Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, February 4, 2010

အော်.. ဟုတ်လား.. ဘယ်သူလဲကွာ ?

ဆေးရုံတစ်ခုအတွင်း၌..

ဇနီး။ ။ ခွဲစိတ်ခန်းမှ ထွက်လာသော ယောင်္ကျားဖြစ်သူအား ‘ရှင် ပြန်သတိရလာတာကို အရမ်းဝမ်းသာတာပဲ။ ရှင်မှတ်မိရဲ့ လား ? ရှင်လှေကားပေါ်ကျပြီးတော့ ခေါင်းနဲ့ ကြမ်းပြင်ရိုက်မိတယ်လေ။ အဲဒါနဲ့  ဓါတ်မံရိုက်ကြည့်တော့ ရှင့်ဦးနှောက်ထဲ သွေးခဲနေတာကို တွေ့တာနဲ့  ခွဲစိတ်ကုသလိုက်တာ။

ယောင်္ကျား။ ။ အင်း... ဟုတ်လား?

ဇနီး။ ။ ဟုတ်တယ်။ အဲဒါနဲ့ ခွဲစိတ်တုန်းမှာ ဆရာဝန်က မှားပြီးတော့ ရှင့်ရဲ့ ဦးနှောက်ကို သွားထိမိတယ်တဲ့။ ဒါပေမယ့် ဦးနှောက်ကို အပ်ဖျား လောက်ပဲ ခိုက်မိတဲ့အတွက်သိပ်မစိုးရိမ်ရဘူးတဲ့။

ယောင်္ကျား။ ။ အော်... အင်း...ဆိုတော့...

ဇနီး။ ။ အဲလို ထိခိုက်မိတဲ့အတွက်.. ရှင့်ရဲ့ အရေးမကြီးတဲ့ တစ်ချို့ မှတ်ဥာဏ်၊ မေ့ရအလွယ်ဆုံး.. ဥပမာအားဖြင့်... မတွေ့ ရတာကြာပြီ ဖြစ်တဲ့သူငယ်ချင်းတွေ၊ အလုပ်က နုတ်ထွက်သွားတာ ကြာပြီဖြစ်တဲ့ အိမ်ဖော်တွေ ကို ရှင်မမှတ်မိပဲဖြစ်လိမ့်မယ်တဲ့


ယောင်္ကျား။ ။ မျက်မှောင်ကျုံ့ ကာ... "ဟိုမ်း... ကျနော်အားလုံးကို မှတ်မိတယ်ဗျ.. သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ၊ အလုပ်က လူတွေအားလုံး လိုလိုကို သိတယ်။ ဒါပေမယ့် .. ကျနော် ဘယ်လောက်ပဲ စဉ်းစား၊ စဉ်းစား၊ ခင်ဗျားဘယ်သူဆိုတာကို စဉ်းစားလို့ မရဘူးဖြစ်နေတယ်ဗျာ။"


ရှမ်းကလေး

No comments: