Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, September 23, 2009

ခရီးသွားမှတ်တမ်း = (5= ကသာ မှ မန္တလေးသို့ )

ကသာက စားကောင်းသောက်ဖွယ်ရာလေးတွေ စားသောက်ပြီးတော့ ကျနော်တို့ ဟာ မန္တလေးကို ရထားနဲ့ ပြန်ဖို့ စီစဉ်ပါတယ်။ သွားတဲ့ အတိုင်းပေါ့လေ ကသာကနေ နဘားဘူတာကို ကားနဲ့ သွားရတယ်ပေါ့ဗျာ။ ကောက်ညှင်းနဲ့  အကြော်လေးတွေ စားပြီးတာနဲ့  ကျနော် တို့ လဲ ကားဂိတ်ကို ထွက်လာတယ်ဗျ။ ကားပေါ်ရောက်တော့ လူတွေ၊ ပစ္စည်းတွေနဲ့  တော်တော်လေးကို ပြည့်နေတာဗျ။ တစ်ယောက်နဲ့  တစ်ယောက် နှုတ်ဆက်၊ မှာကြားနေတာကလဲ စည်စည်ဝေေ၀လေးကို ဖြစ်နေပါတယ်။

နောက်ဆုံးတော့ ကားလေးက ထွက်သွားတယ်ပေါ့လေ။ အဲလိုနဲ့  နဘားဘူတာလေးကို ကားဆိုက်ပါတော့တယ်။ ကျနော်တို့  စီးရမယ့် ရထားက ည 8 နာရီလေ။ ကသာနဲ့  နဘား က ကား 1 နာရီစီးရတယ်။ ကားဆိုက်တယ်ဆိုရင်ပဲ ကျနော်တို့ ဟာ ထိုင်ခုံအလွတ်တွေကို အမြန်ရှာကြပါတယ်။ အဲဒါမှ ထိုင်ပြီးစောင့်ရမယ်လေ။

ဘူတာမှာက ထိုင်ခုံတွေနဲနဲ ပဲရှိတာကိုး။ အဲ ဘူတာနဲ့ ကပ်ရပ်မှာတော့ လဖ္ဘက်ရည်ဆိုင်တွေ၊ အသုပ်ဆိုင်တွေ၊ ကွမ်းရာ ဆိုင်တွေ တော်တော် များများကို ရှိပါတယ်။ ဒါပေမယ့်ပေါ့လေ၊ ကိုယ်က မကြာခင်သွားရတော့မယ်ဆိုတော့ ထိုင်ခုံလေးမှာ ခဏလေးထိုင်ရရင်လဲ မဆိုးဘူးပေါ့ လေ။ လက်ပတ်နာရီကိုကြည့်တော့ 7 နာရီ ကျော်နေပြီဆိုတော့ သွားရတော့မယ်ဆို ပြီး ဖင်က တကြွကြွ ဖြစ်နေတယ်လေ။

အဲလိုနဲ့  ပေါ့လေ၊ ဖင်တကြွကြွပေါ့ စောင့်နေလိုက်တာ 8 နာရီကျော်သွားတယ်ဗျာ။ ဒါပေမယ့် မြန်မာနိုင်ငံပဲဟာ 1 နာရီကျော်လဲ အဆန်း လားလို့ ဆိုပြီး ဆက်စောင့်နေတယ်ဗျ။ နောက်ဆုံးတော့ 9 နာရီကျော်သွားရော။ မနေနိုင်တဲ့ အဆုံးမှာတော့ တာဝန်ရှိတွေကို သွားမေးတယ်လေ။ ကြားတလောက်ကတော့ ကျနော်တို့  စီးမယ့်ရထားရှေ့ က ရထားပေါ့နော်၊ တွဲချော်လို့ တဲ့ဗျာ။ ရထားလမ်းက တစ်ခုထဲ ရှိတာကိုး၊ ဆိုတော့ စောင့်ရတာပေါ့။ အရှေ့ က ရထား တွဲချော်မှတော့ နောက်ကရထားက မလာနိုင်ဘူးလေ။

ဘယ်လောက်ထိစောင့်ရလဲဆိုတော့ဗျာ၊ည 8 နာရီသွားမယ့်ရထားက ည 12း 30 မှ ရောက်လာတယ်လေ။ ကျနော်တို့ ကတော့ အိပ်လိုက်နိုးလိုက်နဲ့  စောင့်လိုက်ရတာဗျာ။ ဒီကြားထဲ စားထားတဲ့ ကောက်ညှင်းက ပျောက်သွားတယ်ဆိုတော့ လဖ္ဘက်ရည်ဆိုင် လေးမှာ ထိုင်လိုက်ရသေးတယ်။

လဖ္ဘရည်ဆိုင်ထိုင်တာများ အဆန်းလားလို့  မေးချင်တယ်တယ်ဟုတ်။ ဟင်း...... ဆိုင်မှာက အသုတ်ရတယ်လေ။ သုတ်တဲ့သူက သုတ်ပြီးတိုင်း စေတနာနဲ့  အပေါ့၊ အငံ မြည်းတာကိုး၊ မြည်းပုံက ဒီလိုလေ... လက်မှာကပ်နေတဲ့ အကျန်တွေကို သူက လျှာနဲ့  လျက်တယ်ပေါ့နော်။ အပေါ့၊ အငံမတည့်ရင် ထပ်ထည့်ပြီးတော့ ဆက်နှယ်တယ်လေ။ ( ဖတ်ပြီးတော့ ဟွန်း...အဲလိုကြီးလားလို့  .. မပြောနဲ့ နော်.. အဲဒါမှ တကယ့်အရဿကိုရတာကိုး၊ ကြုံဖူးလောက်ပါတယ်လေ.. ကျနော်ဆို အရမ်းကိုကြိုက်တယ်)

နောက်တစ်ခုကတော့ ဆိုင်တိုင်းမှာ အပေါ်စက်၊ အောက်စက်ရှိတယ်ဗျာ။ ဆိုတော့ တစ်ချို့ ဆိုင်က သီချင်းတွေဖွင့်၊ တချို့ ဆိုင်က ရုပ်ရှင်ပြ နဲ့  တော်တော်လေးကို စည်စည်ကားကား (ဆူဆူညံညံ ပေါ့လေ ရိုးရိုးလေးပြောရရင်) ရှိပါတယ်။ တချို့ ဆိုရင် လဖ္ဘက်ရည် တစ်ခွက်တည်းနဲ့  ရုပ်ရှင်တစ်ကား ပြီးတဲ့ အထိထိုင်ကြတာကိုး။ ဆိုတော့.... တခြားသူတွေ ထိုင်လို့ မရဘူးလေ။ အဲဒါကြောင့် ထိုင် ဖို့  ထိုင်ခုံရှာရတယ်ပေါ့ဗျာ။

ကျနော်တို့ ထိုင်တဲ့ လဖ္ဘက်ရည်ဆိုင်ကတော့ ကျော်ပြီးရင် တံမြက်စီး နဲ့ ကို လှဲတာဗျ။ လှဲပြီးရင် ထိုင်ခုံအောက်ကို ပြစ်ချလိုက်တာပဲ။ သန့် မသန့် တော့ မသိပါဘူးလေ.......... ဒါပေမယ့် စားလို့ တော့ ကောင်းပါတယ်။

နောက်ဆုံးတော့ 7 နာရီကနေ စောင့်ရတဲ့ရထားလေးက ည 123း0 လေးမှာ ဆိုက်လာပါတော့တယ်။ ဆိုက်တယ်ဆိုရင်ပဲ လူတွေက အလုအယှက်တက်ကြပါတယ်။ ကျနော်တောင်တော်တော်လေးကို အံ့သြသွားတယ်ဗျ။ ဘာလို့ လဲဆိုတော့ ထိုင်ခုံတွေက ထွက်ပြေးမှာ မှမဟုတ်တာ။ အဲ.. ကျနော်တို့ စီးတဲ့ ရထားက ရိုးရိုးတန်းပေါ့လေ။ ထိုင်ခုံက တည့်တည့်လေးပေါ့လေ။ တည့်တည့်ဆိုတော့ မှီရတာ အဆင်မပြေဘူးပေါ့လေ။ အင်း.... ထိုင်ခုံက 95၊ 96 ဒီဂရီလောက်ရှိတယ်လေ။ ပြီးတော့ ထိုင်ခုံတစ်ခုကို နှစ်ယောက်ထိုင်ရတယ်ဗျ။

အဲလိုနဲ့  ကိုယ့်ထိုင်ခုံကိုထိုင်ပြီးတဲ့ အချိန်မှာ ခုံအလွတ်တွေကို ရှာရပါတယ်။ ရှာရတဲ့ အကြောင်းရင်းကတော့ လွတ်တဲ့ထိုင်ခုံမှာ သွားအိပ်လို့  ရအောင်လို့ လေ။ ကံကောင်းချင်တော့ ထိုင်ခုံလွတ်တွေကို တွေ့ တဲ့ အချိန်မှာ ကျနော်လဲ သွားထိုင်လိုက်တယ်ဗျ။ ရထားထွက်ပြီးနောက်မှာ အိပ်မယ်ဆိုပြီး အိပ်လိုက်တော့ ထိုင်ခုံက ကျနော့် ခါးအထိပဲ ရှည်တယ်လေ။ (အောက်ပိုင်း လွတ်နေတာပေါ့နော်)။ အဲလိုမျိုးကြောင့်တော်တော်လေးကို ဒုက္ခရောက်သွားတယ်လေ။ အောက်ပိုင်းလွတ်မှတော့ ဘယ်လို အိပ်မလဲလို့ ။

တခြားသူတွေကတော့ လူသွားလမ်းလေးမှာ ဖျာလေးခင်းပြီး အိပ်နေကြတယ်ဗျာ၊ အားရပါးရပါပဲ။ ဘုန်းကြီးတွေလဲ ပါတယ်လေ။ ဘုန်းကြီးလဲ ခါးလောက်ဆန့် တဲ့ ထိုင်ခုံ ( ကျနော်ပဲ အရပ်မြင့်နေလားမသိ) လေးမှာ အိပ်နေတယ်လေ။ ဘုန်းကြီးကအိပ်တော့ ခြေထောက်က လူသွားလမ်းလေးမှာ ကာနေတာကိုး။ အဲဒီတော့ အိမ်သာသွားမယ့်သူတွေတော်တော်လေးကို ဒုက္ခရောက်ရတယ်လေ။ ဘာလို့ လဲဆိုတော့ ဘုန်းကြီး ခြေထောက်ကို ကျော်သွားရမှာကိုး။ တော်တော်လေးကို ကွကျတယ်ဆိုရင် မှန်ပါလိမ့်မယ်။

ရထားကို စီးလာလိုက်တာဗျာ၊ ကျနော်ကတော့ အိပ်ချင်လွန်းလို့  ပုံစံ အမျိုးမျိုးပြေင်းပြီးအိပ်ပါတယ်။ ဒါပေမယ့် အိပ်လို့ မရဘူးဖြစ်နေတယ်လေ။ နောက်ဆုံးတော့ ပြတင်းပေါက်ဘောင် ပေါ်မှာ ခေါင်းလေးတင်ပြီး အိပ်လိုက်တာ အဲဒီနေ့ က မိုးရွာပြီး မိုးမိတော့ ဖျားသွားတယ်ဗျာ။ (အဖျားက မန္တလေးရောက်မှ ပေါ်တယ်လေ)

ညလွန်လို့  မနက်ရောက်တော့ ရထားက လှိမ့်နေတုန်းပါပဲ။ လမ်းတစ်လျှောက် ရှုခင်းလေးတွေက တော်တော်လေးကို (အရမ်းကို) လှပ လွန်းတယ်ဗျာ။



ဒါကတော့ ဧရာဝတီမြစ်ပေါ်မှာ ဆောက်ထားတဲ့ တံတား ကျော်ပြီးရင် ဖူးတွေ့ ရမယ့် စေတီတော်ဖြစ်ပါတယ်။

အိပ်ရာကနိုးတော့ ထမင်းစားမယ်ဆိုပြီး ရထားက မှာစားတယ်လေ။ ရထားပေါ်က ကြည်ဥကြော်နဲ့  ဆေးဘဲဥသုတ်က တော်တော်လေးကို အဆင်ပြေပြီး စားလို့ ကောင်းပါတယ်။ ( တစ်ရာ၊ နှစ်ရာ ဆိုပြီး ပိုက်ဆံ ပြန်မအမ်းတာရှိတယ်နော်... သူတို့ က လူအကဲခပ်တော်သား... ကျနော့်ကို Boss ထင်လားမသိ ပြန်ကိုမပေးတာ။ ကျနော်ကလဲ ရိုးသားလွန်းတော့ ပြန်မတောင်းမိဘူးလေ.. ရှင်းရှင်းပြောရရင် ခံရတယ်ပေါ့နော်)

ရထားက ဆက်ပြီး လာတဲ့အချိန်မှာ စစ်ကိုင်းကိုရောက်တော့



အဲဒါက ကောင်းမှုတော်စေတီလို့ ခေါ်ပါတယ်။ မိခင်မေတ္တာကို ကျေးဇူးဆပ်တဲ့အနေနဲ့  ရင်အုံပေါ်ဆောက်လုပ်ပူဇော်ထားတာပါ။ ဆုတောင်း ပြည့်တယ်လို့ လဲ ကြားရပါတယ်။

တိုတိုလေးပဲပြောတော့မယ်နော်။ အဲလို နဲ့  မန္တလေးကို နေ့ လည်မှာရောက်သွားတယ်လေ။ မန္တလေးကို ရောက်တော့ ကျနော်လဲ အဖျားက တက်လာတာနဲ့  လှဲနေလိုက်ရတယ်။ အစက မန္တလေး နန်းတော်ကို သွားလည်မယ်ပေါ့၊ ဒါပေမယ့် ရောက်တဲ့ အချိန်ကလဲ နောက်ကျ၊ ပြီးတော့ လူက မမာတာနဲ့  နောက်ဆုံးတော့ ရန်ကုန်ကို ကားနဲ့ ပြန်ခဲ့ပါတယ်။


ရှမ်းကလေး (ဆက်လက်ဖျော်ပြပါမည်)

No comments: