Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, June 10, 2009

ကျိုင်းတုံက ရထားဘူတာ

ကျိုင်းတုံမှ ပြန်လာသော သူငယ်ချင်းတစ်ယောက်ဆီကသိရသည်မှာ ယခုတွင် ကျိုင်းတုံ၌ ရထားဘူတာအား 3 နှစ် စီမံကိန်းဖြင့် ဆောက်လုပ်နေကြောင်းသိရှိရပါသည်။

ထိုရထားဘူတာအား ကျိုးတုံကောလိပ်နှင့် မျက်နှာချင်းဆိုင် နေရာတွင်ဆောက်လုပ်နေပြီး ထိုနေရာ အနီးတစ်ဝိုက်ရှိ လယ်မြေများမှ စိုက်ထားသောစပါးများကို ရိတ်သိမ်းခွင့်ပင်မပေးပဲ မြေဖို့ လိုက်သည်။

ထိုနေရာတွင်နေသော လယ်သမားများသာ ဒုက္ခရောက်သည်မဟုတ်ပဲ ရထားဘူတာဆောက်ရန်အတွက် စီးဆင်းနေသော နမ့်ခိန်ချောင်း ကိုပါ မြေဖို့ လိုက်သဖြင့် ထိုချောင်းကို မှီခိုကာ လယ်မြေလုပ်ကိုင်နေသော လယ်သမားများအားလုံးလိုလိုပင် အခက်တွေ့ နေရပါသည်။

ထိုနည်းသူစွာ ဘူတာဆောက်သော နေရာနှင့် အနီးတစ်ဝိုက်ရှိ တောင်များကိုလည်းဖြိုလိုက်သဖြင့် လေအရမ်းတိုက်သည်ကို အနီးတစ်ဝိုက် နေထိုင်သူများ ကြုံတွေ့ နေရပါပြီး သူခိုးပေါများခြင်းကိုပါ ရင်ဆိုင်နေရပါသည်။

ဘူတာဆောက်သောအလုပ်သမားများသည် အထက်ပိုင်းမှလာသောအလုပ်သမားများဖြစ်ပြီး ဘူတာဆောက်သော အနီးတစ်ဝိုက်တွင် ပင် မိသားစုများဖြင့် နေထိုင်ကြပါသည်။

ထိုဘူတာပြီးပါက စစ်သားရွေ့ ပြောင်းရန်အလွန်လွယ်ကူမည် အပြင် အထက်ပိုင်းမှ အရှေ့ ပိုင်းသို့  လူရွေ့ ပြောင်းမှုများ ပိုမို များပြားလာနိုင်ပြီး အခက်အခဲအမျိုးမျိုး ကြုံတွေ့ နိုင်ကြောင်း။



ရှမ်းကလေး

No comments: