Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, February 27, 2010

နောက်ဆုံးဖြစ်ခဲ့ ရင်....

အူဝဲအော်ရင်း လူ့ ဘ၀ရောက်
အနာဂတ်မှာ စိတ်ချမ်းသာဖို့ 
ကျောင်းကိုတက်ရင်း......
အော်... 24နှစ် ကျော်သွားပါလား။

မနက်ရောက်တော့ အလုပ်ကိုလုပ်
ဝမ်းဗိုက်ဖြည့်ဖို့  လှုပ်ရင်းကိုင်ရင်း
ပျော်လိုက်ငိုလိုက် ဗိုက်ဆံအတွက်
အဟောက်ခံရင်း.... ဘ၀လေ့လာ
အခက်အခဲ ပျော်ရွှင်ခြင်းနဲ့ .....
လှည့်ခံစားရင်း.....
အော်...6 နှစ်ထပ်ကျော်သွားပေါ့။

စလိုက်နောက်လိုက် ချစ်လိုက်မှန်းလိုက်
ဆက်လိုက်ကွဲလိုက်
နှလုံးသားမှာ ဒဏ်ရာတွေနဲ့ 
ထပ်ကာထပ်ကာ ကုစားခဲ့ရင်း
နောက်ဆုံးမှာတော့ မင်းနဲ့ တွေ့ ပြီး
အိုအောင်မင်းအောင် ပေါင်းမယ်ကြံရင်း.....

မရေရာတဲ့ လောကကြီးမှာ
သားကောင်ဖြစ်တော့ မခိုင်မြဲတဲ့
တံတားဖြတ်ရင်း လဲကာထကာ
ဘ၀ဒဏ်ကို ကြံ့ ကြံ့ ခံရင်း
ဆက်လျှောက်နေစဉ်...........

ခဏရပ်ကာ................ သုံးသပ်မိတော့
ခုချိန်မှာသာ ငါ့ဘ၀ရဲ့ 
နောက်ဆုံးချိန်ခါ ဖြစ်သွားခဲ့ရင်
ဗိုက်ဆံဆိုတဲ့ အရာလေးကို
ဆက်ရှာမလား?

နောက်ဆုံးချိန်ခါ ဖြစ်သွားခဲ့ရင်
ဘယ်သူ့ ရင်ခွင် နောက်ဆုံးချိန်ဖြစ်
ဝင်ခိုမလဲ?

နောက်ဆုံးချိန်ခါ ဖြစ်သွားခဲ့ရင်
အမှာစကား ဘယ်သူ့ ကိုများ
နောက်ဆုံးအဖြစ် ပြောသွားမလဲ?

နောက်ဆုံးအဖြစ် ဘာတွေလုပ်လို့ 
ဘယ်ရောက်မလဲ?

အတွေးများနဲ့  တ၀ဲလည်လည်
နောက်ဆုံးချိန်ဝယ် ပြုံးနေမလား?
မချိတင်ကဲ ကြောက်ရွှံ့ စွာနဲ့ 
ပုန်းခိုမလား?

စဉ်းစားနေရင်း ဘ၀လေးကို
ပုံဖေါ်ကြည့်ကာ အချိန်တိုင်းကို
နောက်ဆုံးချိန်လို သုံးမိအောင်
ကြိုးစားမယ်လို့ စဉ်းစားမိတော့.......


လေပြေ

No comments: