နေ့ ဖြစ်တယ်။ ကံကောင်းသွားတာပေါ့ဗျာ။ သူများတွေကကြည့်ချင်လို့ စောင့်ရတဲ့အခါမှာ ကိုယ်က မသိလိုက်ပဲနဲ့  ကြည့်
ခွင့်ရခဲ့တာပေါ့လေ)



အဲလိုနဲ့  မနက်စောစော အောင်ပန်းမှ မနက်ခဏလေးနားပါတယ်။ ရန်ကုန်မှာနေတာနဲနဲ ကြာသွားလို့ လားတော့မသိပါဘူး
အောင်ပန်းက ဈေးသည်တွေစကားပြောတာ တော်တော်လေး ၀ဲပါလားလို့  သတိထားမိပါတယ်။ (ကျနော်လဲဝဲပါတယ်
မ၀ဲတဲ့သူတွေကြားမှာနေတာကြာတော့ သူများဝဲတာကို သတိထားမိတာထင်ပါရဲ့ ) နောက်ဆုံးမှာ ကားက ရွှေညောင်
လမ်းဆုံရောက်တော့ ညောင်ရွှေကိုသွားဖို့  ကားပေါ်ကနေဆင်းဖို့ ထလိုက်ပါတယ်။ ဆင်းပေါက်နားရောက်တော့ ဆိုင်
ကယ်သမားတွေက ၀ိုင်းအုံပြီးတော့ ဘယ်သွားမယ်ဆိုတာမေးကြတာပေါ့..ဆင်းဖို့ တောင်တော်တော်လေးခက်ခဲပါတယ်။

သူတို့ က မေးရုံမေးတာမဟုတ်ဘူးလေ.. ပစ္စည်းတွေကို ၀ိုင်းကူသယ်ပေး (အတင်းကိုကူသယ်တာဗျ)။ အားနာတဲ့သူဆိုရင်
ဈေးကြီးကြီးတောင်းလဲ လိုက်ဖြစ်မှာပဲပေါ့။ အဲလိုနဲ့ ညောင်ရွှေကို သုံးထောင်နဲ့ ရောက်သွားပါတယ်။ အပေါ်က လမ်းက
တော့ ညောင်ရွှေကိုသွားတဲ့လမ်းဖြစ်ပါတယ်။



ဒီပုံလေးကတော့ ညောင်ရွှေအ၀င်က မြင်တွေ့ ရတဲ့ အင်းလေးကန်ပါ။ ညောင်ရွှေမ၀င်ခင်လေးမှာ လမ်းဘေးမှာ တံတား
ရှိပါတယ်။ အဲဒီရေပေါ်တံတားပေါ်ကနေရိုက်တာပါ။ တံတားပေါ်မှာတော့ သင်္ကန်းတွေလှမ်းထားပြီး၊ ကိုရင်ရော၊ လူတွေ
ရော၊ ၀ိုင်းပြီးတော့ စကားပြောနေကြလေရဲ့ ။ ကျနော့်အတွက်ဆန်းလို့ ပါ။



ဒါကတော့ ရွှေညောင်မ၀င်ခင်ကလေးမှာတွေ့ ရမယ့် ကြိုဆိုတဲ့ဆိုင်းဘုတ်ကြီးပါ။



ဒီပုံကတော့ ဗုဒ္ဒယဉ်ကျေးမှုပြခန်းဖြစ်ပါတယ်။ အရင်တုန်းကတော့ ညောင်ရွှေဟော်ပေါ့ဗျာ။ ခုတော့ အထဲမှာ ဘုရားဆင်း
ထုတော်တွေကို ပြသထားပါတယ်။ ဟော်နဲ့ ပတ်သက်တဲ့ ပစ္စည်းတော့ ဘာမှမတွေ့ ပါဘူး။ ဟင်းလင်းပါပဲ။ တစ်ချို့ အခန်း
တွေတော့ သော့ခတ်ထားပါတယ်။ ဒါပေမယ့်လဲ ဘာမှမရှိပါဘူး။ ဟော်နန်းရှိနေသေးတာကိုပဲ ကျေးဇူးတင်ရမှာပေါ့လေ။



ကိုယ်သွားတဲ့အချိန်က ဈေးပိတ်တဲ့အချိန်နဲ့ ကြုံနေလို့  ဆိုင်းဘုတ်လေးပဲရခဲ့ပါတယ်။



ဒါကတော့ ဈေးကို ကျော်လိုက်တဲ့အချိန်မှာ တွေ့ ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ ကံကောင်းချင်တော့ ကျနော်ရောက်တဲ့အချိန်
က စာဆိုပြိုင်ပွဲနဲ့  တိုက်တိုက်ဆိုင်ဆိုင်သွားကြုံကြိုက်မိတာပါ။ ညပိုင်းမှာတော့ ဈေးတန်းကြီးတွေနဲ့  စည်စည်ကားကား
ရှိပါတယ်။



ဒါကတော့ ရောက်တုန်းသွားသောက်တဲ့ လက်ဖက်ရည်ဆိုင်က ရေနွေးကြမ်းလေးပါ။ နှမ်းတွေထည့်ထားပြီးတော့ သောက်
တဲ့အခါမှာ မွှေးမွှေးလေးနဲ့  တော်တော်လေးကို နှစ်သက်မိပါတယ်။



နောက်တစ်နေ့ မှာတော့ အင်းလေးထဲကို ခဏတစ်ဖြုတ်သွားလည်မိပါတယ်။ ကျနော်တို့ လူ ၁၀ ယောက်လောက်နဲ့  လှေ
ကိုစင်းလုံးငှားလိုက်ပါတယ်။ အဲနေ့ တုန်းက ၂၅၀၀၀ ပေးရပါတယ်။ (အဲဒါတောင် ဥက္ကဌနဲ့ သွားလို့ ရတာပါ)

အပေါ်ပုံကတော့ အင်းလေးဘေးတစ်လျှောက်တွေ့ ရမယ့် အိမ်ပုံစံလေးတွေဖြစ်ပါတယ်။



ကျနော်အရင်တုန်းက ထင်ထားတာက အင်းလေးကန်ဆိုတော့ ဘယ်သွားသွားကန်ဘောင်ကိုတော့တွေ့ ရမှာပဲပေါ့လေ။
ရောက်သွားတော့မှပဲ အင်းလေးကန်ဟာ အရမ်းကို ကျယ်ပျံ့ ပါလားလို့ သိလိုက်ပါတယ်။ အပေါ်က ဓါတ်ပုံလေးအတိုင်း
ပါပဲ။



ဒါကတော့ အင်းထဲက ဟိုတယ်ဖြစ်ပါတယ်။ တစ်ညကို ၃၀$ လောက်ပေးရပါတယ်။



ဒါကတော့ ဟိုတယ်ကနေရိုက်ထားတာပါ။ ညနေဆည်းဆာချိန်လေးပေါ့ဗျာ။ ဟိုတယ်ကရိုက်တယ်ဆိုပြီး ကြွားတာမဟုတ်
ပါဘူး။ အဲနေ့ တုန်းက ဟိုတယ်မှာ တည်းနေတဲ့ အသိတွေကိုသွားလည်တာပါခင်ဗျာ။



ဒီဓါတ်ပုံလေးကတော့ ကျနော်တော်တော်လေးကိုနှစ်သက်မိပါတယ်။ ဒီပုံလေးမရိုက်ခင်.. မိုးအုံ့ ပြီးတော့ ရွာတာပေါ့ဗျာ။
မိုးလဲသိပ်လို့  သိမ်စပြီးကင်းစင်လာတဲ့အချိန်ခါမှာ ကြုံကြိုက်တာနဲ့  ရိုက်ခဲ့တာပါ။



ဒီပုံလေးကတော့ သိမ်ကင်းစင်ပြီး နေရောင်က အင်းလေးကန်ကို သူ့ ရဲ့ ကိုယ်ပိုင်အဆင်းဖြစ်တဲ့ ရောင်ခြည်တွေနဲ့ ပတ်ဖြန်း
ပေးတဲ့အချိန်လေးပါ။ အဲနေ့ တုန်းက ဒီလိုမျိုးရှုခင်းတွေတွေ့ လိုက်ရတဲ့အတွက်အရမ်းကို ကြည်နူးနှစ်သိမ့်မိပါတယ်။ မျက်လုံး
ကိုတောင်မမှီတဲ့ ... ဓါတ်ပုံထဲမှာ ဒီလောက်လှရင်..ကိုယ်တိုင်.ကိုယ်တွေ့ .. တွေ့ ရင်ဘယ်လောက်ထိလှမယ်ဆိုတာ သူငယ်
ချင်းတို့ ပဲစဉ်းစားကြည့်ပါတော့။



ဒါလေးကတော့ နေ၀င်သွားပြီးတဲ့နောက်တွေ့ ရတဲ့ပုံလေးပါ။ ညနေစောင်းပေါ့။



အဲလိုနဲ့ ပဲ..နောက်ဆုံးတော့ ရွှေညောင်မြို့ ကို ပြန်လာခဲ့ပါတယ်။ ဒီပုံလေးကတော့ လှေရှပ်ပြေးတဲ့အခါမှာ ဖြစ်ပေါ်လာ
တဲ့ လှိုင်းလေးတွေပါ။

အင်းလေးကန်ဟာ..အရမ်းကိုလှပပါတယ်။ ကျနော်ရောက်သွားတဲ့အခါတုန်းက စိတ်ထဲမှာ ကြည်ကြည်နူးနူးကို ခံစားခဲ့ရ
ပါတယ်။ အဲ..အင်တာနက်ကလဲ..ရန်ကုန်ထက်တောင်မြန်သေးတယ်ဗျာ။


ရှမ်းကလေး

သဘာဝ ပိုးနှင်ဆေးလုပ်နည်း

ရှမ်းကလေးတို့ များ.. သဘာဝပိုးနှင်ဆေးတွေ၊ မြေသြဇာတွေရေးနေပုံထောက်တော့ ရေဆင်းကကျောင်းပြီးလာတာလား
လို့ ....မထင်လိုက်ပါနဲ့ ။ ခုက အလုပ်သင်လာလုပ်တာ..ဖြစ်ချင်တော့ စိုက်ပျိုးရေးပိုင်းကို အခွင့်ကြုံလို့ သင်ခွင့်ရတာနဲ့  ရ
ရှိလာတဲ့ အသိပညာတွေကို သူငယ်ချင်းများအတွက် အသုံးဝင်နိုင်မယ်ထင်လို့ ဝေမျှပေးလိုက်ပါတယ်ဗျာ။ (အဲခက်တာ
က မြန်မာနိုင်ငံမှာ ကျနော့် ဘလော့လ်လေးကို ဖွင့်ဖတ်လို့ မရတာပဲ။ အနာတခြား၊ ဆေးတခြားဖြစ်မှာကိုတော့ စိုးရိမ်ပါတယ်
ဒါပေမယ့်လဲ..အနည်းနဲ့ အများတော့ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်ဗျာ။

သဘာဝပိုးနှင်ဆေးဆိုတဲ့အတိုင်း ပိုးတွေကိုသတ်ဖို့ တော့ မဟုတ်ပါဘူး။ စိုက်ပျိုးရေးမှာ ကျနော်တို့ အနေနဲ့  ယုံကြည်
တာကတော့ အကောင်တိုင်းဟာ..သူ့ နေရာနဲ့ သူ အကျိုးပေးတယ်။ ဒါကြောင့် ပိုးတွေသတ်ခြင်းကိုမပြုပဲ နှင်ယုံကလေး
နှင်တာပါ။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ထုံးစံအတိုင်း အလွယ်တကူရယူနိုင်တဲ့ ပစ္စည်းများဖြစ်ပါတယ်။

အောက်ကပုံကို ကြည့်ခြင်းအားဖြင့် ဘယ်အရာတွေလိုအပ်တယ်ဆိုတာ မိတ်ဆွေတို့  သိကြမှာပါ။



လိုအပ်သောပစ္စည်းများ

၁) ဂျင်း ၁ ကီလို
၂) ကြက်သွန်ဖြူ ၁ ကီလို
၃) သကြား ၀.၆ ကီလို (အညှိရောင်သကြားဖြစ်ရင်ပိုကောင်း)
၎) စပါးအရက် ၂ လီတာ (ပြင်းလေကောင်းလေ)
၅) ငရုတ်စုံ

လုပ်နည်း။ ။ ............

ပထမဆုံးအနေနဲ့  ဂျင်းကို ထောင်းပြီးထည့်စရာ ဗူးတစ်ခုခုမှာထည့်ထားပါ။ ပြီးလျင်၊ သကြား ၀.၃ ကီလို ထည့်ပါ။ ၄င်း
နောက် အ၀တ်စ (၀ါ) ခြင်ထောင်စ ဖြင့်ဖုံးထားပါ။ ၂၄ နာရီ (၁ ရက်) ထားပြီးပါက အရက် ၁/၄ ပုံကိုထည့်ပါ။ ရ ရက်
တစ်ပတ်ကျော်သွားပါက လက်ကျန်အရက်များကိုထည့်ပါ။

ဒုတိယအဆင့်အနေနဲ့  ကြက်သွန်ဖြူကို ထောင်းပြီးထည့်စရာ ဗူးတစ်ခုခုမှာထည့်ထားပါ။ ပြီးလျင်၊ သကြား ၀.၃ ကီလို
ထည့်ပါ။ ၄င်းနောက် အ၀တ်စ (၀ါ) ခြင်ထောင်စ ဖြင့်ဖုံးထားပါ။ ၂၄ နာရီ (၁ ရက်) ထားပြီးပါက အရက် ၁/၄ ပုံကိုထည့်ပါ။
ရ ရက်၊ တစ်ပတ်ကျော်သွားပါက လက်ကျန်အရက်များကိုထည့်ပါ။



ရက်ပေါင်း၂၀ ကြာလျှင် အသုံးပြုသော ပစ္စည်းများကြေမွသွားမည်ဖြစ်ပြီး အပေါ်မှပုံအတိုင်း အရည်သာကျန်နေမည်ဖြစ်
သည်။ ထိုအဆင့်တွင် သဘာဝ ပိုးနှင်ဆေးသည် အသုံးပြုရန် အသင့်ပင်ဖြစ်သည်။

အသုံးပြုနည်း

ကြက်သွန်ဖြူ ၂၀ စီစီ (cc) ကို ဂျင်းရည် ၂၀ စီစီနှင့်ရောပါ။ ၄င်းနောက် ရေ ၁၀ လီတာနှင့်ရောကာ အပင်များကို ပတ်ဖြန်း
နိုင်ပါသည်။

ဒီဆေးရည်က အလွန်ပြင်းတဲ့အတွက် များများထည့်ရင် အပင်တွေကို သေစေနိုင်ပါတယ်။ (မှတ်ချက်။ ။ ဖြန်းချိန်တွင်
အမျိုးသားကို မလုပ်စေရ။ အကြောင်းမှာ စိုက်ခင်းမရောက်ခင် လမ်းခုလတ်တွင် ၄င်းတို့ သောက်လိုက်မည်ကို စိုးရိမ်
ရ၍ဖြစ်သည်။ )

အားသာချက်။ ။

- အကုန်အကျသက်သာပြီးတော့ လွယ်လွယ်ကူကူရနိုင်သော ပစ္စည်းများဖြင့်ပြုလုပ်နိုင်ခြင်း
- ဖြန်းသူအတွက် ကျန်းမာရေးမစိုးရိမ်ရခြင်း
- စားသုံးသူများအတွက်လဲ ဓါတုပစ္စည်းများအရွက်ပေါ်တွင် ထင်ကျန်မည့်ဘေးကို စိုးရိမ်စရာမလိုခြင်း


ရှမ်းကလေး

သဘာဝမြေသြဇာလုပ်နည်း..

ကဲစာဖတ်ပရိတ်သတ်တို့ ရေ.. ဒီနေ့ တော့ အားလုံးလိုလိုသိထားသင့်တဲ့ အရာတစ်ခုလေးကိုပြန်လည်ဝေမျှပေးလိုက်ပါ
တယ်ခင်ဗျာ။ ဒါကတော့ သဘာဝမြေသြဇာလုပ်နည်းဖြစ်ပါတယ်။ အားလုံးနဲ့  သက်ဆိုင်တယ်ဆိုတာကလဲ.. လူသားတိုင်း
က အသက်ဆက်ဖို့ အတွက် စားပြီး၊ သောက်နေရလေတော့ ကိုယ့်အနေနဲ့  ကံကောင်းထောက်မလို့  ကိုယ်စားဖို့ ကိုယ်
တိုင်စိုက်ပျိုးခဲ့ရင်..အသုံးပြုလို့ ရအောင်ပါ။

အသုံးပြုတဲ့ပစ္စည်းများကတော့

၁) အစိမ်းရောင်ရှိသော အရွက်များ (မြက်ပင်၊ ပေါင်းပင်တွေပေါ့ဗျာ.. စိမ်းရင်ပြီးတာပါပဲ။ ဘာဖြစ်လို့ လဲဆိုတော့ အစိမ်း
ရောင်ရှိတဲ့အပင်တွေဟာ..အဟာရတွေရှိနေသေးတယ်လေ)
၂) နွား၊ ကျွှဲ မစင်များ (တခြားတရိစ္ဆာန် မစင်တွေက များများစုဆောင်းရတာခက်တယ်လေ)
၃) ရေ

လိုအပ်တဲ့ပစ္စည်းတွေကတော့ ကျနော်တို့ ပတ်ဝန်းကျင်မှာလွယ်လွယ်ကူကူနဲ့ ရရှိနိုင်တဲ့ပစ္စည်းများဖြစ်ပြီး ငွေကုန်စရာလဲ
မလိုဘူး။ လုပ်အားပဲစိုက်ထုတ်ရတာပေါ့ဗျာ။

၁) ပဏာမအဆင့်အနေနဲ့  အသုံးပြုမယ့်အပင်ကို သေးငယ်အောင်ပိုင်းရပါတယ်။ အဲဒါမှ မြန်မြန်ကြေမွပြီး..မြန်မြန်အသုံး
ပြုလို့ ရအောင်ပါ။ ပြီးရင်..ခုတ်ပိုင်းပြီးတဲ့ အပင်တွေကို အောက်ကပုံအတိုင်းသင့်တော်တဲ့အရွယ်အစားပုံရပါတယ်။
အောက်ခြေက အရမ်းကျယ်စရာမလိုပါဘူး။ အဓိကက အမြင့် မြင့်ဖို့ သာလို ပါတယ်။ မြင့်တဲ့အခါမှာ ဖိအားတွေကြောင့်
အပူတွေဖြစ်ပေါ်လာမှာဖြစ်ပြီး.. ပိုးတွေကို သတ်မှာဖြစ်ပါတယ်။



အရွက်စိမ်းတွေကို သင့်လျော်တဲ့ အရွယ်ပုံပြီးရင်တော့ အရွက်ပေါ်မှာ တရိစ္ဆာန်မစင်တွေကိုထည့်ပါတယ်။ ပမာဏအားဖြင့်
တော့ အရွက်အထူက ၂ ဆိုရင်.. မစင်ရဲ့ အထူက ၁ ပါ။



မစင်ထည့်ပြီးရင်တော့ အပေါ်ကအတိုင်းပဲ..ရေလောင်းပေးရပါတယ်။ စိုစွတ်မှုရှိအောင်ပါ။ ရေလောင်းတဲ့အခါမှာ သင့်
လျော်သလောက်သာလောင်းရပါတယ်။ ရေအရမ်းစိုပြီး၊ ရေတွေ စီးကျ၊ ထွက်သွားတဲ့ အထိ မလုပ်ရပါဘူး။ ရေ နှစ်ပုန်း
လောက်ဆိုရင်ရပါပြီ။ (မစင်က အစိုဆိုရင် နှစ်ပုံးလောက်နဲ့  ရပြီး၊ ခြောက်နေရင်တော့ နဲနဲများများလောင်းပါ။ )



အဲဒါပြီးရင်တော့ အပေါ်က အဆင့်တွေကိုပြန်လည်လုပ်ဖို့ ပါပဲ။ မစင်ပေါ်ကို သစ်ရွက်စိမ်းထည့်၊ သစ်ရွက်စိမ်းပေါ်မှာမစင်
တည့်ပြီး ရေလောင်း၊ ပြီးရင်.. အပေါ်မှာ အရွက်စိမ်းထည့်၊ အရွက်စိမ်းပေါ်မှာ မစင်ထည့်၊ ပြီးရင်ရေလောင်း။



ကဲလွယ်တယ်မဟုတ်လား သူငယ်ချင်း?။ အဲ..တစ်ခု သတိပြုရမှာက အပေါ်ဆုံးအလွှာက သစ်ရွက်စိမ်းဖြစ်ရပါမယ်။ ပြီး
ရင်..မိုးကို ကာကွယ်ဖို့ နဲ့ .. အပူများများထွက်အောင်..တစ်ခုခုနဲ့  ဖုံးအုပ်ထားရပါတယ်။ (ကွန်နီအိတ် နဲ့ ဆိုရင်ပိုအဆင်
ပြေပါတယ်။ ဒါမှမဟုတ်၊ မြေသြဇာလုပ်တဲ့အချိန်မှာ.. အရိပ်ရှိတဲ့နေရာမှာလုပ်ရင်လဲ အိုကေပါတယ်)။

...........................................................

သူငယ်ချင်းတို့ ရေ.. လုပ်ပြီးသွားရင်လဲ ..ဒီလို ပြစ်ထားလို့ မရပြန်ဘူးဗျ။ တစ်ချို့ အဆင့်တွေကိုလုပ်ရပါသေးတယ်။

၁) ပြုလုပ်ပြီး ၄ ရက်ကြာသောအခါ.. အပေါ်အောက်လှန်ပေးရပါတယ်။ ဒီလိုလှန်တဲ့အခါမှာ အပေါ်ကနေတစ်ဆင့်ခြင်းယူ
ရပါတယ်။ အပေါ်ကအရွက်စိမ်းတွေကိုယူပြီး အောက်ခြေလုပ်...အဲလိုနဲ့  အောက်မှာရှိတဲ့အရွက်တွေက အပေါ်ကိုရောက်
သွားမှာပေါ့ဗျာ။



ဒါကတော့ ၄ ရက်လွန်သွားတဲ့အခါမှာ တွေ့ ရမယ့်ပုံစံဖြစ်ပါတယ်။



အပေါ်ကပုံကတော့ အထက်အောက်စပြီး လှန်နေတာပါ။ အပေါ်ကအတိုင်း..တစ်လွှာခြင်းလှန်ရပါတယ်။



ဒါကတော့ လှန်ပြီးသွားတဲ့ပုံဖြစ်ပါတယ်။

၂) နောက် ၄ ရက်ကြာပြီးတဲ့အခါမှာ နောက်တစ်ခေါက်ထပ်လှန်ပေးရပါတယ်။
၃) နောက် ၂ ရက်ကြာရင် အထက်အောက်လှန်ပါ။
၎) နောက် ၂ ရက်ကြာရင် အထက်အောက်လှန်ပါ။
၅) နောက် ၂ ရက်ကြာ ရင် အထက်အောက်လှန်ပါ။
၆) နောက် ၂ ရက်ကြာရင် အထက်အောက်လှန်ပါ။

အဆင့် ၆ ထိ လုပ်ပြီးသွားရင်တော့ အသုံးပြုဖို့ အဆင်သင့်ဖြစ်ပါပြီ။

အသုံးပြုနည်း။ ။ စိုက်ခင်းပေါ်မှာ အပင်မစိုက်ခင်ထည့်ပေးရပါတယ်။ (မြေကြီးနဲ့ ရောနှယ်ရင်... ပိုးတွေမသေသေးမှာ
စိုးလို့  မနယ်သာပါ။ ) ပြီးရင်တော့ အပင်စိုက်။ အပင်စိုက်ပြီးသွားတဲ့အခါမှာ တစ်ခုခုနဲ့ ဖုံးအုပ်ပေးနိုင်ရင်ရောင်းပါတယ်။
ဘာနဲ့ ဖုံးအုပ်ပေးရမလဲဆိုရင်..မြက်ပင် (၀ါ) ကောက်ရိုး စသဖြင့်အသုံးပြုလို့ ရပါတယ်။ ဖုံးအုပ်ပေးတဲ့ရည်ရွယ်ချက်က
တော့.... မြေသြဇာကို လေတိုက်စားမှာကို ကာကွယ်ဖို့ နဲ့ ။ မြေကြီးကို နေလောင်ဒဏ်ကနေ ကာကွယ်ဖို့ ပါ။

သီးပင်တွေမှာထည့်မယ်ဆိုရင်တော့..အပင်ရဲ့ ပတ်လည်မှာ တွင်းတူးပြီးထည့်ပေးလို့ လဲ ရပါတယ်ခင်ဗျာ။

ရှမ်းကလေး

Monday, November 21, 2011

ရန်ကုန် (၆) အလုပ်ရှာပုံတော် အပိုင်း (၂)

စာဖတ်ပရိတ်သတ်တို့ ရေ..ဟိုးအရင်တုန်းကတော့ ရန်ကုန်မှာအလုပ်ရှာရဘယ်လောက်ခက်တယ်.. ဘာတွေပြင်ဆင်
သင့်တယ်ဆိုတာတွေကို စာဖတ်ပရိတ်သတ်တို့ အားဝေမျှပြီးသွားပြီဆိုတော့.. အခုက ဒုတိယပိုင်းအနေနဲ့  အလုပ်ခန့် 
တဲ့အခါမှာ ကျနော်တို့ ကြုံတွေ့ ရတဲ့.. အတွေ့ အကြုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်ဗျာ။

ကဲဘာလိုလိုနဲ့ ပဲ ကျနော်ရှမ်းကလေးလေးဟာ..အလုပ်လုပ်ရသွားပါတော့တယ်။ ကျနော့်ရဲ့  အဓိကအလုပ်ကတော့
ရုံးအုပ်ပေါ့ဗျာ။ အဲ..စီမံခန့် ခွဲရေးတာဝန်ခံပေါ့လေ။ အဲလိုနဲ့ အလုပ်လုပ်လာတဲ့အခါမှာ ကျနော်တို့ မှာ အလုပ်နဲ့ လူ
မလုံလောက်တာနဲ့  လူသစ်ခန့် ဖို့ ဖန်လာပါတော့တယ်ခင်ဗျ။

အဆင့် (၁) လျှောက်လွှာလွှတ်ခြင်း

လူက အရမ်းလိုနေတာနဲ့ ..လျှောက်လွှာတွေလွှတ်မယ်လုပ်တော့.. စဉ်းစားရပြီဗျ။ အလုပ်ကူလုပ်ဖို့ လူရှာတာလေ..
ကိုယ့်ကိုစောင့်ကြည့်ဖို့ လူကိုခေါ်ဖို့ မှ မဟုတ်တာ..ဆိုတော့ နီးရာလူတွေကိုပဲပြောပါတယ်။ လျှောက်လွှာလွှတ်လိုက်ရင်
မဟုတ်တဲ့ လူတွေပါလာမှာစိုးလို့ ပေါ့လေ။ သိတယ်မဟုတ်လား...”သတိဆိုတာ ပိုတယ်မရှိဘူး” ဆိုပဲဗျ။

အဆင့် (၂) လူစစ်ခြင်း

ကဲဖောင်တွေတော့ရလာပြီဗျာ။ ရလာတော့ဖတ်ရတာပေါ့လေ။ အဲဒါမပြောခင်..တစ်ခုသတိရလိုက်လို့ ပြန်ပြီးဝေမျှ
လိုက်ပါအုန်းမယ်။ ”ကျနော်တို့ နိုင်ငံမှာက ဘွဲ့ ရပြီးရင်..သင်တန်းတက်၊ သင်တန်းတက်ပြီးရင် အလုပ်လုပ်၊ အလုပ်
လုပ်ရင်းနဲ့  သင်တန်းဆက်တက်၊ တက်ပြီးတော့နောက်အလုပ်လုပ်.. အဲလိုနဲ့ ချာလပတ်လည်မှ ခေတ်မှီတာဗျ”

ဖောင်တွေဖတ်တဲ့အခါမှာ တစ်ချို့ က ဆေးမှုးနဲ့ ပြီးတယ်..ပြီးတော့ Accounting သင်တန်းတွေတက်ကြ၊ ကွန်ပြူ
တာသင်တန်းတွေတက်ထားတာတွေ့ ရတယ်ဗျ။ ဘယ့်နယ့်..အဲဒါတွေကို စိတ်ဝင်စားရင်..တက္ကသိုလ်မှာ သင်ယူ
ပါလားလို့ ။ ခုတော့ ၄ နှစ်လုံးလုံး တက္ကသိုလ်တက်၊ ငွေတွေကုန်ပြီးရင်း ကျောင်းပြီးသွားလဲ ဆက်ကုန်နေသေးသကိုး။

အင်းလေ..ပညာရေးကိုပဲအပြစ်တင်ရမလား၊ အလုပ်လိုအပ်ချက်ကိုပဲ အပြစ်တင်ရမလား၊ ခေတ်ကိုပဲအပြစ်တင်
မသိတော့ပါဘူးလေ။ အဲလေ..ဘယ်လိုပဲဖြစ်ဖြစ်ပေါ့..ပညာဆိုတာတတ်ထားတာလဲကောင်းသားပဲနော့်။

လျှောက်လွှာတွေကို စစ်တဲ့အခါမှာ..အရည်အချင်း၊ ဘွဲ့ လက်မှတ်အပြင်၊ ကျနော်တို့ ကတော့ လူမှုအသိုင်းအ၀ိုင်း
မှာဘယ်လောက်ထိ ပါဝင်လှုပ်ရှားခဲ့သလဲဆိုတာတွေကိုလဲ ကြည့်ပါတယ်။ ကျနော်ကတော့ လက်မှတ်တွေကို သိပ်
ဂရုမစိုက်ဘူးဗျ။ လက်မှတ်ရှိတိုင်း တတ်မတတ်မှ မပြောတတ်တာ။ ဒါပေမယ့်လဲ..လျှောက်လွှာဖတ်ရင်တော့ ကိုယ်လို
ချင်တဲ့ အရည်အချင်း ရှိမရှိကို တက်ဖူးတဲ့သင်တန်းတွေကိုပဲကြည့်ရတာပေါ့။

အမျိုးမျိုးပဲလို့ မပြောနဲ့ လေ။ ယေဘုယျအားဖြင့်တော့..မတတ်ရင်တောင်မှ အထီးလား၊ အမလားတော့ ခွဲခြားနိုင်မယ်လို့ 
ကျနော်တို့ ကယုံကြည်တယ်လေ။

အဆင့် (၃) လူတွေ့ မေးမြန်းခြင်း

ကဲ... နောက်ဆုံးအဆင့်ကတော့ လူတွေ့ မေးမြန်းခြင်းပါပဲ။ အများအားဖြင့်မေးတာကတော့၊
- ဘာသင်တန်းတွေတက်ဖူးသလဲ?၊ ဘယ်အဆင့်ထိလဲ?
- ဘယ်မှာ အလုပ်လုပ်ဖူးသလဲ?
- ကိုယ့်ရဲ့  ကောင်းကွက်တွေဘာရှိသလဲ?
- လူမျိုးမတူ၊ အသက်အရွယ်ချင်းမတူတဲ့ သူတွေ နဲ့  အလုပ်လုပ်နိုင်သလား?
- ခရီးသွားနိုင်သလား? အိမ်ကခွင့်ပြုမလား (အထူးသဖြင့် အမျိုးသမီး) ? ညအိပ်ညနေသွားနိုင်လား?
- အိမ်ထောင်ရှိလား? (အရေးတော့မကြီးပါဘူး၊ မေးတာကလဲ..ခရီးသွားရင်..အိမ်ဦးနတ်ကခွင့်ပြုလားဆိုတာကို
သိချင်လို့ ပါ။ ပြီးတော့ အိမ်ထောင်ရှိရင်..အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပျက်တတ်တယ်လေ..ဆရာရဲ့ )
- ဘာတွေလုပ်နိုင်သလဲ? (ဒါကအရေးကြီးတယ်၊ အရမ်းလဲ မရွှီးနဲ့ ပေါ့ဗျာ..လုပ်တတ်ဆိုပြီး တာဝန်တွေစေတနာ
ဗလာပွနဲ့  ပေးလိမ့်မယ်)
- ဘယ်လောက်ရမယ်လို့ မျှော်လင့်သလဲ? (ဒါကတော့ အရေးကြီးတယ်နော်။ ရတယ်မရတယ်အပထား၊ တောင်းတာ
တောင်း (ကိုယ့်အရည်အချင်းအရပေါ့နော်)။ ဒါပေမယ့်..ဒီမှာ သတိထားရမယ်နော်၊ အရမ်းများရင် ကြိုက်ပေမယ့်လဲ..
မပေးနိုင်လို့ ဆိုပြီးမခေါ်တာလဲရှိတယ်။ အရမ်းနည်းရင်လဲ..ကိုယ့်ဖက်ကနစ်နာတာပေါ့) ပုံမှန်အားဖြင့်တော့ အနည်းဆုံး
၁၅၀ ရပါတယ်။ ဒါက NGOs ဈေးနော်။ NGOs တောင် Local NGOs ပေါ့ဗျာ။) အပြည်ပြည်ဆိုင်ရာကတော့ များပါတယ်။
၂၀၀ လောက်တော့ အနည်းဆုံးရတာပေါ့ဗျာ။

လူတွေ့ မေးမြန်းတဲ့အခါမှာ ကျနော်တို့ အနေနဲ့ ကြည့်တာကတော့ ကိုယ့်ကိုကိုယ်ဘယ်လောက်ယုံကြည်မှုရှိသလဲ၊
ဘယ်လောက်ဖော်ရွှေသလဲ...စသဖြင့်ပေါ့။ တွေ့ တဲ့လူတိုင်းကို လိုက်နှုတ်ဆက်ဖို့ ပြောတာတော့မဟုတ်ဘူးနော်။

အဆင့် (၄) စဉ်းစားဆုံးဖြတ်ခြင်း

- ဘယ်သူက ထောက်ခံပေးသလဲ? ဒါက အရေးကြီးတယ်ဆရာ။ အဆက်ဟောင်းက အဆက်ဟောင်းပါပဲလုပ်လို့ မရ
ဘူးဗျ။ ထောက်ခံတဲ့သူကို ကျနော်တို့ က ပြန်ဆက်သွယ်ပြီးမေးတာပေါ့၊ ဒီလူက အလုပ်လုပ်တာဘယ်လိုလဲ၊ နာမည်ဆိုး
ရှိလား? အလုပ်ဖြစ်လား? စသဖြင့်ပေါ့ဗျာ။ ကိုယ့်ကို ကောင်းကောင်းရေးပေးမယ့်သူကို ပြီးသလိုရှိာလို့ လဲမရဘူးဗျ။
ထောက်ခံတဲ့သူကလဲ..အဖွဲ့ အစည်းမှာလုပ်မယ်ဆိုရင်.. အဖွဲ့ အစည်းတစ်ခုခုက လူဖြစ်ရင်ပိုသင့်လျော်တယ်။ ဘာဖြစ်
လို့ လဲဆိုရင်..အချင်းချင်းသိကြတယ်လေ။ ဒီအဆက်အသွယ်က စကားအရမ်းပြောပါတယ်။ သူတို့ က တော်တော်
ထောက်ခံရင်..ရဖို့ ရာခိုင်နှုန်းမြင့်ပါတယ်။ ဒါက ပထမ ကြည့်တာပါ။

- အရည်အချင်းနှင့် လိုအပ်မှု။ ။ ဒါကတော့ ဒုတိယဦးစားပေး ကြည့်တာပါ။

- လူမှုဝင်ဆန့် နိုင်မှု ။ ဒါကတော့ တတိယပေါ့။ (မေးမြန်းတဲ့အခါမှာကြည့်ထားတယ်လေ)

- လခ။ ။ တောင်းတဲ့လခက အရမ်းမြင့်သလား၊ ပေးနိုင်၊ မပေးနိုင်ကို ကြည့်ပါတယ်။

အဲလို ကြည့်ပြီးရင်တော့ ..အလုပ်ခန့် လိုက်ပါတယ်ဗျာ။ အလုပ်ခန့် ပြီးတဲ့အခါမှာ ကျနော်တို့ က သင်ပေးရတာပေါ့ဗျာ။
လက်မှတ်တွေရှိနေလဲ ကိုယ့်ရုံးက လုပ်ထုံးလုပ်နည်းတွေကိုသင်ပေးရတာပါပဲ။ ဒါကြောင့် အလုပ်ခန့် ပြီးသွားရင်.. အလုပ်
ထုတ်တယ်ဆိုတာ သိပ်မရှိတာပေါ့ဗျာ။ မကြိုက်သော်လည်း..အောင့်ကာနမ်းပေါ့။ ဟုတ်တယ်လေ.. နောက်တစ်ယောက်
ထပ်ခေါ်..ထပ်သင်ပေးဆိုရင်.. အလုပ်ဘယ်ဖြစ်မလဲလို့ ။ ဒါကြောင့်မို့ ပေါ့နော်..အရမ်းကို ဆိုးဆိုးရွားရွားမဟုတ်ရင်
အလုပ်ထုတ်တယ်ဆိုတာမရှိတော့..ချစားတဲ့သူတွေရှိရင်လဲ..ရှိလာမှာပေါ့ဗျာ။ အရေးကြီးတာကတော့ ကိုခံရသလို
သူများတွေ မခံရအောင် ကိုယ်ချင်းစားပြီးကူညီရင်တော့ ကောင်းတာပေါ့ဗျာ။

ကိုယ်က မလုပ်နိုင်တဲ့အချိန်မှာလဲ..အလိုက်သိသိနဲ့  ထွက်သွားကြရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဟဲဟဲ၊ တစ်ချို့ 
ကပေပြီးကိုနေတာလေ။ အဲဒါကြောင့်ပါ။

ကဲစာဖတ်ပရိတ်သတ်တို့ ရေ..အကြောင်းဖန်လို့  အလုပ်လျောက်ဖြစ်ခဲ့ရင်..ဒါလေးက အနည်းနဲ့ အများ အထောက်
အကူပြုမယ်လို့  ယုံကြည်ပါတယ်ဗျာ။


ရှမ်းကလေး

ဒီလိုချစ်မျိုး..

ဒီလိုချစ်မျိုးငါမခံစားဘူးပါ
ရင်ထဲ နှစ်လုံးသားမှာရှိတာမင်းတစ်ယောက်ထဲ
ပူလောင်ခြင်းတွေကိုခါးဆီးခံ
မင်းထံမှစိမ်းကားစကား

အပြုံးတွေနဲ့ ဝေဆာခဲ့
မင်းရဲ့ အနားမှာအတူရှိချိန်

ပျော်ရွှင်ခြင်း၊ ခါးသီးခြင်းတွေရယ်
ငိုတစ်လှည့်ရယ်တစ်လှည့်နဲ့ 

ဒီအချစ်မျိုး..ငါမကြုံဖူးပါ။

ပူလောင်ခြင်းအေးမျှခြင်းတွေနဲ့ 
ငါ့ကိုရူးတယ်ပြောလဲ
ဒီအချစ်မျိုး..
ဒီအချစ်မျိုး..
ကံကောင်းစွာငါရရှိလို့ 
အချိန်တိုင်းမှာ ခံစားမှုတွေနဲ့ 
ငါ့နှလုံးသားလေးရှင်သန်လို့ 
ပူလောင်လဲ..
အေးမျှလဲ...
ငါ့ရင်ထဲမှာသိမ်းထားမှာက
မင်းကိုပေးထားတဲ့ ဒီလိုချစ်မျိုး...

လေပြေ

Wednesday, November 16, 2011

ဝေးကွာချိန်

ဝေးနေပါလားငါတို့ ရဲ့ ဘ၀က
နီးစပ်ဖို့ လေငါကြိုးကာမှ
မနီးနိုင်သေးပါလား
စက္ကန့် တွေတိုင်းမှာတ၀ဲလည်လည်
မင်းမျက်နှာလေးသာငါမြင်ယောင်မိ
ရက်တွေတိုင်းမှာငါလွမ်းငေးကာ
ခံနိုင်ရည်တွေလဲကျဆင်းပေမယ့်
မင်းအသံလေးကိုနားထောင်
မင်းအချစ်ကို ငါယုံကြည်ရင်း
ခေါင်းလေးကိုငါလေမော့လို့ 
နီးဖို့ ရေးခိုင်ခိုင်မာမာနဲ့ 
စောင့်မျှော်လျက်ပါ။


လေပြေ

Monday, November 14, 2011

ခရီးသွားမှတ်တမ်း၊ ဗီယက်နမ် ( ၁.၂) ဟိုချီမင်း အုတ်ဂူ

စာဖတ်ပရိတ်သတ်တို့ ရေ.. ခုလောလောဆယ်တော့ ဗီယက်နမ်ရောက်နေတော့.. Blog လေးကို ပြန်လည်ပြီးရေး
ခွင့်ရလာတာပေါ့ဗျာ။

ရောက်တုန်းရောက်ခိုက်လေး..လျှောက်လည်ပြီးတော့ စာဖတ်ပရိတ်သတ်တွေနဲ့  ပြန်လည်ပြီးဝေမျှလိုက်ပါတယ်။



အပေါ်ပုံကတော့ ဟိုးအရင်ကတည်းကရှိလာတဲ့ မြို့ ခံတပ်ပါ။ တစ်ခုတည်းရှိတာတော့ မဟုတ်ပါဘူး။ ကျနော်တော့
၂-၃ လောက်တော့ တွေ့ လိုက်ပါတယ်။



ဒီလမ်းကတော့ ဟိုချီမင်း အုန်ဂူရှေ့ ကဖြစ်ပါတယ်။ သူ့ အုတ်ဂူကို ၀င်ကြည့်ဖို့ ကတော့ တစ်ပတ်လောက်ကို ပတ်
လိုက်ရတယ်ဗျ။ တစ်ပတ်ဆိုပြီးအထင်မသေးနဲ့ ဗျ.. မိနစ် ၃၀ လောက်လျှောက်လိုက်ရတယ်။ အင်းလေ.. ကျနော်
တို့ က အရှေ့ ကနေကိုလာတာကိုး.. သူက အနောက်ကနေ၀င်ရတာကိုမှ မသိတာ။



ဒါကတော့ အိတ်တွေစစ်ဆေးတဲ့ နေရာကရလာတာပါ။ ဧည့်ကြိုလို့ ပဲပြောရမလားတော့မသိဘူးပေါ့လေ။ အုတ်ဂူ
နဲ့ ပတ်သက်ပြီးတော့ ရေးထားတဲ့ သတင်းအချက်အလက်တွေပါ။



အပေါ်ပုံကတော့ ဟိုချီမင်း ပြတိုက်ဖြစ်ပါတယ်။ အထဲတော့မ၀င်လိုက်ရပါဘူး။

ဟိုချီမင်းအုတ်ဂူဆိုတာကလဲ... ဟိုချီမင်း ရုပ်ကလ္လပ်ကို မပုပ်မသိုးအောင်ထား၊ ထားတဲ့နေရာပါ။ ရှင်းရှင်းပြောရင်
တော့ အလောင်းကို သွားကြည့်တာပေါ့ဗျာ။ (အတူသွားတဲ့ ဗီယက်နမ်သူငယ်ချင်းတွေကတော့ သူ့ ကို ဦးလေးဟို
လို့ ခေါ်ကြပါတယ်။ သူတို့ ဘယ်လောက်ထိ တန်ဖိုးထား လေးစားပြီး ရင်းနှီးချစ်ခင်တာကို ပြတဲ့သဘောလို့  ယူဆ
ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗိုလ်ချုပ်အောင်ဆန်းကိုတောင် သိပ်မသိတော့ဘူးပေါ့လေ.. အဲလိုပဲ မြန်မာနိုင်ငံရဲ့ 
ပထမဆုံး သမ္မတလဲ သိတဲ့သူတော်တော်လေးကို ရှားသွားနေပါပြီ)

ဝင်ဖို့ သွားတဲ့အခါမှာ ညီညီညာညာတန်းဆီ၊ ဖုန်းပိတ်၊ နှုတ်ပိတ် ပြီးသွားရပါတယ်။ အထဲဝင်လိုက်တာနဲ့ .....
စစ်သားတွေက နေရာတိုင်းမှာ တန်းစီပြီးတော့ကိုစောင့်ပါတယ်။

အထဲကိုသွားတဲ့ အချိန်မှာ ကင်မရာတွေယူဆောင်ခွင့်မရှိလေတော့ မပြနိုင်ပေဘူး..စာဖတ်ပရိတ်သတ်ရဲ့ ။

အလောင်းတတော့..ဖြူနေပြီး ဆံပင်၊ လက်သည်းတွေနဲ့ ၊ ပကတိ အသက်ရှင်နေသလိုပါပဲ။ အဲဒါနဲ့  သူငယ်ချင်းနဲ့ 
ပြောဖြစ်တာပေါ့...မြန်မာနိုင်ငံက ဘုန်းကြီးရုပ်ကလ္လပ်ဆိုရင်..ညှိပြီးတော့ အသားတွေခန်းခြောက်သွားတယ်။ ဒါပေ
မယ့် ဟိုချီမင်းရဲ့  ရုပ်ကလ္လပ်က ဖြူနေပြီး ဘာမှမဖြစ်သလိုပါပဲလားလို့ ။

ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကရောက်ဖူးတဲ့ သူငယ်ချင်းကတော့.."ဒါအတုပဲ" လို့ မှတ်ချက်ချပါတယ်။ အဲ.. တု
တာမတုတာထက်..သူတို့ တွေ လေးလေးစားစားနဲ့  လာပြီး အလေးပြုတာကိုတွေ့ ရတော့.. သြော်...ကွာပါ့လို့ 
မှတ်ယူလေရဲ့ ။



ဒါကတော့ ဟိုချီမင်းရုပ်အလောင်းကို ထားထားတဲ့ နေရာဖြစ်ပါတယ်။ ကြည့်ပြီးသွားတဲ့အချိန်မှာ ပြန်လည်ထွက်လာ
ရင်တွေ့ ရတဲ့မြင်ကွင်းပါ။



ဒါကတော့ ဟိုချီမင်းနေခဲ့တဲ့ အိမ်ဖြစ်ပါတယ်။



ဒါကတော့ သူ့ ရဲ့ အခန်းပါ။ အားလုံးလိုလိုက သစ်လွင်အောင်ပြန်ပြီး ဘောလစ်သုတ်ထားပါတယ်။



ဒါကတော့ ဗုံးခိုတဲ့ကျင်းပါ။ သေချာကြည့်မယ်ဆိုရင် (တည့်တည့်) လျှို့ ဝှက်တံခါးကိုတွေ့ ပါလိမ့်မယ်။ ဗုံးလာ
ကြဲတဲ့အချိန်မှာ ဟိုချီမင်းက အဲထဲမှာနေပြီး ပုန်းပါတယ်။ ပြီးတော့ အဲထဲမှာပဲ သူဟာ နှလုံးရောဂါနဲ့  သေဆုံး
သွားတာပါ။



အပေါ်ပုံကတော့ ဟိုချီမင်းအုတ်ဂူနဲ့ အိမ်ကို ကြည့်ပြီးတဲ့အချိန်မှာတွေ့ ရမယ့်အရာဖြစ်ပါတယ်။ လူတွေ ၀ိုင်းအုံကြည့်
နေတာကတော့ တိုင်တစ်လုံး (တိုင်တစ်တည်းပဲရှိ) ဘုရားကျောင်း (ဘုရားပဲရှိပြီး ဘုန်းကြီးမရှိဘူးလေ) ပါ။



ဒါကတော့ အဲဒီဘုရားကျောင်းမှာ ကိုးကွယ်ဖို့ ထားထားတဲ့ နတ်ဘုရားပါ။



အပေါ်ပုံကတော့ ဟိုချီမင်းအုတ်ဂူကို အရှေ့ မျက်နှာစာကနေပြီးတော့ ရိုက်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။ သူငယ်ချင်း
တို့ ရေ..စာမရေးတာကြာလို့  အဆီငေါ်တော့ သိပ်မတည့်ပေဘူး။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေနော်...ရောက်ခဲ့ရင်တော့ ၀င်ကြည့်လိုက်ပါအုန်း။ စစ်တာမစစ်တာအပထားပေါ့လေ။ သူ
တို့ တွေ ဘယ်လောက်တန်ဖိုးထား၊ လေးစားတာကို ကိုယ်တွေ့ ၊ မြင်တွေ့ ရမှာပါ။


ရှမ်းကလေး