Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, February 4, 2010

ခြွင်းချက်လေး...........

ဇနီးဆုံးသွားသဖြင့် စိတ်ဆင်းရဲနေသော ယောင်္ကျားဖြစ်သူအား အခေါင်းလုပ်သူများက

အလုပ်သမား။ ။ "ဆရာရယ်သွားတဲ့သူက သွားပြီပဲ။ စိတ်ဆင်းရဲမနေပါနဲ့ ။"

ယောင်္ကျား။ ။ "အေးပါကွယ်။ ကျေးဇူးတင်ပါတယ်။ ဒါနဲ့  ဘာကိစ္စလဲကွယ်?"

အလုပ်သမား။ ။" ဆရာက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့သူဆိုတော့ အခေါင်းကို မြန်မြန်ကြေမွစေမယ့် စက္ကူနဲ့ လုပ်မလား?၊ ဒါမှ မဟုတ် မြန်မြန်ကြေမွစေမယ့် သုံးပြီးသား သစ်သားတွေနဲ့ လုပ်မလား? ဆရာ"

ယောင်္ကျား။ ။ " ကျနော်က သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတာတော့ မှန်ပါတယ်ဗျာ။ ဒါပေမယ့် ကျနော့်မှာလဲ တစ်ခါတစ်လေ ခြွင်းချက်လေးတွေ ထားတတ်ပါတယ်။ "

အလုပ်သမား။ ။ "ဟုတ်ကဲ့ ဆရာ။ ပြောသာပြောပါ.."

ယောင်္ကျား။ ။ " အေး.. ငါ့ဇနီး အခေါင်းကိုတော့.. အလွန့် အလွန်လေးပြီး.. အထဲမှာ အလုပ်သမားရှိတာတောင် မထွက်နိုင်၊ အသက်မရှူနိုင်တဲ့အခေါင်းလုပ်ပေးပါ။ "

အလုပ်သမား။ ။ " ဟုတ်ကဲ့.. ရပါတယ်"

ယောင်္ကျား။ ။ " အေးပြီးတော့ .... မြေချ ပြီးရင်လဲ အပေါ်ကနေ.. ကွန်ကရစ် သုံး၊ လေး၊ ငါးထပ် ပြန်ခင်း၊ ပြီးမှ မြေဖို့ ။ အဲဒါမှပဲ တစ်ယောက်ယောက်က ပြန်ထလာနိုင်တယ် ဆိုတဲ့ အတွေးတွေမရှိပဲ၊ တစ်ခုလပ် ဘ၀ကြီးကို ပျော်ပျော်ကြီးခံစားသွားရမှာ။ "



ရှမ်းကလေး

No comments: