Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, September 25, 2009

ခရီးသွားမှတ်တမ်း = ရန်ကုန်

မန္တလေးကနေ ရန်ကုန်ကို ကားနဲ့ ပြန်လာတော့ ကားက မှန်လုံလေ၊ လေအေးစက်နဲ့ ပေါ့ဗျာ။ ကားပေါ်တက်ပြီးလို့  ကားထွက်သွားပြီးတဲ့ နောက်မကြာခင်မှာ ဆေးလိပ်နံ့ ရတယ်ဗျ။ အဲဒါနဲ့  ကားဆရာက ဆေးလိပ်မသောက်ရဘူး ဆိုပြီး လိုက်ကြေငြာပါတယ်။ တစ်ချိန်ထဲ မှာပဲ အမွေးဘူးနဲ့  ကားတစ်ခုလုံးကို လိုက်ဖျန်းပါတယ်။

ကားပေါ်မှာတော့ ထုံးစံအတိုင်း ရုပ်ရှင်ပြတယ်လေ။ တခွေပြီးရင် နောက်တစ်ခွေပြတယ်ဗျ။ အဲလိုနဲ့ ကြည့်လိုက်တာ နှစ်ကားလောက် ပြီးသွားတယ်။ ပြီးတော့ ထမင်းစားရပ်တယ်လေ။ ကိုယ်ကြိုက်တာမှာစားပေါ့။ အဲ....ခက်တာက ကားက အိမ်သာ မပါဘူးလေ။ အမောပြေအောင် ဘီယာလေးပါလေး သောက်လို့ တော့ သိပ်အဆင်မပြေဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဘီယာသောက်ရင် ဆီးခဏ၊ ခဏသွားတယ်လေ။

မနက်ပိုင်းမှာ ရန်ကုန်ကားဂိတ်ကို ဆိုက်ရောက်ပါတော့တယ်။ ကားပေါ်ကဆင်းလိုက်တာနဲ့  ဘယ်သွားမလဲ၊ တက္ကဆီဌားမလား ဆိုပြီး လာကြိုတာတွေကိုတွေ့ ရပါတယ်။ ကျနော်တို့ လဲ ခပ်တည်တည်နဲ့ ပေါ့နော် မသွားဘူး၊ မလိုဘူး နဲ့  ဘူးတစ်လုံးခံ ငြင်းနေတယ်လေ။
(ကြားတလောက်တော့ ကားဂိတ်က တက္ကဆီက လူမပြည့်ရင်မထွက်ဘူးလေ (ကိုယ်က အပိုင်ဌားရင်တောင်မှပေါ့)။ လူအပြည့်ကို သူတို့ က စောင့်နေကြတာ။ တခါကပေါ့နော် ကျနော့်အဒေါ်နှစ်ယောက်ဆို ကားဌားလိုက်တာ အနီးဆုံးတစ်ယောက် ကိုတော့ ပို့ လိုက်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ တစ်ယောက်ကိုတင်ပြီး ကားဂိတ်ကို ပြန်လာတယ်လေ။ လူလာခေါ်တာပေါ့နော်။ သူ့ မှာ မနက်ကနေထိုင်စောင့်လိုက် တာ ညနေပိုင်းမှ လူရလို့  အိမ်ကိုပြန်ရောက်လာတယ်လေ။ သတိထားပေါ့ဗျာ။ )

နောက်ဆုံးတော့ ကျနော်တို့ လဲ ကားဂိတ်အပြင်က ကားတစ်စီးဌားပြီး အိမ်ပြန်လာပါတယ်။ ရန်ကုန်ရောက်တယ်ဆိုမှတော့ ရွေတိဂုံကို သွားဖူးတယ်လေ။



အပေါ်ကပုံကတော့ ကိုယ့်မွေးနေ့ ၊ နံ မှာ ရေကပ်ပြီး ပန်းပူဇော်နေတာပါ။ ကြည်နူးစရာ မြင်ကွင်းပါပဲ။ (ပန်းတော့ နဲနဲလေး ဈေးကြီးတယ်ဗျ။ တစ်စီးကို 3000 ကျပ်ပါ။ အိမ်သာကတော့ 50 ပါပဲ (လိုရမယ်ရပေါ့လေ)) ကျနော်လဲ ဘုရားတစ်လျှောက် လှည့်ပတ်ပြီး ဖူးမျှော်တယ်လေ။ ရွှေသင်္ကန်းတောင်ပပ်လိုက်တယ်ဗျ။ (စဉ်းစားရင်းတောင် ၀မ်းသာပီတိဖြစ်မိပါတယ်) အဲလို နဲ့  ဘုရားရှိခိုးတယ်ပေါ့ နော်။ ရှိခိုးနေတုန်းမှာ အနီးက အဒေါ်တစ်ယောက်က ဆုပေးပါတယ်။ ပြီးတော့ သီလယူတဲ့ သူများကိုလဲ ကန်တော့သွားပါလား ဆိုပြီးတော့ ပြောတယ်လေ။ ကျနော်တောင် ခပ်ကြောင်ကြောင်ဖြစ်သွားတယ်လေ။ ဒီလိုမျိုး ဖြစ်မယ်လို့ မထင်ဘူးလေ။ အဲဒါနဲ့  ကျနော့် တို့ လဲ 3000 ကန်တော့လိုက်တယ်ဗျ။

ပြောရအုန်းမယ်။ ရွှေတိဂုံ ဘုရားမှာ ဓါတ်လှေကားရှိတယ်ဟုတ်။ ကျနော်တို့ အဲဒီကိုသွားတုန်းက ဓါတ်လှေကားကို သွားစီးတယ်လေ။ ကျနော်အံ့သြတာက အဲဒီ ဓါတ်လှေကားထဲမှာ အလုပ်သမားတစ်ယောက်ကလိုက်ပါပြီး ခလုတ်တွေကို လိုက်နှိပ်ပေးတယ်လေ။ အလွှာတွေအများကြီးရှိခဲ့ရင်တော့ ကျနော် မအံ့သြပါဘူး။ ဒါပေမယ့် နှစ်ထပ်ထဲ ရှိတဲ့ ဓါတ်လှေကားမှာ အလုပ်သမားက လိုက်ပါနေတာ ကိုက ထူးဆန်းနေတယ်လေ။ (ကျနော့်အတွက်ပေါ့) ဒါပေမယ့်ပေါ့လေ ရန်ကုန်ကိုရောက်ရင်တော့ ရွှေတိဂုံဘုရားကို သွားပြီး ဖူးသင့်ပါတယ်။ အရှေ့ မုဂ်က ဓါတ်လှေကားက မီးမှန်တယ်လို့ ကြားရပါတယ်။

ဘုရားဖူးပြီးတော့ Ocean ဆိုတဲ့ Super Market မှာ ပစ္စည်းသွားဝယ်တယ်လေ။ တော်တော်လေးကို စုံပါတယ်၊ ပြီးတော့ မြန်မာ အစားအစာတွေတော်တော်များများ ရရှိနိုင်ပါတယ်။ ပစ္စည်းဝယ်ပြီးတော့ အိမ်ပြန်ခဲ့တယ်လေ။

ညပိုင်းရောက်တော့ နှုတ်ဆက်ပွဲအနေနဲ့  မြန်မာစည်ဘီယာသောက်တာပေါ့ဗျာ။ ( တိုက်တဲ့ ကိုငယ်နှင့် ဇနီးအားကျေးဇူးတင်လျက်) စည်ဘီယာက တော်တော်လေးကို သောက်လို့ ကောင်းပါတယ်။ စည်ဘီယာကုန်တော့ ဦးနိုင်ရဲ့  Tiger ဘီယာသောက်တယ်လေ။ အဲဒီဘီယာက နဲနဲ ခါးတယ်ဗျ။ အရသာကတော့ ကျနော်သိပ်မကြိုက်ဘူးပဲ။ ဒါပေမယ့် သူက Sugar သိပ်မပါတော့ လူကို မ၀စေဘူးလေ။ (သူ့ ရဲ့ ကောင်းကွက်ပေါ့ဗျာ။ အမည်းရောင်ရှိတဲ့ ဘီယာတွေက လူကို သိပ်မ၀စေပါ။)

သောက်ပြီးတော့ နေ့ လည်မှာ နိုးလာတယ်လေ။ အဲဒါနဲ့  နာမည်ကြီးတဲ့ ကုလားဆိုင်မှာ ဂဏန်းဟင်းသွားစားတယ်ဗျာ။



အပေါ်ကတွေ့ တဲ့ပုံက အဲဒီဆိုင်က ဟင်းတွေပါ။ အဲဒီနေ့ တုန်းက ကျနော်တို့  ဆိတ်ဦးနှောက်၊ ဆီတ်ကလီစာ၊ ဂဏန်းဟင်း၊ ပဲဟင်း၊ ငါး၊ ကြက်သား...အို အစုံပါပဲ.. စားတယ်လေ။ ဒီဆိုင်က ဂဏန်းဟင်းက နာမည်ကြီးလေ။ ပလွတ်.. ပလွတ်နဲ့  ဂဏန်းခြေထောက်၊ လက်တွေက အသားတွေကို စုပ်စားရတာကိုက အရသာပဲလေ။ အဲဒီဆိုင်က နန္ဒာလှိုင်အိမ်နားမှာပါ။ (လမ်းတွေကိုတော့ မမှတ်မိဘူးလေ၊ နန္ဒာလှိုင်အိမ်နားကလို့ ပဲ မှတ်ထားတာကိုး )

စားသောက်ပြီးတော့ ခံတွင်းချဉ်လာတာနဲ့  စိတ်တိုင်းကြ (လေယာဉ်ကွင်းသွားတဲ့လမ်း) လဖ္ဘက်ရည်ဆိုင်သွားတယ်လေ။



ပုံထဲကဟာက............... ကြက်ကြော်လေ။ ဂဏန်းဆိုင် (ကုလားဆိုင်ပါ) ကထွက်လာတာနဲ့  ဗိုက်ကပြည့်နေတော့ မမြည်းလိုက်ရဘူး။ ဒါပေမယ့်စားလို့ ကောင်းမယ့်ပုံပါပဲ။



ဒါက ဖက်ထုပ်ပုံပါ။ စားလို့ တော့ ကောင်းတယ်ဗျ။ ကြုံရင်ဝင်စားလိုက်ပါအုံးလေ။ အဲ...ညပိုင်းမှာ ငပလီဆိုတဲ့ အကင်ဆိုင်မှာ သွားစားတယ်လေ။ အကင်ဆိုင်ဆိုတာကလဲ.. ကိုယ်ကြိုက်တဲ့ အသား၊ ငါး၊ အသီး တွေကို ရွေးရပါတယ်။ ပြီးတော့ သူတို့ က ကင်ပေးတယ်လေ။ ကင်ပြီးရင် ကိုယ်ထိုင်တဲ့ စားပွဲမှာ လာချပေးတယ်။ ကိုယ်က ဘာမှ လုပ်စရာမလိုဘူး။ ထိုင်စားယုံပေါ့လေ။ အဲဒီ နေ့ တုန်းက ကျနော်တို့  8 ယောက်စားတာ စုစုပေါင်း 44000 ကျော်ကုန်တယ်ဗျ။ (ကင်မရာ မေ့ခဲ့လို့  ဓါတ်ပုံမရိုက်လိုက်ရဘူး)

နောက်တစ်ခုကောင်းတဲ့ဆိုင်ကတော့ Happy ပါ။ အဲဒီဆိုင်မှာ ခေါက်ဆွဲ မျိုးစုံရတယ်လေ။ စစ်ကိုင်းလား၊ ရှမ်းလား...အို အစုံပါပဲ။ တော်တော်လေးကို ကောင်းတဲ့ဆိုင်ပါ။ ကြုံရင်ဝင်ဆွဲကြည့်လေ။ မဆိုးပါဘူး။

အဲလိုနဲ့  ပြန်လာရမယ့်အချိန်ရောက်တော့ ရန်ကုန်လေဆိပ်ကို ရောက်ခဲ့ပါတယ်။



အပေါ်ပုံကတော့ ဟသာင်္မောင်နှံ ပျံနေတဲ့ပုံဖြစ်ပါတယ်။ အဲဒီပုံကို လေဆိပ်မှာတွေ့ နိုင်ပါတယ်။ အဲ... ကံကောင်းလို့ ဗျာ။ အဲဒီ နေ့ တုန်းက ကျနော့်မှာ ပိုက်ဆံ မပါဘူးလေ။ ကျနော်မှမသိပဲဟာ။ လေယာဉ်ကွင်းမှ Tax ပေးရတယ်လေ။ တော်သေးတာပေါ့ဗျာ လေးကျော် ကူပေလို့  နို့ မဟုတ်ရင် တော်တော်လေးကို ကွကျမှာဗျ။ အခွန်မဆောင်ရင် လက်မှတ်ဖြတ်လို့ မရဘူးလေ။ (စာဖတ်သူများလဲ ပြင်ဆင်နိုင် အောင်လို့ ပါ) ကံကောင်းတော့ နောက်ဆုံးမှာ လက်မှတ်ဖြတ်ပြီး ဂိတ်မှာသွားစောင့်နေပါတယ်။ (အခွန်က 500 ကျပ်တည်းပါ၊ မလန့် နဲ့ နော်) နောက်ဆုံးတော့ လေယာဉ်ဆိုက် လာတာနဲ့ ကျနော်လဲ လေယာဉ်ပေါ်ကို တက်ပြီး ကိုယ်ခဏနေထိုင်ပြီး ပညာသင်ကြား တဲ့ နိုင်ငံကို ပြန်လည်ထွက်ခွါလာခဲ့ပါတယ်။



ရှမ်းကလေး (တခြားခရီးစဉ်များကို ဆက်လက်ဖော်ပြပါမည်)

ဆောင်းရာသီတုန်းက

လေကတိုက်တော့ ချမ်းလွန်းတာ
အထပ်ထပ်ခြုံလဲ မလုံမလဲ
အေးအေးစိမ့်စိမ့် ချမ်းလွန်းတယ်
မီးလေးမွေးလို့  စုပေါင်းထိုင်
ဂစ်တာကိုင်လို့  သီချင်းဆို
မီးမှာဖုတ်ထား စားစရာများ
စားရင်းတီးကာ ကောက်ညှင်းခြေထောက်ဟာ
ပူပူနွေးနွေး မွေးလှတယ်။

လဖ္ဘက်ရည်ကြမ်းသောက်တော့ ပူနွေးလာ
ရှမ်းပြည်နယ်ရဲ့  ဆောင်းကချမ်းလွန်းတော့
မီးကမခွာနိုင် ဖြစ်ရတယ်။

ဒီဆောင်းခါမှာ မှောင်လွန်းတာ
မြူတွေရစ်ဆိုင်း မည်းလှတယ်
ကြည်တွေကတော့ အထင်းသား
ဂစ်တာတီးလို့  ကြယ်ကြည့်ကာ
စိတ်မှာ ဟာတာတာနဲ့ 
ခံစားချက်က များလှသား။

ညနက်လာတော့ ပိုချမ်းလာ
အနွေးထည်ကို ထပ်ကာဝတ်
စောင်ကို သုံး၊လေး ထပ်ကာခြုံ
ဒါမှ
အန်တုနိုင်မှာ ဒီဆောင်းချိန်ခါ။


လေပြေ

Wednesday, September 23, 2009

ခရီးသွားမှတ်တမ်း = (5= ကသာ မှ မန္တလေးသို့ )

ကသာက စားကောင်းသောက်ဖွယ်ရာလေးတွေ စားသောက်ပြီးတော့ ကျနော်တို့ ဟာ မန္တလေးကို ရထားနဲ့ ပြန်ဖို့ စီစဉ်ပါတယ်။ သွားတဲ့ အတိုင်းပေါ့လေ ကသာကနေ နဘားဘူတာကို ကားနဲ့ သွားရတယ်ပေါ့ဗျာ။ ကောက်ညှင်းနဲ့  အကြော်လေးတွေ စားပြီးတာနဲ့  ကျနော် တို့ လဲ ကားဂိတ်ကို ထွက်လာတယ်ဗျ။ ကားပေါ်ရောက်တော့ လူတွေ၊ ပစ္စည်းတွေနဲ့  တော်တော်လေးကို ပြည့်နေတာဗျ။ တစ်ယောက်နဲ့  တစ်ယောက် နှုတ်ဆက်၊ မှာကြားနေတာကလဲ စည်စည်ဝေေ၀လေးကို ဖြစ်နေပါတယ်။

နောက်ဆုံးတော့ ကားလေးက ထွက်သွားတယ်ပေါ့လေ။ အဲလိုနဲ့  နဘားဘူတာလေးကို ကားဆိုက်ပါတော့တယ်။ ကျနော်တို့  စီးရမယ့် ရထားက ည 8 နာရီလေ။ ကသာနဲ့  နဘား က ကား 1 နာရီစီးရတယ်။ ကားဆိုက်တယ်ဆိုရင်ပဲ ကျနော်တို့ ဟာ ထိုင်ခုံအလွတ်တွေကို အမြန်ရှာကြပါတယ်။ အဲဒါမှ ထိုင်ပြီးစောင့်ရမယ်လေ။

ဘူတာမှာက ထိုင်ခုံတွေနဲနဲ ပဲရှိတာကိုး။ အဲ ဘူတာနဲ့ ကပ်ရပ်မှာတော့ လဖ္ဘက်ရည်ဆိုင်တွေ၊ အသုပ်ဆိုင်တွေ၊ ကွမ်းရာ ဆိုင်တွေ တော်တော် များများကို ရှိပါတယ်။ ဒါပေမယ့်ပေါ့လေ၊ ကိုယ်က မကြာခင်သွားရတော့မယ်ဆိုတော့ ထိုင်ခုံလေးမှာ ခဏလေးထိုင်ရရင်လဲ မဆိုးဘူးပေါ့ လေ။ လက်ပတ်နာရီကိုကြည့်တော့ 7 နာရီ ကျော်နေပြီဆိုတော့ သွားရတော့မယ်ဆို ပြီး ဖင်က တကြွကြွ ဖြစ်နေတယ်လေ။

အဲလိုနဲ့  ပေါ့လေ၊ ဖင်တကြွကြွပေါ့ စောင့်နေလိုက်တာ 8 နာရီကျော်သွားတယ်ဗျာ။ ဒါပေမယ့် မြန်မာနိုင်ငံပဲဟာ 1 နာရီကျော်လဲ အဆန်း လားလို့ ဆိုပြီး ဆက်စောင့်နေတယ်ဗျ။ နောက်ဆုံးတော့ 9 နာရီကျော်သွားရော။ မနေနိုင်တဲ့ အဆုံးမှာတော့ တာဝန်ရှိတွေကို သွားမေးတယ်လေ။ ကြားတလောက်ကတော့ ကျနော်တို့  စီးမယ့်ရထားရှေ့ က ရထားပေါ့နော်၊ တွဲချော်လို့ တဲ့ဗျာ။ ရထားလမ်းက တစ်ခုထဲ ရှိတာကိုး၊ ဆိုတော့ စောင့်ရတာပေါ့။ အရှေ့ က ရထား တွဲချော်မှတော့ နောက်ကရထားက မလာနိုင်ဘူးလေ။

ဘယ်လောက်ထိစောင့်ရလဲဆိုတော့ဗျာ၊ည 8 နာရီသွားမယ့်ရထားက ည 12း 30 မှ ရောက်လာတယ်လေ။ ကျနော်တို့ ကတော့ အိပ်လိုက်နိုးလိုက်နဲ့  စောင့်လိုက်ရတာဗျာ။ ဒီကြားထဲ စားထားတဲ့ ကောက်ညှင်းက ပျောက်သွားတယ်ဆိုတော့ လဖ္ဘက်ရည်ဆိုင် လေးမှာ ထိုင်လိုက်ရသေးတယ်။

လဖ္ဘရည်ဆိုင်ထိုင်တာများ အဆန်းလားလို့  မေးချင်တယ်တယ်ဟုတ်။ ဟင်း...... ဆိုင်မှာက အသုတ်ရတယ်လေ။ သုတ်တဲ့သူက သုတ်ပြီးတိုင်း စေတနာနဲ့  အပေါ့၊ အငံ မြည်းတာကိုး၊ မြည်းပုံက ဒီလိုလေ... လက်မှာကပ်နေတဲ့ အကျန်တွေကို သူက လျှာနဲ့  လျက်တယ်ပေါ့နော်။ အပေါ့၊ အငံမတည့်ရင် ထပ်ထည့်ပြီးတော့ ဆက်နှယ်တယ်လေ။ ( ဖတ်ပြီးတော့ ဟွန်း...အဲလိုကြီးလားလို့  .. မပြောနဲ့ နော်.. အဲဒါမှ တကယ့်အရဿကိုရတာကိုး၊ ကြုံဖူးလောက်ပါတယ်လေ.. ကျနော်ဆို အရမ်းကိုကြိုက်တယ်)

နောက်တစ်ခုကတော့ ဆိုင်တိုင်းမှာ အပေါ်စက်၊ အောက်စက်ရှိတယ်ဗျာ။ ဆိုတော့ တစ်ချို့ ဆိုင်က သီချင်းတွေဖွင့်၊ တချို့ ဆိုင်က ရုပ်ရှင်ပြ နဲ့  တော်တော်လေးကို စည်စည်ကားကား (ဆူဆူညံညံ ပေါ့လေ ရိုးရိုးလေးပြောရရင်) ရှိပါတယ်။ တချို့ ဆိုရင် လဖ္ဘက်ရည် တစ်ခွက်တည်းနဲ့  ရုပ်ရှင်တစ်ကား ပြီးတဲ့ အထိထိုင်ကြတာကိုး။ ဆိုတော့.... တခြားသူတွေ ထိုင်လို့ မရဘူးလေ။ အဲဒါကြောင့် ထိုင် ဖို့  ထိုင်ခုံရှာရတယ်ပေါ့ဗျာ။

ကျနော်တို့ ထိုင်တဲ့ လဖ္ဘက်ရည်ဆိုင်ကတော့ ကျော်ပြီးရင် တံမြက်စီး နဲ့ ကို လှဲတာဗျ။ လှဲပြီးရင် ထိုင်ခုံအောက်ကို ပြစ်ချလိုက်တာပဲ။ သန့် မသန့် တော့ မသိပါဘူးလေ.......... ဒါပေမယ့် စားလို့ တော့ ကောင်းပါတယ်။

နောက်ဆုံးတော့ 7 နာရီကနေ စောင့်ရတဲ့ရထားလေးက ည 123း0 လေးမှာ ဆိုက်လာပါတော့တယ်။ ဆိုက်တယ်ဆိုရင်ပဲ လူတွေက အလုအယှက်တက်ကြပါတယ်။ ကျနော်တောင်တော်တော်လေးကို အံ့သြသွားတယ်ဗျ။ ဘာလို့ လဲဆိုတော့ ထိုင်ခုံတွေက ထွက်ပြေးမှာ မှမဟုတ်တာ။ အဲ.. ကျနော်တို့ စီးတဲ့ ရထားက ရိုးရိုးတန်းပေါ့လေ။ ထိုင်ခုံက တည့်တည့်လေးပေါ့လေ။ တည့်တည့်ဆိုတော့ မှီရတာ အဆင်မပြေဘူးပေါ့လေ။ အင်း.... ထိုင်ခုံက 95၊ 96 ဒီဂရီလောက်ရှိတယ်လေ။ ပြီးတော့ ထိုင်ခုံတစ်ခုကို နှစ်ယောက်ထိုင်ရတယ်ဗျ။

အဲလိုနဲ့  ကိုယ့်ထိုင်ခုံကိုထိုင်ပြီးတဲ့ အချိန်မှာ ခုံအလွတ်တွေကို ရှာရပါတယ်။ ရှာရတဲ့ အကြောင်းရင်းကတော့ လွတ်တဲ့ထိုင်ခုံမှာ သွားအိပ်လို့  ရအောင်လို့ လေ။ ကံကောင်းချင်တော့ ထိုင်ခုံလွတ်တွေကို တွေ့ တဲ့ အချိန်မှာ ကျနော်လဲ သွားထိုင်လိုက်တယ်ဗျ။ ရထားထွက်ပြီးနောက်မှာ အိပ်မယ်ဆိုပြီး အိပ်လိုက်တော့ ထိုင်ခုံက ကျနော့် ခါးအထိပဲ ရှည်တယ်လေ။ (အောက်ပိုင်း လွတ်နေတာပေါ့နော်)။ အဲလိုမျိုးကြောင့်တော်တော်လေးကို ဒုက္ခရောက်သွားတယ်လေ။ အောက်ပိုင်းလွတ်မှတော့ ဘယ်လို အိပ်မလဲလို့ ။

တခြားသူတွေကတော့ လူသွားလမ်းလေးမှာ ဖျာလေးခင်းပြီး အိပ်နေကြတယ်ဗျာ၊ အားရပါးရပါပဲ။ ဘုန်းကြီးတွေလဲ ပါတယ်လေ။ ဘုန်းကြီးလဲ ခါးလောက်ဆန့် တဲ့ ထိုင်ခုံ ( ကျနော်ပဲ အရပ်မြင့်နေလားမသိ) လေးမှာ အိပ်နေတယ်လေ။ ဘုန်းကြီးကအိပ်တော့ ခြေထောက်က လူသွားလမ်းလေးမှာ ကာနေတာကိုး။ အဲဒီတော့ အိမ်သာသွားမယ့်သူတွေတော်တော်လေးကို ဒုက္ခရောက်ရတယ်လေ။ ဘာလို့ လဲဆိုတော့ ဘုန်းကြီး ခြေထောက်ကို ကျော်သွားရမှာကိုး။ တော်တော်လေးကို ကွကျတယ်ဆိုရင် မှန်ပါလိမ့်မယ်။

ရထားကို စီးလာလိုက်တာဗျာ၊ ကျနော်ကတော့ အိပ်ချင်လွန်းလို့  ပုံစံ အမျိုးမျိုးပြေင်းပြီးအိပ်ပါတယ်။ ဒါပေမယ့် အိပ်လို့ မရဘူးဖြစ်နေတယ်လေ။ နောက်ဆုံးတော့ ပြတင်းပေါက်ဘောင် ပေါ်မှာ ခေါင်းလေးတင်ပြီး အိပ်လိုက်တာ အဲဒီနေ့ က မိုးရွာပြီး မိုးမိတော့ ဖျားသွားတယ်ဗျာ။ (အဖျားက မန္တလေးရောက်မှ ပေါ်တယ်လေ)

ညလွန်လို့  မနက်ရောက်တော့ ရထားက လှိမ့်နေတုန်းပါပဲ။ လမ်းတစ်လျှောက် ရှုခင်းလေးတွေက တော်တော်လေးကို (အရမ်းကို) လှပ လွန်းတယ်ဗျာ။



ဒါကတော့ ဧရာဝတီမြစ်ပေါ်မှာ ဆောက်ထားတဲ့ တံတား ကျော်ပြီးရင် ဖူးတွေ့ ရမယ့် စေတီတော်ဖြစ်ပါတယ်။

အိပ်ရာကနိုးတော့ ထမင်းစားမယ်ဆိုပြီး ရထားက မှာစားတယ်လေ။ ရထားပေါ်က ကြည်ဥကြော်နဲ့  ဆေးဘဲဥသုတ်က တော်တော်လေးကို အဆင်ပြေပြီး စားလို့ ကောင်းပါတယ်။ ( တစ်ရာ၊ နှစ်ရာ ဆိုပြီး ပိုက်ဆံ ပြန်မအမ်းတာရှိတယ်နော်... သူတို့ က လူအကဲခပ်တော်သား... ကျနော့်ကို Boss ထင်လားမသိ ပြန်ကိုမပေးတာ။ ကျနော်ကလဲ ရိုးသားလွန်းတော့ ပြန်မတောင်းမိဘူးလေ.. ရှင်းရှင်းပြောရရင် ခံရတယ်ပေါ့နော်)

ရထားက ဆက်ပြီး လာတဲ့အချိန်မှာ စစ်ကိုင်းကိုရောက်တော့



အဲဒါက ကောင်းမှုတော်စေတီလို့ ခေါ်ပါတယ်။ မိခင်မေတ္တာကို ကျေးဇူးဆပ်တဲ့အနေနဲ့  ရင်အုံပေါ်ဆောက်လုပ်ပူဇော်ထားတာပါ။ ဆုတောင်း ပြည့်တယ်လို့ လဲ ကြားရပါတယ်။

တိုတိုလေးပဲပြောတော့မယ်နော်။ အဲလို နဲ့  မန္တလေးကို နေ့ လည်မှာရောက်သွားတယ်လေ။ မန္တလေးကို ရောက်တော့ ကျနော်လဲ အဖျားက တက်လာတာနဲ့  လှဲနေလိုက်ရတယ်။ အစက မန္တလေး နန်းတော်ကို သွားလည်မယ်ပေါ့၊ ဒါပေမယ့် ရောက်တဲ့ အချိန်ကလဲ နောက်ကျ၊ ပြီးတော့ လူက မမာတာနဲ့  နောက်ဆုံးတော့ ရန်ကုန်ကို ကားနဲ့ ပြန်ခဲ့ပါတယ်။


ရှမ်းကလေး (ဆက်လက်ဖျော်ပြပါမည်)

မခူးခဲ့လျှင် ...

ရုတ်တစ်ရက် ဖြတ်ကျော်ချိန်မှာ
လှပစွာနဲ့  ပွင့်ဖြန်းဝေဖြာ
ငါ့အသိမှာ လိုချင်မက်မော
ခူးစွတ်မိသည်။

ရေလဲပန်းတင် စေတနာအပြင်
မေတ္တာဖြူစင်နဲ့  မြတ်နိုးလွန်းတာ
အခန်းမှာ သိမ်းထား
အမြဲပိုင်မလား။

ရက်တွေကြာတော့ ပန်းကညှိုးပြီ
အပင်မှာထား အလှရှုရင်
အချိန်ကြာညောင်း ငါချစ်နိုင်သည်။

ပန်းလေးညှိုးတော့ အချိန်တန်ပြီ
လွင့်ပြစ်ရင်းနဲ့  ရင်မှာလှိုက်မော
မခူးခဲ့ လျှင် ပိုကောင်းပေမည်ဟု
ရင်မှာဝမ်းနည်း
လှိုက်လှိုက်လဲလဲ ငိုကြွေးမိသည်။





လေပြေ

Wednesday, September 16, 2009

ခရီးသွားမှတ်တမ်း (4= နဘား မှ ကသာ သို့ )

နဘားဘူတာကို ရထားဆိုက်တယ်ဆိုရင်ပဲ ကျနော်တို့ ဟာ အထုပ်အပိုးတွေပြင်ဆင်ပြီး အပေါက်ဝမှာသွားစောင့်ပါတယ်။ ရထားလုံးဝ မရပ်ခင်မှာပဲ အမြန်အဆန်ဆင်းလိုက်တယ်ဗျာ..အတွေ့ အကြုံမရှိလို့ လားမသိဘူး အကြော်သည်နဲ့ တိုက်မိတာ ကံကောင်းလို့ ဗျာ မဖိတ်သွားတာ။ မဟုတ်ရင်တော့ တော်တော်လေးကို အခက်ကြုံရမယ်။

ဆင်းပြီးတာနဲ့  ကသာကိုသွားမယ့်ကားဆီကို သုတ်ခြေတင်ပြေးရပါတယ်။ အရေးထဲမှ ကားမရောက်ခင်မှာ လက်မှတ်စစ်ကလဲ လက်မှတ်..လက်မှတ် ဆိုပြီးစစ်နေသေးတယ်ဗျ။ ကျနော်တို့ လဲ...နောက်မှာ..နောက်မှာ..ဆိုပြီးကားဆီကိုတာ ချီတက်သွားပါတယ်။

အဲ...ကားဆီကို ဘာဖြစ်လို့ အဲဒီလောက် အပြင်းသွားနေတာလဲဆိုပြီးတော့ သံသယ ရှိနေမယ်ထင်တယ်။ အကြောင်းကဗျာ.. ကသာ ကိုသွားမယ့်ကားက တစ်စီးထဲရှိတာလေ။ နောက်ကျရင် ထိုင်ခုံမရတာတို့  တခါတစ်လေ ကားမမှီလိုက်တာတို့  တွေရှိတယ်လေ။ ဒါကြောင့် တစ်ရောသောပါး ပြေးရတာပါ။ ကားမမှီရင်တော့ နောက် ရထားဆိုက်တဲ့အထိ စောင့်ရတယ်လေ။ အဲဒါမှာ ကားစရာက ခရီးသည်တွေရပြီး ထွက်မှာ...။

ကားဆီကိုရောက်တော့ အလုအယက် တက်ရတယ်လေ။ နေရာရချင်တာကိုး.. ကားကိုတက်ဖို့ လှေကားကလဲ ကျနော့် ဒူးခေါင်း ကျော်ကျော်မြှင့်တယ်ဗျ။ (ကျနော့် အရပ်က 5 ပေ 6 လေ၊ အမြင့်ကို မှန်းကြည့်ပေါ့ဗျာ)။ ကားပေါ်ရောက်ပြီး နေရာရပြီးတော့ ကားကစထွက်ပါတော့တယ်။ ကံကောင်းတယ်ပြောမလား...ကံမကောင်းဘူးလားတော့ မသိဘူး.. ကားက ချောင်ချောင်ချိချိ ပါပဲ။ (စိတ်ထဲမှာတော့ အဲလိုမှန်းသိရင် အကြော်သည်ကို မတိုက်မိအောင်လုပ်ပါတယ်ပေါ့လေ.. ဒီကပဲ တောင်းပန်ပါတယ်နော် ဆိုင်ရာ ဆိုင်ရာ အကြော်သည်ကိုပေါ့လေ။)

ကားပေါ်ရောက်ပြီးတော့ ကျနော့်နံဘေးမှာ ခရီးသည်တစ်ယောက်လာထိုင်ပါတယ်။ ကျနော့်ကို မေးတယ်လေ ဒီကားက ကသာကို သွားမှာလားတဲ့။ ဟ..ပြောရရင်လဲအခက်သားဗျ..ဘာဖြစ်လို့ လဲဆိုရင် ဒါက ကျနော့်ရဲ့  ပထမ ခရီးစဉ်လေ.. အဲ.. ကျနော်လဲ ခပ်တည်တည်နဲ့  ဟုတ်တယ်ဗျ လို့ ဖြေလိုက်ပါတယ်။

ဖြစ်ချင်တော့ ကျနော့်နံဘေးက ခရီးသည်ကလဲ ကားပေါ်ရောက်တာနဲ့  ဆေးလိပ်ထိုင်သောက်နေတယ်ဗျ။ ကျနော်ကတော့ တခြား ခရီးသည်တွေကို သူ့ အစား အားနာနေမိပါတယ်။ အဲလိုနဲ့  ကားတစ်ခေါက်ရပ်တိုင်း သူကလဲ ကသာရောက်ပြီလား ဆိုပြီးတော့ မေးတယ်လေ..ကျနော်ကလဲ ခပ်တည်တည်ပဲပေါ့..မရောက်သေးဘူးလို့  ဖြေနေစဲပါပဲ။ နောက်ဆုံးတော့ ကသာမြို့ ကို ရောက်သွားပါတယ်။ ကျနော့်နံဘေးက ခရီးသည်လဲ ရောက်ပြီလားမေးတာပေါ့။ ကျနော်လဲ မရောက်သေးဘူးထင်တယ် လို့  ဖြေလိုက်ယုံလေးပဲရှိပါတယ်.. ခရီးသည်တွေအားလုံးက ဆင်းသွားတယ်လေ။ ဆိုတော့ ရောက်သွားတယ်ပေါ့ဗျာ။ (နည်းနည်းတော့ အရှက်သားဗျ)

ကားပေါ်ကဆင်းပြီးတဲ့ အချိန်မှာ ကသာ တစ်မြို့ လုံးက မှောင်မည်းနေတယ်လေ။ အကြောင်းရင်းက မိုးရွာသာများလို့  တဲ့ဗျာ။ ( ကျနော်နေတဲ့ မြို့ မှလေ.. မိုးရာသီကျတော့ ရေလျှံလို့ တဲ့ မီးမလာဘူး၊ နွေရာသီမှာ ကြတော့ ရေခန်းလို့ တဲ့ မီးမလာဘူး၊ လူ့ အလိုက်တော်တော်လေးကို လိုက်ရခက်တယ်နော်..ဟင်း..)။ အဲလိုနဲ့  လိုရာခရီးကို ဆိုက်ကားဌားပြီး သွားတယ်ဗျ။ မှောင်မှောင် မည်းမည်းထဲမှာ ကျနော်တောင်ခပ်လန့် လန့် ဖြစ်နေတယ်။ လန့် တာက မတော်လို့  တစ်ခုခုနဲ့ ဝင်တိုက်မှာ ဆိုးလို့ လေ။

နောက်ဆုံးတော့ လိုရာခရီးကို ရောက်ပြီး တစ်ညသာ ကုန်သွားတယ်။ မနက်ရောက်တော့ ဗိုက်ကဆာလာတာနဲ့  လဖ္ဘက်ရည်ဆိုင် မှာ ကြာကွေ့ ကို အစာပြေစားတယ်။ စားပြီးတော့ ကသာဈေးထဲမှာ ထပ်သွားစားတယ်ဗျ။ (အစားကြီးတာမဟုတ်ပါဘူး၊ စမ်းပြီး စားကြည့်တာလေ)



အဲဒါက ဈေးထဲမှာသွားစားတာပါ။ သူ့ ဟာက နန်းကြီးသုပ်လိုပါပဲ။ အဲဒါနဲ့  အတူ ဟင်းရည်နဲ့  (ရှမ်းအကြိုက်) မုန်ညှင်းချဉ် ပါချထားပေးပါတယ်။ တော်တော်လေးကို စားလို့ ကောင်းတဲ့အတွက် လဖ္ဘက်ရည်နဲ့  အီကြာကွေးစားပြီးတာတောင် ကျနော် နှစ်ပန်းကန် လွေးလိုက်သေးတယ်။ စားပြီးသွားတော့ အချိုပွဲ ဆိုပြီး ဈေးအပြင်ဘက်မှာ ဖလူသာ၊ မလိုင် လေးတွေ သွားသောက်လိုက်သေးတယ်။ (အစားကြီးတာ မဟုတ်ပါဘူး၊ စားနိုင်တာပါ)။

သောက်ပြီးသွားတဲ့ အချိန်မှာ ကသာမြို့ နဲ့ ကပ်လျှက် ဧရာဝတီမြစ်တစ်လျှောက် သွားရောက်လည်ပတ်ပါတယ်။ ပြောမယ်ဆိုရင် ကသာ မြို့ ဟာ ဧရာဝတီမြစ်ကြီး နဲ့  အပြန်အလှန် အမှီအဟဲ ပြုနေရပါတယ်။ ဧရာဝတီမြစ်ကြီးကြောင့် ကူးသန်းရောင်း ၀ယ်ရေးကလဲ ကောင်းမွန်ပါတယ်။



အပေါ်ကတွေ့ ရတဲ့ ပုံကတော့ ဧရာဝတီမြစ်ကြီးနဲ့  ကုန်စည် သယ်တဲ့ လှေတွေဖြစ်ပါတယ်။ အဲလိုမျိုးလှေတွေကို မြစ်ရိုးတစ်လျှောက် တွေ့ ရပါတယ်။

လမ်းတစ်လျှောက် လျှောက်လှမ်းလာပြီးတဲ့အခါမှာ မြစ်နဲ့ ကပ်ရပ်



ဘုန်းကြီးကျောင်းကို တွေ့ ရပါတယ်။ တော်တော်လေးကို ကြည်ညိုစရာကောင်းပါတယ်။ အဲလိုနဲ့  ဆက်လျှောက်လိုက်ရင် ရှေ့ မှာ တည်းခိုခန်းတွေကို တွေ့ ရပါတယ်။ နိုင်ငံခြားမှာ နေတဲ့သူတွေအတွက်ပေါ့နော်၊ တည်းခိုခန်းက လေအေးစက်မရှိပါဘူး။ ပြောင်ပါပဲ။ ဘယ်လို ပြောင်လဲဆိုတော့ ဘာမှ မရှိဘူးပေါ့လေ။ (nothing is nothing ပေါ့ဗျာ၊ ရှင်းစရာမလိုအောင်ကို ရှင်းတာပေါ့နော်)

ထားပါတော့။ ဘုန်းကြီးကျောင်းကိုတွေ့ ပြီးရင် အပေါ်ပိုင်း (မြောက်ပိုင်း) တည့်တည့်လျှောက်လာ ပြီးတော့ ဘယ်ဘက်ကို ချိုးလိုက်ရင် အမောဖြေစရာ ခုလိုမျိုး



မြန်မာစည်ဘီယာဆိုင်လေးကလဲ အသင့်ပဲဗျ။ နေကပူ၊ လူကမောရင်တော့ တစ်ခွက်တစ်ဖလား လောက်ဝင်သောက်ရင်လဲ မဆိုးပါဘူးလေ။ ရင်မှာအေးပြီး အမောဖြေနိုင်တယ်ပေါ့လေ။ (ကျနော်တော့ မစမ်းကြည့်မိဘူးပဲ)



အဲလိုနဲ့  နေညှိချိန်ရောက်တော့ (ထန်းရေသောက်ဖို့  ပြောတာမဟုတ်ပါဘူး)၊ ကျောင်းသား၊သူ တွေပြန်လာတာကို ကြည့်ရ တာလဲ ငယ်ငယ်တုန်းက ဘ၀ကို ပြန်ပြီးသတိရမိစေတဲ့ အပြင် လွမ်းဆွတ်မှုတွေကိုလဲ သယ်ဆောင်လာပါတယ်။ ( အချစ်ဦး တွေရှိခဲ့ရင်ပေါ့လေ။ (ခြွင်းချက် အပျို၊ လူပျိုများ။ သူတို့ က အချစ်ကိုစွန့် လွတ်လိုက်လို့ ပါ..ထင်တာပေါ့နော်))

ညနေရောက်တော့ ကသာမြို့ က ထွက်ခွာရတော့မယ်ဆိုတာနဲ့  ဗိုက်ကလဲဆာလာတယ်လေ (တော်တော် ဆာတတ်တဲ့ ဗိုက်ပဲလို့  ထင်မယ်နော်။ မထင်နဲ့ လေ ကျနော့် weight က 73 kg ရှိတယ်လေ၊ စားနိုင်တယ်ပေါ့..ဟဲ..ဟဲ) ၊ ဒါနဲ့  ကျနော် တို့ လဲ ကသာက ဈေးသက်သာ၊ စားလို့ လဲကောင်း (နာမည် ကြီးမကြီးတော့မသိပါဘူး)တဲ့



အပေါ်ကဆိုင်လေးကို ရောက်ခဲ့တယ်ဗျ။ ကြားရသလောက်တော့ ဒီဆိုင်လေးဟာ တစ်နေ့ ကို နှစ်သောင်း၊ သုံးသောင်းလောက် အမြတ်ရတယ်ဆိုပဲ။ (အမြတ်နော် အမြတ်၊ အရင်းမပါသေးဘူး)။ တော်တော်လေး စိတ်ကောင်းရှိပြီး ဧည့်ဝတ်ကျေပွန် ပါပေတယ်။ ကြေငြာပေးတာ မဟုတ်ပါဘူး။ တော်တော်လေးကို ကောင်းပါတယ်။ အဲဒီနေ့ တုန်းက ကျနော်တို့ စားတာက ကောက်ညှင်း၊ ပယာကြော်၊ ကြက်သွန်နီကြော်၊ ဘူးသီးကြော်တွေပါ။



အပေါ်ကပုံတွေကြည့်ခြင်းအားဖြင့် ကျနော့်သူငယ်ချင်းတွေ စားချင်စိတ်ရှိမယ်လို့  ကျနော်ထင်တယ်လေ။ (ကျနော်တောင် ကြည့်ရင်း ဗိုက်ဆာလာသလို ခံစားရတယ်ဗျ) ။



ဒီပုံလေးကတော့ ကောက်ညှင်း (ကျနော့်အကြိုက်ပေါ့လေ) ကို အနီးကပ်ဆွဲထားတယ်လေ။ ဗိုက်ဆာရင် ကိုယ့်ကိုယ်ကို ဒုက္ခပေးဖို့ ပေါ့....မဟုတ်ပါဘူး... ကိုယ်စားခဲ့တဲ့ဟာကို ပြန်သတိရပြီး သူ့ ရဲ့  အရသာကို ပြန်ခံစားလိုက်တယ် ဆိုရင်ပဲ တော်တော်လေးကို အရသာခံစားရပါတယ်ဗျာ။

မေ့သွားလို့ ဗျာ။ ကသာမြို့ အကျယ်ကတော့ ဆိုက်ကားနဲ့ ပတ်ရင် နာရီဝက်အတွင်းမှာ တစ်မြို့ လုံးနံ့ တယ်ဗျ။ ရှင်းရှင်းပြောရင် တော့ သိပ်မကျယ်ဘူးပေါ့လေ (လုံးဝကို မကျယ်တာ)။ ခရီးတစ်ထောက်နားဖြစ်ရင် ကသာမြို့ လေးက ကျနော်ပြောတဲ့ အစားအစာလေးကို စားပြီး စည်ဘီယာလေးကိုသောက်လို့ ၊ ဆိုက်ကားလေးနဲ့  မြို့ ကို ပတ်ပြီး၊ ဖလူသာ၊ မလိုင်ကို သောက်ဖြစ် ခဲ့ရင် ကျနော့်ကိုလဲ သတိရပါနော်။


ရှမ်းကလေး (ဆက်လက်ဖော်ပြပါမည်)

ရွင်ပြုံးနိုင်ပါစေ အမြဲတမ်း
ရင်မှာလန်းလို့  စိတ်မှာပျော်ရွင်
ပြုံရယ်နေလျင် အသက်ရှည်၏။

လေပြေ

သာယာမှုလေးများ......

အိတ်လေးကိုင်လို့  ရှေ့ ကိုမျှော်မှန်း
ရွေ့ လျားထွက်ခွာ နောက်မှာကျန်ရစ်
ရပ်ခဲ့သည့်နေရာ။

ရှေ့ ကိုဦးတည် ပျော်ရွင်မိသည်
အသစ်အဆန်း မြည်းဆန်းမိတော့
ရင်မှာလှိုက်ဖွာ ၀မ်းသာပါသည်။

တစ်နေ့ ကုန်လို့  တစ်နေထွက်လဲ
မရိုးအီပါ ဤမြင်ကွင်းဟာ
တစ်သက်တာလုံး မှတ်မိနေမှာ။

တစ်ရွာပြောင်းလို့  တစ်မြို့ ကိုရောက်
ပြောင်းလဲကိုတွေ့  ရင်မှာခွေ့ တယ်
ဝမ်းသာမှုရယ်။

ရင်မှာပီတိ အဆုံးမရှိ
သာယာရွင်မြော လမ်းခရီးမှာ
တစ်သက်တာလုံး ကုန်ဆုံးပါစေ
ဆက်ပြီးသွားလို့  ရှုမျှော်အုံးမယ်
ဤအလှကိုကွယ်။


လေပြေ

Monday, September 14, 2009

ခရီးသွားမှတ်တမ်း (3= မန္တလေး နှင့် နဘား)

ကသာကိုသွားဖို့ အတွက် ပထမဆုံး နဘားဘူတာကိုသွားရပါတယ်။ နဘားကနေမှတစ်ဆင့် ကားနဲ့  ကသာကိုသွားရပါတယ်။ မန္တလေးကမှာ တည်းလို့ ပြီးတာနဲ့  ကျနော်တို့ လဲ နဘားကိုသွားဖို့  အထုပ်တွေသယ်ပြီး ဘူတာကိုရောက်လာပါတယ်။ ကျနော်တို့  စီးမယ့် ရထားကလဲ upper ပါပဲ။ အဲ....သူတို့ ပြောပုံအရဆိုရင် တရုတ်ရထားပေါ့လေ။



အပေါ်ပုံကတော့ မန္တလေးရထားဘူတာပါ။ အပြင်နဲ့  အတွင်းနဲ့ နည်းနည်းပဲ ကွာပါတယ်ဗျာ။

ရထားပေါ်တက်ပြီး ပစ္စည်းတွေကို ပစ္စည်းတင်တဲ့နေရာမှာထားပြီး (ကားတွေလိုပါပဲ အပေါ်မှာ ပစ္စည်းတင် အောက်က ထိုင်ခုံလေး မှာထိုင်ပေါ့)ထိုင်ခုံလေးမှာထိုင်တယ်ပေါ့။ အဲ...တစ်ချို့ ထိုင်ခုံတွေက ပျက်နေပြီး တည့်တည့်ထိုင်လို့ မရဘူးဖြစ်နေတယ်ဗျ။ လဲလျောင်း ပြီးထိုင်နေရတယ်လေ။ ဒါကောင်းတာပဲလေ...ထင်မိလိမ့်မယ်။ ဒါပေမယ့် ခရီးထွက်ဖူးရင်တော့် ကောင်းတယ်လို့  ထင်မှာ မဟုတ်ပါဘူးလေ။

အဲလိုနဲ့ ရထားက ထွက်ပါလေရော။



ရထားထွက်တာနဲ့  တွေ့ ရတဲ့ မြင်ကွင်းပါ။ လူတွေက ရထားမှာ တွဲခိုပြီးတော့ လိုက်ပါလာတာဖြစ်ပါတယ်။ ဝေးဝေးကိုတော့ မသွား ပါဘူး။ သူတို့ ရဲ့ ဆိုင်ရာဆိုင်ရာ ရောက်ရင် ခုန်ဆင်းကြပါတယ်။ သွားရင်းသွားရင်းနဲ့  ကျနော်ရောက်ခဲ့တဲ့ နေရာကတော့..



ဒီတံတားက ဧရာဝတီမြစ်ပေါ်မှာဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။ လှပပါပေတယ်။

ရထားပေါ်ရောက်တုန်းကပေါ့ဗျာ... upper ဆိုပေမယ့် ထိုင်ခုံလေးနဲ့ ပါပဲ။ ထိုင်ခုံရဲ့  စပရိန်တော့ တော်တော်လေးကို ကောင်းတယ်ဗျ။ ချိုင့်တခုခုရောက်ရင် ထိုင်ခုံက 3 လက်မလောက် နှိမ့်ချည်မြင့်ချည်လုပ်နေတယ်ဗျာ..တော်တော်လေးကို စိမ်ရှိ တယ်လို့ ထင်ရပါတယ်။ အဲ...နည်းနည်းကြာလာတော့ ခေါင်းမူးသလိုလို ခံစားရတယ်ဗျ။

upper မှာ လေအေးစက်နဲ့ ပါပဲ..ဒါပေမယ့်လေအေးစက်က ပင့်ကူမင်တွေတက်လို့  မသုံးရမှန်းသိသာပါတယ်။ ဒါပေမယ့် ... ပန်ကာနဲ့  သွားနေရတုန်းပါပဲ။ ရထားနဲ့ သွားနေတုန်းမှာပဲ... ခရီးသယ်တွေက ဆေးလိပ်သောက်တာကို ကျနော် အနေနဲ့  ထူးထူးဆန်းဆန်း တွေ့ ရပါတယ်။ သူတို့ က ဘယ်သူ့ ကိုမှ အားမနာပဲနဲ့  သောက်နေတာပါ။ ဆေးလိပ်မသောက်ရ ဆိုတဲ့ စကားလုံးက သူတို့ နဲ့  လုံးဝမသက်ဆိုင်သလိုပါပဲ။

ပြီးတော့ တစ်ချို့ က ချမ်းလို့ ဆိုပြီး ပြတင်းပေါက်တွေပိတ်ထားတယ်လေ။ ပြတင်းတွေပိတ်ပြီးတဲ့ အိပ်နေပေမယ့် မအိပ်သေးတဲ့ သူတွေအတွက်တော့ ဆေးလိပ်သောက်သူတွေရဲ့ ဒဏ်ကို အလူးအလဲခံရပါတယ်။ (ဘယ်သူမ ဘာမှမပြောပါဘူး၊ ရိုးသားလို့  လားမသိပါဘူးလေ။ )

နောက်ဆုံးတော့ ကျနော်တို့ စီးလာတဲ့ 12 နာရီရထားဟာ နဘားကို 43း0 မှာရောက်လာပါတယ်။

ရှမ်းကလေး (ဆက်လက်ဖော်ပြပါမည်)

ခရီးသွားမှတ်တမ်း (၂= မန္တလေး)

ရန်ကုန်မှာရောက်နေတုန်း မန္တလေးသွားမယ်ဆိုပြီး ကျနော်တို့ ဟာ ရထားဘူတာကို 11 လောက်ကရောက်လာပါတယ်။ ရောက်တယ် ဆိုရင်ပဲ ပစ္စည်းသယ်မယ့်သူတွေထွက်လာကြပါတယ်။ ပစ္စည်းကနည်းနည်းလေးများတယ်ဆိုပေမယ့် ကိုယ်ကသယ်နိုင်တော့ မလုပ်ပါ နဲ့ ဆိုပြီး အတင်းကိုတားရပါတယ်ဗျာ။ (သူတို့ က စေတနာအရမ်းရှိနေတာကိုး)

အဲလိုနဲ့ ပေါ့ လက်မှတ်ကို မှတ်ပုံတင်နဲ့ တကွ ဂိတ်မှာပြပြီးသွားတဲ့အချိန်မှာ ကျနော်တို့ ဝယ်ထားတဲ့ upper class ကိုသွား လိုက်ပါတယ်။ ကျနော်က ရုပ်ရှင်တွေတော်တော်ဝါဿနာပါတော့ တော်တော်လေးကိုကြည့်ဖြစ်ပါတယ်။ အဲ Upper ဆိုတဲ့ အသံကို ကြားလိုက်တော့ တော်တော်လေးကို ပျော်သွားတယ်ဗျ။ ဟုတ်တယ်လေ အကောင်းစားလေးမှာလိုက်ပါသွားရမှာကိုး။

Upper ဆိုတဲ့အတိုင်း ကိုယ်ပိုင်အခန်းလေးနဲ့ ပါပဲ။ အခန်းကသိပ်မကျယ်ပါဘူး။ နှစ်ဖက်စလုံးမှာ နှစ်ထပ်ကုတင်နဲ့ ပါ။ အလယ်မှာ၊ ပြတင်းပေါက်နဲ့  ကပ်ရက် သိပ်မကျယ်တဲ့ တစ်တောင်စာ စားပွဲလေးရှိပါတယ်။ ဒါပါပဲ သူတို့ ရဲ့ အထက်တန်းပေါ့နော်။ အဲ လေအေးစက်တော့မရှိပါဘူး။ ပန်ကာလေးနဲ့ ပေါ့လေ.. သဘာဝလေကို အားရပါးရရှုနိုင်တယ်ပေါ့ (အကောင်းဘက်က တွေးတတ်ရင်ပေါ့။)

အဲလိုနဲ့  ပစ္စည်းတွေကိုနေရာချပြီး (ကုတင်အောက်မှာ ထိုးသွင်း၊ မကုန်ရင် ကုတာင်ပေါ်တင်ပေါ့လေ)ခဏနားနေတုန်းမှာ ကွမ်းယာတို့  ဆေးလိပ်တို့  လာရောင်းပါတယ်။ အဲဒီမှာ ကျနော် တော်တော်လေးအံ့သြသွားတယ်ဗျ။ ဘာလို့ လဲဆိုတော့ ရထား ပေါ်မှာ ဆေးလိပ်မသောက်ရဆိုတဲ့ စာကပ်ထားတယ်လေ။ ဆေးလိပ်မသောက်ရဆိုမှတော့ ဆေးလိပ်လာရောင်းရတယ်လို့  ပေါ့နော်။ အင်းလေးမှာ ဖိနပ်သွားရောင်းတာနဲ့ အတူတူပဲလေ မဟုတ်ဘူးလားလို့ ။

အဲလိုနဲ့  ရထားက ဘူတာကနေ 12း05 မှာထွက်ပါတယ်။ ရထားထွက်တာနဲ့  ဗိုက်ဆာလာလို့  ကိုယ့်မှာပါလာတဲ့ ထမင်း၊ ဟင်း တွေဖွင့်ပြီးစားတာပေါ့ဗျာ။ ဗိုက်ဖြည့်ပြီးတော့ ပြတင်းပေါက်ကနေ ရှုစားပါတယ်။ တော်တော်လေးကို သာယာတယ်ဗျာ။ လေကလဲ တဟူးဟူး တိုက်နေတာပဲ။ လေကောင်းလေသန့် ပါပဲ။ တော်တော်လေးကို ပျော်ဖို့ ကောင်းပါတယ်။

အဲလိုနဲ့ သွားလိုက်တာ...ခဏနေတော့ နဲနဲပူလာတယ်ဆိုပြီး တစ်ခုတည်းသော ပန်ကာကိုဖွင့်လိုက်တယ်ဆိုရင်ပဲ ပန်ကာက အလုပ်လုပ်ဘူးဖြစ်နေတယ်။ ဒါနဲ့  ကျနော်တို့ က မင်းတို့ ပန်ကာအလုပ်မလုပ်ပါလားလို့  ဆိုင်ရာဆိုင်ရာ ကိုပြောတော့ သူတို့ က မဖွင့်ပေးသေးတာပါ လို့ ပြောတယ်လေ။ အဲမကြာပါဘူး ပန်ကာလေးက လည်လာပါတယ်ဗျာ။

ကြာတော့.....အပေါ့သွားချင်တာနဲ့  အိမ်သာကိုသွားတာပေါ့လေ။ အိမ်သာမှာ ပုတင်းပေါက်နဲ့ ပါ။ အဲထိုင်ပြီးသွားရတယ်လေ။ မထိုင်လို့ ရမလားလို့  မေးစရာရှိမှာပေါ့လေ။ ကျနော်ပြောချင်တာက ရေဆွဲချုရတဲ့ အိမ်သာမဟုတ်ပါဘူး။ ရေလောင်းရတဲ့ အိမ်သာပါ။ အံ့သြစရာကောင်းသာက ရေမလာသာပါပဲ။ ရထားဆီးမယ်ဆိုရင် လိုအပ်တာတွေဆောင်ထားဖို့ ပေါ့ဗျာ။ မဟုတ်ရင် တော်တော်လေး ဒုက္ခရောက်လိမ့်မယ်နော်..အထူးသဖြင့် မိန်းကလေးပေါ့ဗျာ။ အဲ ပုတင်းပေါက်ကလဲ အပေါ်မှာ အသေပိတ်ပြီး အောက်ပိုင်းက ပွင့်နေတယ်ဗျ။ ကြည့်ရင် ကိုယ့်ရဲ့  ကွယ်ဝက်ထားတဲ့ အရာတွေပေါ်နိုင်တယ်ဗျ။

အဲလို နဲ့ ညရောက်ရော ဗိုက်ဆာလာတာနဲ့  ရထားက ဟင်းတွေကို မှာစားတာပေါ့ဗျာ။ မဆိုးပါဘူး တော်တော်လေးကို ကောင်းပါတယ်။ ထမင်းစားပြီးရင်တော့ ပြတင်းပေါက်ကနေ လွင့်လိုက်ပေါ့လေ။ အဲကိုယ်ကမကုန်၊ ပြီးတော့ ဟင်းနဲ့  ထမင်းကကျန်နေသေးတယ်ဆိုရင် ထုတ်ထားလိုက်ပါ။ လမ်းမှာ လာတောင်းတဲ့ ကလေးတွေရှိပါတယ် သူတို့ ကို သနားသော အားဖြင့် စွန့် ကြဲတာကောင်းပါတယ်။

ညရောက်တဲ့အချိန်မှာ ရထားက မီးတွေဖွင့်ပေးပါတယ်။ မီးဖွင့်လိုက်တော့ နည်းနည်းထိန်ထိန်ညီးသွားတယ်ပေါ့နော်။ အဲ ခက်တာက အဲဒီ မီးကို ခရီးသယ်တွေ ပိတ်လို့ မရတာပါပဲ။ ကျနော်လဲ မီးပိတ်လို့ မရတာကို ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ညနက် တော့ အကောင်တွေက မီးကိုတွေ့ ပြီး လာပြီး မီးပုံပွဲ ကျင်းပနေတာပါပဲ။ ပင်ပန်းတဲ့အကောင်တွေက ကိုယ်ပေါ်တို့  မျက်နှာမှာ တို့  လာနားတာပေါ့ဗျာ။ အဲဒီတုန်းက တော်တော်လေး စိတ်ညစ်လိုက်ပါတယ်။ (ဒီစာရေးနေတုန်း အိမ်မြှောင်တောင် ကျနော့် ပေါ်ကျလာသေးတယ်၊ သက်သေလာပြုတာလားတော့မသိဘူးပဲ)

ကုတင်အကြောင်းပြောရအုန်းမယ်။ ကုတင်အကျယ်က တစ်ဝက်လိမ့်စာပါ....လှည့်ယုံလေးပေါ့ဗျာ။ ပေးတဲ့ပစ္စည်းတွေကတော့ မလျှော်ထားတဲ့ ခေါင်းအုန်းရယ် (အဆိုးမြင်တာ မဟုတ်ပါဘူး..တစ်ကယ်ပြောတာပါ၊)၊ မခင်းထားတဲ့ အိပ်ယာခင်းရယ်ပါ။ ကိုယ့်အားကို ကိုးပေါ့လေ..ဟ။ ကုတင်ကနှစ်ထပ်ဆိုပေမယ့် တက်တဲ့ လှေကားက တစ်ထစ်ထဲပါ။ အဲဒီလေကားက ကုတင်နှစ်ခု ကြားမှာ ထားထားတယ်လေ။ ယောင်္ကျားလေးတွေအတွက် ပြဿနာ မရှိပေမယ့် မိန်းကလေး ဖြစ်ခဲ့ရင်တော့ တော်တော်လေးကို အခက်အခဲတွေ့ နိုင်ပါတယ်။

ပိတ်လို့ မရတဲ့မီးရယ်၊ သိပ်မကျယ်တဲ့ ကုတင်လေးမှာ အကောင်လေးတွေကို ဖက်ပြီးအိပ်ရင်း လိုရာခရီးကို မနက် 4 နာရီ လောက်မှာရောက်ပါတယ်။ နေ့ လည် 12း05 မှာထွက်တာ မနက် 4 နာရီလောက်မှ ရောက်တော့ တော်တော်လေးကို ပင်ပန်း တယ်လို့ ပြောရပါတယ်။ အဲလိုနဲ့  ရထားပေါ်ကဆင်းလိုက်တော့ လမ်းတစ်လျှောက်မှာ လူတွေတန်းစီပြီးအိပ်နေတာကို အထူး အဆန်းတွေ့ လိုက်ရပါတယ်။

အဲဒါတွေကို ကျော်ဖြတ်လိုက်တဲ့အချိန်မှာ မန္တလေး ဘူတာကနေထွက်ဖို့  လှေကားပေါ်တက်မယ်လုပ်တယ်ဆိုရင်ပဲ လက်မှတ် စစ် နဲ့ တွေ့ ပါတယ်။ လက်မှတ်စစ်က ရထားပေါ်မှာလဲ စစ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ က အဲလိုမျိုးပြန်စစ်ပါတယ်ဗျာ။ သွားဖြစ် ခဲ့ရင် ရထားလက်မှတ်အသင့်ပြင်ထားပေါ့ဗျာ။

မန္တလေးဘူတာက တော်တော်လေးကို ကြီးပါတယ်။ ရထားကဆင်းပြီး အပေါ်ကိုတက်၊ ပြီးတော့လမ်းနည်းနည်း လျှောက်၊ ပြီးရင် လှေကားက ပြန်ဆင်းနဲ့  တော်တော်လေးကို လည်သွားပါတယ်။



ဒါက မန္တလေးရထားဘူတာပါ တော်တော်လေးကို ခံ့ညားပါတယ်။ (အပြင်ပိုင်းကပေါ့နော်၊ အတွင်းပိုင်းတော့ အလုပ်ရှုပ်နေတာနဲ့  အဲဒီနေ့ က မရိုက်ဖြစ်ခဲ့ပါဘူး)။ အမှန်ပါ တော်တော်လေးကို ကြည့်လို့ ကောင်းပါတယ်..မြင်ရတဲ့အတိုင်းပေါ့နော်။

ရထားဘူတာအပြင်ကိုရောက်လို့  လေးဘီးနဲ့  တည်းခိုမယ့်နေရာကိုရောက်သွားခဲ့ပါတယ်ဗျာ။ အိပ်မယ်လုပ်တုန်း အိပ်မပျော်ခဲ့ပါဘူး။ အဲဒါနဲ့  လမ်းလျှောက်ထွက်ခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ဆိုင်ကယ်တွေကားတွေသွားလာ လုပ်ရှားနေတွေ့ ရပါတယ်။ ကိုရင် တွေဆွမ်းခံကြွလာတာလဲတွေ့ ပါတယ်။ အဲ...ထူးဆန်းတာက ကိုရင်တွေက ဆိုင်အရှေ့ မှာ ဆွမ်းခံရပ်တော့ ဆိုင်ရှင်က ဆွမ်းမကပ်ရင် ကိုရင်တွေက တစ်နေရာမှာ ထိုင်ပြီး စောင့်နေတာကို တွေ့ ရတယ်ဗျ။ (မန္တလေးက ကျနော့် အတွက် ပထမ ဆုံးမို့  ကျနော်မသိတာလားတော့ မသိပါဘူးဗျာ။ )

အဲလိုနဲ့ မိုးလင်းတော့ ဗိုက်ဖြည့်ဖို့ ဆိုပြီး အပြင်ထွက်ခဲ့ပါတယ်။ ဘယ်မှာ သွားစားရမှန်းမသိခင်မှာ ကားဆရာက မင်းသီဟ မှာသွားစားဖို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်နောက်ပိုင်းသိရတာတော့ မန္တလေးမှာ မင်းသီဟ ဆိုင်ကတော်တော်လေးကို နာမည် ကြီးပြီး နေရာအနှံ့ မှာ ဆိုင်ခွဲရှိတယ်တဲ့။ အဲလိုနဲ့  ကျနော်တို့ ဟာ 72 လမ်းက မင်းသီဟဆိုင်ကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ နန်းကြီးသုပ် စားလိုက်တယ်ဗျ..အဲ..မ၀တာနဲ့  မုန့် ဟင်းခါးတစ်ပွဲထပ်ဆွဲလိုက်တယ်။ တော်တော်လေးကို စားကောင်းပြီး ဈေးလဲ သက်သာပါတယ်။ ( ကြေငြာပေးတာမဟုတ်ဘူးနော်)



ဗိုက်ဖြည့်ပြီးတော့ မန္တလေးရဲ့ နာမည်ကြီး မဟာမြတ်မုနိဘုရားကို သွားပြီးဖူးပါတယ်။ အ၀င်ဝမှာတော့ ဘုန်းကြီးတွေ အလှုခံနေတာ ကို ကြည်ညိုဖွယ်ရာတွေ့ လိုက်ပါတယ်။



ဒီလိုမြင်ကွင်းတွေကို မတွေ့ ရတာတော်တော်လေးကို ကြာနေတော့် ၀မ်းပမ်းတသာဖြစ်နေမိပါတယ်ဗျာ။



အဲဒါက ၀င်ပေါက်မတိုင်ခင်ဘေးကဖြစ်ပါတယ်။ ခိုလေးတွေက ပျံဝဲနေတာလေးက....အော်...ဒါက မြန်မာနိုင်ငံပါလား ဆိုတဲ့ ခံစားချက်ကို ရရှိစေပါတယ်။



ဒါက အ၀င်ဝမှာပါ။ တော်တော်လေးကို စည်ကားပါတယ်။ မ၀င်ခင်မှာ ဖိနပ်ချွတ်ရပါတယ်။ ဖိနပ်လေးကိုင်လို့  ဘုရားဖူးရတာလေး ကိုက ၀မ်းသာစရာလေးပါဗျာ။



လမ်းလျှောက်သွားတုန်း၊ ဘုရားမရောက်ခင်မှာ လမ်းတစ်လျှောက်တွေ့ ရတဲ့ ဈေးတမ်းလေးပါ။ ပစ္စည်းတွေ တော်တော်လေးကို စုံပါတယ်။ ဘုရား ရုပ်ဘွားတော်၊ ပုတီး၊ ရုပ်ထု ကအစပေါ့လေ၊



အဲလိုနဲ့ လျှောက်သွားလိုက်တာ ရွှေကပ်ဖို့ အတွက် 1200 ပေးပြီးရွှေစက္ကူကိုဝယ်ပါတယ်။ ၀ယ်ပြီးတော့ ဘုရားမှာ ကိုယ်တိုင် ကပ်ခွင့်ရပါတယ်။ အဲလိုကပ်ခွင့်ရတဲ့အတွက် လူဖြစ်ရကျိုးတယ်နပ်ပါလားလို့  ၀မ်းသာနေခဲ့ပါတယ်။ အဲ...မိန်းကလေးတွေ တော့ တက်လို့ မရတဲ့အတွက် ကန့် သတ်ထားသော နေရာမှာသာ ရှိခိုးရပါတယ်။

ရွှေကပ်ပြီးသွားတဲ့အချိန်မှာ အိမ်သာသွားချင်တာနဲ့  လျှောက်သွားလိုက်တော့ လမ်းမှာထိုင်နေတဲ့ သက်ကြီးရွယ်အိုတွေက လမ်းညွန် လိုက်လို့  100 ပေးပြီး ကိစ္စပြီးသွားပါတယ်။ ကိစ္စပြီးသွားတော့ ပြန်လာတဲ့အခါမှာ ကျနော့်ကို လမ်းညွန်လိုက်တဲ့သူတွေက နဲနဲ စွန့် ကြဲပါဆိုတော့ ပေးလိုက်ပါတယ်။ သူတို့ ထိုင်နေတာက 5၊ 6 ယောက်လောက်ရှိပါတယ်။ တစ်ယောက်ကို ပေးတိုင်း ဒီမှာ တစ်ခြားတစ်ယောက်ရှိသေးတယ်လေ ဆိုပြီး ပြောပါတယ်ဗျာ။

ကျနော့်မှာလဲမရှိတော့တာနဲ့  ဒီလိုပဲ ထွက်ခဲ့ရပါတယ်။



ပြန်ရောက်တဲ့အခါမှာ ကျနော့်ဦးလေးက သမိုင်းဖြစ်စဉ်တွေကို ရှင်းပြပါတယ်။ ပုံမှာတွေ့ ရတာက မဟာမြတ်မုနိက ကိုယ်တော်မှာ ရွှေကပ်ပေမယ့်လဲ မျက်နှာတော်က လိုက်လိုက်ကြီးလာတာကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဒီကိစ္စကို စိတ်ရှည်ရှည်နဲ့  ရှင်းပြတဲ့ ဦးနိုင်ကို တော်တော်ကျေးဇူးတင်ကြောင်းဒီကနေ ပြောချင်ပါတယ်ဗျာ။

ဘုရားဖူးပြီးတာနဲ့ ကျနော်လဲ မိမိတည်းခိုရာကို ပြန်လာတာပေါ့လေ။ အဲ..လမ်းမှာ ကွမ်းယာဆိုင်တွေ့ တာနဲ့  ကွမ်းယာလေးဝါး လိုက်ပါတယ်။ တော်တော်လေးကို စားလို့ ကောင်းပါတယ်ဗျာ။ ကွမ်းယာလေးစားပြီး အခွေဆိုင်ဝင်လိုက်တော့ သူတို့ မှာ နိုင်ငံခြားဖြစ် မြန်မာစာတန်းထိုးခွေတွေကိုတွေ့ လို့ ဝယ်လိုက်ပါသေးတယ်။ တစ်ခွေမှ 400 ကျပ်ပါ။

ကျနော်ကြားဖူးတဲ့ သီချင်းတွေအရ မန္တလေးသူတွေက ခြေတုတ်တယ်လို့ ကြားဖူးပါတယ်။ ဒါပေမယ့် ကျနော်ပဲမတွေ့ လို့  လားမသိဘူး အားလုံးက ပုံမှန်ပါပဲ။ တုတ်ချင်လဲတုတ်မှာပေါ့လေ....ဘယ်သူသိနိုင်မလဲလို့  ကျနော်က ကိုရင်တို့ ၊ ဘုန်းကြီး တို့ ကိုပဲကြည့်နေလို့ ဖြစ်မယ်။

မန္တလေးမှာ နားပြီးတဲ့အချိန်မှာ ကျနော်ဟာ ကသာကိုသွားဖို့ အတွက် နဘား ဘူတာကို ရထားနဲ့ ဆက်ပြီးထွက်ခဲ့ပါတယ်။


ရှမ်းကလေး (ဆက်ဖော်ပြပါမည်)

Friday, September 11, 2009

1 နှစ်အရွယ်ကောင်မလေးကိုယ်ဝန်ရှိနေ



တရုတ်နိုင်ငံတွင် အသက် (၁) နှစ်အရွယ်ရှိ Mengru Kang ဆိုသူ မိန်းကလေးသည် အမွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားသည်ဟု သိရပါသည်။

၎င်းသတင်းကို သိရချိန်တွင် တရုတ်နိုင်ငံ ဆေးဖက်ဆိုင်ရာလောကတွင် အတော်ပင် အံ့သြတုန်လှုပ် သွားခဲ့သည်။

Mengru Kang ၏ ဗိုက်သည် မည့်သည့်အတွက်ကြောင့်ရယ်မသိရပါဘဲ တဖြည်းဖြည်း ကြီးလာသောအခါ ဆေးရုံသို့ ခေါ်သွားပြီး ဓါတ်မှန်ရိုက်ကြည့်ခဲ့ပါသည်။ ဆရာဝန်က ထူးဆန်းစွာနဲ့ သူမတွင် ကိုယ်ဝန်ရှိသည်ဟုပြောခဲ့သည်။ သူမ လွယ်ထားရသော ကိုယ်ဝန်သည် ယောက်ျားလေး အမွှာပူး ဖြစ်နေသည်ဟု သိရသည်။

ဆရာဝန်ပြောကြားရာတွင် သူမကို ကိုယ်ဝန်ဆောင်နေသောအချိန်တွင် နောက်ထပ်မျိုးအောင်လာသော သူမမိဘနှစ်ပါး၏ သန္ဓေသားသည် သူမ၏ဝမ်းထဲသို့ဝင်ပြီး ကြီးလာတာဖြစ်တယ်လို့ ဆရာဝန်က ပြောပါတယ်။ ၎င်းဖြစ်ရပ်သည် အလွန့်အလွန် ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်ပါသည်။ လူအယောက် (၅) သိန်းတွင် တစ်ယောက်တောင် ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်ပါသည်။

ဆရာဝန်၏ ပြောကြားချက်အရ သူမ မခွဲစိပ်ဘူးဆိုလျှင် သေသွားလိမ့်မည်ဖြစ်ပြီး မွေးဖွားမည့် အချိန်တွင် နာကျင်စွာနဲ့ ခွဲမွေးရပါလိမ့်မယ်ဟု ဆက်လက်ပြောကြားသွားခဲ့သည်။ ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားက ဆက်လက်ကြီးထွားနေမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို ယခုအခါ သူမသည်လည်း ဝမ်းထဲက သူမရဲ့ အမွှာမောင်လေးနှစ်ယောက်အား ခွဲမွေးဖို့ရန်အတွက် စောင့်နေကြသည်ဟု သိရပါသည်။

Source : the Sun

ရှမ်းကလေး (သူငယ်ချင်း blog (http://tailengtai.blogspot.com/) မှကူးယူထားပါသည်)

ဟာသလေးများ



ချစ်ရယ် စိတ်အေးအေးထားပါနော်..ကိုယ်ရှင်းပြပါရစေနော်..နော်...နော်...လို့ 



ယခု သင်ရောက်ရှိနေရာ

Monday, September 7, 2009

လသာသာလေးမှာ

လကလေးက သာသာ
လင်းလက်လို့ နေသာ
မလင်းမကျင်းလေးမှာ
ဂစ်တာလေးသီးကာ
တစ်ပါးသူကို စောင်းလို့ 
ချစ်ခြင်းဖွဲ့ မိတာ
အချစ်များကိုသာ
ရင်မှာသိမ်းပိုက်လို့ 
လသာသာလေးမှာ
မခံနိုင်စွာနဲ့ 
ဖော်ထုတ်မိတယ်
ဟိုးအရင် ချိန်လေးဝယ်။

လေပြေ

Sunday, September 6, 2009

အချစ်...........

မင်းမရှိတဲ့ ငါ့ဘ၀က
အမှောင်လေးမှာ အလင်းမရှိ
မချိခံနေရတယ်။

မင်းအမူအရာ
နေရာတိုင်းမှာ ငါပြန်အောက်မေ့
ငါ့အလွမ်းစိတ် တွေကပိုလာ
မင်းများငါ့ကို သတိရမလား။

ဟိုအရင်က ဒီအချိန်လေး
မင်းမျက်နှာကို ငါကငေးလို့ 
ချစ်စကားဆိုခဲ့တယ်။

မင်းကပြုံးလို့  အဖြေပြောတော့
ငါ့မှာဝမ်းသာ ကြည်နူးနေတာ
မင်းမှတ်မိနေမလား?။

ထောင်ပေါင်းဝေးလို့  လူချင်းကွဲလဲ
ရင်ချင်းဆက်တော့ လွမ်းနေမိတယ်
ချစ်သူလေးရယ်။

အကာအရံ ဆီးခြားထားလဲ
ငါ့အလွမ်းများ မင်းဆီရောက်ဖို့ 
တောင်းဆုခြွေတယ်။

အစဉ်အဆက် ဆက်ချစ်နိုင်ဖို့ 
တောင်းဆုပေးရင်း မျှော်လင့်မိတယ်
ချစ်လေးရယ်။


လေပြေ

မလုပ်ပါနဲ့ .....

မတွေ့ ချင်မှတော့
မင်းမျက်လုံးကို မှိတ်ထားပေါ့လေ။

မင်းမချစ်မှတော့
ငါ့ကိုဘာလို့  စကားပြောနေလဲ?

ငါ့ရှေ့ မှာ ငါ့ကောင်းကြောင်းတွေပြောပြီး
မင်းကို တစ်မျိုးထင်အောင်မလုပ်ပါနဲ့ ။

ငါ့ကိုမေ့ပါ ထပ်ခါပြောပြီးတော့
ငါ့ရှေ့ မှာ မယောင်မလယ်ထပ်ခါထပ်ခါမနေပါနဲ့ ။

အတိတ်ကိုမေ့ပါဆိုပြီး
ငါ့အကြိုက်မင်းဘာကြောင့်လိုက်နေသာလဲ?။

ငါချစ်တဲ့အချိန်မှာ မင်းကမဲ့နေပြီး
ဘ၀သစ်ကိုရတော့ ဘာလို့ ဝင်လာချင်တာလဲ?။

အမေးတွေနဲ့  ငါကအိပ်မရ
မင်းအလှမာယာတွေနဲ့ 
ငါ့ကို မနှောင့်ယှက်ပါနဲ့ ။

မင်းမရှိတဲ့ကမ္ဘာမှာ
ငါနေရတာဟာ ပိုကောင်းပါတယ်ကွာ။


လေပြေ

Saturday, September 5, 2009

အထီးကျန်ချိန်...လေးမှာ....

သက်ပြင်းချရင်း ဆေးလိပ်လေးဖွာ
ရီဝေစွာနဲ့  ထိုင်လို့ ငေးနေ
ကောင်းကင်ထက်ဝယ် ပျံကာလွင့်မျော
ဆေးလိပ်မီးခိုးများ။

ပုလင်းဖောက်လို့  ဖန်ခွက်ထဲထည့်
နှုတ်ခမ်းတေ့လို့  သောက်ချလိုက်တယ်
လည်မှာခါးပြီး ၀မ်းမှာသွားပူ
ခေါင်းကထူထူ နေလို့ ကောင်းသား
ဤသေရည်များ။

ခေါင်းကနောက်တော့ လည်ကိုနောက်ထား
မျက်လုံးမှိတ်ကာ အတွေးလေးမှာ
မပျော်စွာနဲ့  လွင့်မျောမိတယ်။

အဖေါ်မဲ့တော့ အထီးကကျန်
မူမမှန်တော့ နှုတ်ခမ်းတေ့ရင်း
ဆက်သောက်မိတယ်။

လေပြေ

Thursday, September 3, 2009

ခရီးသွားမှတ်တမ်း (၁ =့ ရန်ကုန်)

လေယာဉ်ဘီး မြေနဲ့ ထိတယ်ဆိုရင်ပဲ ရင်ထဲမှာ လှုပ်လှုပ်ရှားရှားနဲ့ ဝမ်းသာနေမိပါတယ်။ ကောင်းကင်ယံကကြည့်ချိန်မှာ စေတီ၊ ပုထိုး တွေနဲ့  မြန်မာနိုင်ငံဟာ တော်တော်လေးကို လှပပြီး လွမ်းမောဖွယ်လေးဖြစ်နေပါတယ်။

လေယာဉ်ကထွက်လိုက်တယ်ဆိုရင်ပဲ လာကြိုတဲ့ကားပေါ်တက်လိုက်တော့ တော်တော်လေးကို အိုနေတဲ့ကားပါလားလို့  သတိပြုလိုက် မိပါတယ်ဗျာ။ လမ်းပေါ်မှာ ပြေးလို့ မရလို့ များ ဒီမှာလာထားသာလားလို့ တောင် သံသယဖြစ်မိလေရဲ့ ။ Driver ကတော့ ပုဆိုး နဲ့  အင်္ကျီ အဖြူကိုဝတ်ထားလေတော့...အော်ဒါဟာ မြန်မာနိုင်ငံရဲ့ အမှတ်အသားပါပဲလားဆိုပြီးတော့မှတ်ချက် ချမိပါတယ်။

ကားပေါ်ကဆင်းလို့  အဆောက်အအုံထဲဝင်လိုက်တယ်ဆိုရင်ပဲ နဖူးကို စက်တစ်ခုနဲ့ လိုက်ချိန်နေတဲ့ ဆေးဌာနကလူကိုတွေ့ လိုက်ပါတယ်။ သူက H1N1 လိုက်ရှာနေတာဖြစ်မှာပေါ့။ အဲ..အဖျားရှိတဲ့သူကို အေအိုင်တီအက်လ် (၀ါ) အရူးဆေးရုံ ပို့ တယ်လို့  တော့ကြားဖူးပါတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ (စမ်းချင်ရင်တော့ စမ်းကြည့်ပေါ့လေ။ မတားပါဘူး။)

နောက်တော့ နိုင်ငံကူးလက်မှတ်စစ်တဲ့ နေရာကိုရောက်လာပါတယ်။ ထောက်ခံစာတွေပြရတယ်ဆိုလို့ လဲ အသင့်ပြင်ထားသာပေါ့။ ဒါပေမယ့် ကိုယ့်အလှည့်ရောက်တော့ ကိုယ့်ရဲ့  အဖေနာမည်ကိုပဲပြောရပါတယ်။ နေရပ်လိပ်စာအမှန်အကန်နဲ့ ပေါ့လေ။ ဘာမှ မလိုပါဘူး။

အဲဒီနေရာကိုကျော်တော့ ပစ္စည်းသယ်ပေးမယ့်အလုပ်သမားတွေ (မသိရင် တာဝန်ရှိသူတွေလိုပါပဲ နာမည်ကဒ်နဲ့ ဗျ) အနားကို ရစ်သီရစ်သီလာလုပ်ပါတယ်ဗျာ။ အဲ..သူတို့ နောက်လိုက်သွားရင်တော့ သူတို့ က ကိုယ့်ပစ္စည်းကိုယူပေးမယ်၊ နောက်တော့ သူတို့ ကို အခပေးရတယ်ပေါ့ဗျာ။ ကိုယ့်ပစ္စည်းကို ကိုယ်သယ်နိုင်ရင်တော့ ငြင်းလိုက်ပေါ့ဗျာ။ (တစ်ချို့ ကြတော့ အားနာပြီးပါသွားတတ် တယ်ဗျ။ သူများနိုင်ငံမှာတော့လည်ပြီး ကိုယ့်နိုင်ငံမှ ခံရတဲ့သူတွေလဲ အများသားပဲ..)

နောက်တော့ ကိုယ့်ပစ္စည်းမှာ X ပါရင်တော့ အိတ်ဖွင့်ပြရပါတယ်။ နောက်ဆုံးတော့ လေယာဉ်ကွင်းထဲကထွက်လိုက်ပြီပေါ့ဗျာ။ တက္ကဆီကိုဌားပြီးတော့ ထွက်လိုက်တယ်ဆိုရင်ပဲ လေအေးစက်မပါတာသိလိုက်ပါတယ်။ အားလုံးလိုလို လေအေးစက်မရှိပါဘူး (ရှာနေမှာစိုးလို့ ပါ)။

လမ်းတစ်လျှောက်မှာတော့ ကားပေါ်မှာ ခရီးသည်တွေအပြည့်တင်ထားတဲ့ ကားတွေကို တွေ့ ရပါတယ်။ ဒါပေမယ့် အံ့သြစရာ ကောင်းတာကတော့ ဘုန်းကြီးနဲ့  မိန်းကလေး ဘေးချင်းယဉ်ထိုင်နေတာကိုပါ။ ကျနော်မှတ်မိသာ မမှားဘူးဆိုရင် ထမီနဲ့  သင်္ကန်း မထိရဘူးဆိုတာပါပဲ။ ဒါပေမယ့် ကျနော်တွေ့ ရတဲ့ မြင်ကွင်းကတော့ ဆန့် ကျင်ဖက်ဖြစ်နေတယ်လေ။

အဲလိုနဲ့  ကိုယ်တည်းတဲ့နေရာရောက်ပြီး အနားယူတယ်ဆိုပါတော့။ နောက်နေ့ မှာ ကျန်းမာရေးဌာနက ဖုန်းဆက်ပါတယ် နေကောင်းလား ဖျားနေလားဆိုပြီးတော့ပေါ့လေ။ အဲဒါ လူတိုင်းကို သူတို့ ဆက်ပါတယ်။ ကျနော်တို့ ဖျားနာမှာ ဆိုးလို့ ထင်ပါ တယ်။ အဲ.. နေမကောင်းဘူးပြောရင်တော့ ဆိုင်ရာဆိုင်ရာက လာခေါ်လိမ့်မယ်ဗျ။ မယုံရင်စမ်းကြည့်ပေါ့လေ။

မြန်မာပြည်မှာ ကားတွေမောင်းတာကတော့ တော်တော်လေးကို ကြည့်ရှောင်ရပါလိမ့်မယ်။ နိုင်ငံခြားမှာ ကားမောင်းရတာက အန္တရယ် များတယ်လို့ ထင်နေတာ ကိုယ့်နိုင်ငံမှာ ပိုဆိုးတယ်ဗျာ။ ဖြတ်ချင်တဲ့နေရာက ဖြတ်၊ ကူးချင်တဲ့နေရာမှာ မျက်စိ ရှင်ရှင်နဲ့  ကူးရပါတယ်ဗျာ။

တော်တော်လေးတော့ တိုးတက်တယ်ဆိုရမလားပဲပေါ့နော် (သိပ်မသေချာဘူး)၊ စာနယ်ဇင်းတွေတော့တော်တော်လေး များလာပါတယ်။ ခေါင်းကြီးပိုင်းကတော့ ဒေါ်စုနဲ့  ယက်တော သတင်းတွေပါပဲ။ အဲ... အစိုးရရဲ့  သဘောထားကြီးမှု တွေကိုတော့ ခန်းခန်းနားနား ပြောထားပါတယ်။ ဥပမာ..ယက်တောကို အပြစ်မယူပဲ နေရပ်ကိုပို့ လိုက်တာတို့ .. အမေရိကန် နဲ့  ဒီလိုလုပ်ရပ်တွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုကောင်းလာမှာတို့ ပေါ့လေ။

ဒါပေမယ့် ခုဆိုရင် ပြည်ပနိုင်ငံရေးတွေအကြောင်း တော်တော်လေးကိုပြောခွင့်ရလာပါတယ်။ လက်ရှိစာနယ်ဇင်းတွေကြောင့် ကိုယ့်နိုင်ငံ အကြောင်းမသိရပေမယ့် သူများနိုင်ငံအကြောင်း တော်တော်လေးသိရပါတယ်။ ဒါဟာလည်း ကောင်းသောရလဒ် တစ်ခုပေါ့လေ။

ကားခတွေတော့ 200-300 အနည်းဆုံးဖြစ်နေပါပြီ။ 200-100 တန်တွေကလဲ တော်တော်လေးကို ကြည့်မကောင်းပါပဲဗျာ။ အဲ.. အသစ်ကလေးတော့မဆောင်နဲ့ နော်.. အဲဒါအစစ်မှဟုတ်ရဲ့ လားလို့  အမေးခံရမယ်ဗျ။ ဟောင်းဟောင်းလေးမှ လူတွေက အစစ်လို့ ထင်ကြသာ။ ဖျားဖို့  အစဉ်အစီရှိရင်တော့ နိုင်ငံခြားက မပြန်မိစေနဲ့  မဟုတ်တဲ့နေရာ ရောက်ကုန်လိမ့်မယ်။ ဆေးမရှိတာ လဲပါ ပါတယ်လေ။

ဇော်ဝမ်းသေတာသိတယ်ဟုတ်.. အဲဒါဆေးမှားပြီးထိုးလိုက်လို့ ဗျ။ ဆေးကျောင်းသူလေးတစ်ယောက်ဆိုရင်လဲ မြွေကိုက်လို့ တဲ့ ဆေးရုံသွားတာ ဆေးမရှိလို့ ဆိုပဲ ဟိုသွားဒီသွားနဲ့  အသက်ပါသွားတယ်ဗျ။

မကောင်းတာပဲပြောနေရင်စိတ်ညစ်နေအုန်းမယ်..ကောင်းတာပဲပြောတော့မယ်ဗျာ။

နေရာတိုင်းမှာတော့ လဖ္ဘရည်ဆိုင်ရှိတယ်ဗျ။ ဈေးလဲပေါတယ်။ လူတွေကလဲပြည့်နေတာပဲ။ မပြည့်ရင်တောင်မှ စည်ကားတယ်ပေါ့ နော်။ ကွမ်းရာဆိုင်တွေလဲ မှိုလိုပါပဲ..ကြိုက်တဲ့နေရာမှာ ကြိုက်သလို ၀ါးလို့ ရတယ်နော့်။

ဗိုက်ဆာလို့ ကတော့ အသုပ်စားမလား၊ လဖ္ဘရယ်ဆိုင်ထိုင်မလား၊ သံပေါက်လေးစားမလား၊ အိုအစုံပါပဲဗျာ။ ငတ်ပြီးသေမှာကိုတော့ ဘယ်တော့မှ မစိုးရိမ်ရဘူး (အဲ..ပိုက်ဆံရှိဖို့ တော့လိုသာပေါ့လေ)။ စားပြီးသွားတော့ ရေငတ်ရင်လဲ မြန်မာစည်ဘီယာဆိုင် တွေလဲ အများကြီးပဲ။ ကြိုက်တဲ့နေရာမှာ အချိန်မရွေးဝင်သောက်လို့ ရတယ်လေ။

ရုပ်ရှင်ကြည့်ချင်တယ်ဆိုရင်လဲ 8 in 1, 12 in 1 တို့  တရုတ်သိုင်းကားတို့ ၊ ကိုးလီးယား ဇာတ်လမ်းတို့ ဆိုရင် 800 ကျပ် ပေးရင် 3 ရက်လောက်အပြင်မထွက်ပဲ နပ်နေလို့ ရတယ်ဗျာ။ ကျနော်တို့ နိုင်ငံမှာလဲ ပျော်ပျော်နေနိုင်ပါတယ်ဗျာ။ (ပိုက်ဆံရှိရင်ပေါ့)


ရှမ်းကလေး (ဆက်လက်ဖော်ပြပါမည်)