Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, June 4, 2009

ငါနှင့် ငါ့ချစ်သူ

ငါလေအမြဲ အနိုင်ယူခဲ့
စကားလုံးတွေနဲ့  အပြစ်ဖွဲ့ ကာ
မပြောတော့ဟု ဂတိဆိုလည်း
အကျင့်ပါကာ ထပ်ခါပြောခဲ့။

ဘယ်လိုလုပ်မလဲ ငါ့အကျင့်ဆိုးက
သူ့ ကိုစိတ်ညစ် ဖွယ်လည်းဖြစ်။

သူ့ လောက်ချစ်သူ
ငါ့မှာနောက်တစ်ယောက်
ထပ်တွေ့ ရန်မှာ ခက်လိမ်းမည်။

ကလေးဆိုးဟု နာမည်ပေးကာ
သူလေငါ့ကို ဆက်ပြီးချစ်နေ
သိပ်ချစ်တယ် ငါလေသူ့ ကို။

သူနဲ့ ဝေးဖို့ စဉ်းစားတိုင်း
ငါ့မျက်ရည်တွေ ကျမိသည်
ငါ့အကျင့်ဆိုးတွေ ဖျောက်ရမည်
သူပျော်ရွင်စေဖို့  ရည်။



ရေးသူ။ ။ လိပ်ကလေး

No comments: