စတွေ့ ချိန်ခါ ချစ်ခြင်းယိုဖိတ်
မဖိသိပ်နိုင်။
ကံမကောင်းတော့ မင်းနဲ့ ရင်းနှီး
ပျော်ရွှင်ခြင်းသာ။
ရင်းနှီးကစ သူငယ်ချင်းဖြစ်
မျိုသိပ်မိတယ်။
ချစ်ကြောင်းရေးရာ ပြောဖို့ ကလဲ
ကြောက်မိလေတော့။
ရက်တွေကပြောင်း နှစ်တွေနှောင်းတော့
ဖွင့်ဟမိတယ်။
နှလုံးခြင်းဆက် ချစ်ခင်မိတော့
အလူးလဲကွာ။
အချစ်ကိုလိုက် အကြိုက်ကိုဆောင်
ဝမ်းသာအောင်ပေါ့။
အပျော်ဆုံးဟာ ငါ့ရင်ခွင်မှာ
မလဲနိုင်ပါ။
ပြုံးရွှင်ကြည်နူး တို့ ဘ၀ဟာ
ပြည့်စုံနေတာ။
နှစ်တွေပြောင်းတော့ လူကရင့်ကျက်
သိပ်တွေးမိတယ်။
သိပ်တွေးမိတော့ ရင်မှာကွဲအက်
လမ်းခွဲခဲ့တယ်။
ရင်ကအက်ကွဲ ဆွေးမိခဲ့လို့ 
နေရခက်ခဲ။
အပြုံးကိုဆောင် ၀မ်းနည်းစွာနဲ့ 
ပန်းမဲ့ဆူးပင် ကိုယ်ဖြစ်နေတာ
မသိနဲ့ ကွာ။
တစ်နေ့ နေ့ တော့ ဒီဆူးပင်မှာ
လာခိုနေမယ့် ပန်းပင်စောင့်ရင်း။
လေပြေ ( မုန်တိုင်းရေ ပျော်စရာ ကဗျာရေးမလို့ ပဲ ဒါပေမယ့် ဒီလိုပဲ ထွက်လာတယ်လေ။ ရှမ်းကလေးကို အပြစ်မတင်ပါနဲ့ ဗျာ။ ကျနော့်  အပြစ်ပါ)
Wednesday, February 10, 2010
Subscribe to:
Post Comments (Atom)



RSS Feed (xml)
No comments:
Post a Comment