Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, June 27, 2009

အချစ်နဲ့  ဘဝ

ငါငယ်စဉ်က စဉ်းစားတာဘဝ
အရွယ်ရောက်တော့ စဉ်းစားတာ အချစ်
လူ့ အဖြစ်က အချစ်သားကောင်လား။

ရက်များပြောင်းလို့  နှစ်တွေကျော်ခဲ့လည်း
အချစ်အချစ်နဲ့  ငါ့ရက်တွေကုန်ခမ်း
လူသာပမ်းလို့  အချစ်နောက်လိုက်နေ။

အချိန်ညောင်းလို့  သူစိတ်ပြောင်းချိန်မှာ
ငါ့ဒူးငါဖက်လို့  ငါ့မျက်ရည်များသာ
ငါသုတ်နေသာ သူကမသိပါလားနော်။

အချစ်ကဒါလား မေးကြည့်ချင်တယ်
အဖြေရယ်ကမရှိ
ငါသိတာတော့
တစ်နေ့ နေ့ မှာ ငါလဲခံစားရမှာလေ
တွေးရင်းတွေးရင်း ခါးသီးလွန်းလို့ 
အမုန်းမီးပွားတော့ မပွားချင်လေ။

ဖြစ်သမျှကို ကံသာပုံလို့ 
ပြုံးပြုံးနေလိုက်မယ်နော်။


ရေးသူ။ ။ လေပြေ

No comments: