Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, February 7, 2010

အချစ်......

ငယ်စဉ်ချိန်ခါ ဆော့ကစားကာ
အရွယ်ရောက်တော့ အချစ်ဆိုတာ
စာအုပ်လှန်ရင်း ရှာဖွေကြည့်တော့
မတွေ့ ပါလား။

ရည်းစားရှိတော့ ချစ်ရင်းပြတ်ရင်း
ခံစားချက်သာ ငါ့ရင်အပြည့်။

အချစ်ဆိုတာ မရှာနိုင်တော့
လွမ်းရင်းဆွေးရင်း အထီးကျန်ကာ
ငါအခါခါ ပြိုလဲခဲ့တော့။

နောက်ဆုံးချိန်ခါ ယုယတတ်တဲ့
မင်းကိုတွေ့ တော့
အချစ်ဆိုတာ အဖြေပေါ်လို့ 
ဘယ်ကျမ်းမှာမှ မဖေါ်ပြတာ
မင်းရဲ့ချစ်ခြင်းပါ။

လှပအပြုံး မင်းကပိုင်ဆိုင်
ချစ်ခင်တတ်တဲ့ နှလုံးပိုင်ရှင်
ဟန်မဆောင်နိုင် အောင်ငါချစ်ခဲ့
ဒီတစ်သက်တော့ မခွဲခွါပဲ
မင်းအနားမှာ အမြဲရှိမယ်။


လေပြေ

No comments: