Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, June 28, 2009

အချစ်ရဲ့  . . . . လွမ်းရက်များ

လမ်းခွဲချိန်မှာ မင်းမနှုတ်ဆက်ပါနဲ့ 
အပြုံးမပျက် ငါ့ကိုကြည့်နေပါ။

လွမ်းလို့ ငိုလဲ မင်းရင်ထဲမှာပဲ
သိမ်းထားပါလား။

အနမ်းပွင့်လေး ငါ့ပါးမှာ မချွေပါနဲ့ 
နောင်အခါ တွေ့ ချိန်လေးမှာ
ပေးဖို့ ထား ထားပါ။

အချစ်အကြောင်း သောင်းပေါင်းမပြောပါနဲ့ 
ငါကြားချင်သာ မင်းခံစားချက်လေးပါ။

ဘ၀အကြောင်းတော့ ငါမကြားချင်ပါ
မင်းနဲ့ သာ ငါကလက်တွဲမှာလေ။

မိုးတွေသွန်းလို့  ဖြိုးခဲ့ရင်လဲဘဲ
နိမိတ်မကောင်း ကံမကောင်းတတ်တယ်လို့ 
မိုးကို အပြစ်မတင်ပါနဲ့ ။

ကြယ်တွေကြွေတိုင်း ဆုမတောင်းပါနဲ့ 
ငါကြည့်ဖို့  ကြယ်လေးတွေ
ကျန်နေစေတယ်ကွာ။

နေပူတိုင်းလဲ မင်းဝမ်းနည်းပါနဲ့ 
အဲဒါမှ ဘ၀ကို ငါပိုနားလည်မှာပေါ့။

မင်းစိတ်ကစားလို့ 
အချစ်ပြောင်းရင်လဲ အသစ်က အဟောင်းထက်သာတယ်လို့ 
ထင်မှတ်လိုက်ပေါ့လေ။

ရည်းစားမကောင်းလို့ 
အချစ်ဟောင်းကို တမ်းတတဲ့အခါ
ငါ့မျက်နှာကိုတော့ မမြင်ယောင်ပါနဲ့ ။

ငါနဲ့ မရလို့  သားသမီးမွေးခဲ့ရင်လဲ
ငါ့နာမည်ပေးလို့  အလွမ်းဖြေမနေပါနဲ့ ။

မင်းငါ့ကိုချစ် အနှစ်ပိုနေရင်
လမ်းမခွဲပဲ ငါ့နှလုံးထဲမှာသာ
အစဉ်နေပေးပါ။


ရေးသူ။ ။ လေပြေ

No comments: