Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, June 3, 2009

ငါ့အဖေက အတော်ဆုံး

ကလေးသုံးယောက်သည် သူ့ အဖေကတော်သည်၊ ငါ့ အဖေကတော်သည်နှင့် ပြိုင်နေကြသည်။

ပထမကလေး။ ။ ငါ့ဖေက သူသေနတ်ပစ်လိုက်ရင် ကျဉ်ဆန် ပစ်မှတ်မရောက်ခင် သူက အရင်ရောက်နေတာကွ။

ဒုတိယကလေး။ ။ ဟာ မင်းအဖေလောက်ကတော့ ငါ့အဖေက သနားသေးတယ်ကွ။ ငါ့အဖေဆိုရင် သူ့ ပေါင်ကြားကို ကျောက်ခဲနဲ့ 
ဘယ်လောက်ထုထု မမုဘူးငါ့မောင်။ (ရိုင်းသည်ဟု မထင်လို ဟာသသာ)

တတိယကလေး။ ။ ဟိုး မင်းတို့ အဖေလောက်ကတော့ ငါ့အဖေက ကလေး ကစားစရာပဲမှတ်တယ်တယ်ကွ။ မင်းတို့ မသိသေးလို့ ၊ ဒီမှာ ငါ့အဖေဆိုရင် ငါငယ်ငယ်ထဲက ရေငုတ်လိုက်တာ ခုထိတောင် အသက်မရှူပဲ အောက်မှာ နေ၊နေတုန်းပဲကွတဲ့



ရှမ်းကလေး (ငယ်ငယ်တုန်းက ဖတ်ထားသော ဟာသများအား ပြန်၍တွေးတော တင်လိုက်ပါသည်။ )

No comments: