Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, June 27, 2009

ငါ့ရဲ့  ငါ

လွမ်းစရာများ ရင်မှာမျိုသိပ်
စိတ်ညစ်စွာနဲ့  ငါကကျောခိုင်း
ရင်ထဲစကား လမ်းမှာပေါက်ထွက်။

ငါ့ရဲ့ စကား လူများမသိ
ညီးညူသူက ငါတစ်ယောက်ထဲ
မပြုံးသူက မျက်နှာလွဲနေ။

ချစ်စကားများ ပွင့်အံနေလဲ
လေမှာလွင့်ပျံ ပျောက်ကွယ်နေလား
ငါ့ရဲ့ လူသား စဉ်းစားမရ။

ချစ်တယ်ချစ်တယ် မပြောသော်လည်း
ငါ့နှလုံးသား ကျိတ်မှိတ်ခံစား
မျက်ရည်များသာ အဆုံးသတ်သွား။

နောက်ဆုံးမှာတော့ ရင်ဝယ်ပိုက်လို့ 
ခံစားချက်များ ငါသိမ်းထားရ
မပြောပါလေ ရင်မှာကျိတ်မှိတ်
ငါမေ့လိုက်မယ်။



ရေးသူ။ ။ လေပြေ

No comments: