Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, June 10, 2009

ကြယ်တစ်ပွင့် နှင့် ဘ၀၊ အချစ်

တောက်ပတဲ့ ကြယ်တစ်ပွင့်
အမှတ်မထင် ငါတွေ့ ခဲ့တဲ့တစ်နေ့ 
ရလိုစိတ်နဲ့  ငါ့လက်ကို ငါဆန့် တန်း

ကောင်းကင်ထက်က ကြယ်တစ်ပွင့်
ငါ့ကို အမှုမထား
ဆက်လက်လို့ သာ တောက်ပနေစဲ။

ကြယ်ကို ငါဆုပ်ကိုင်လိုက်တော့
ကောင်းကင်က ငါ့ထက်ပိုမြင့်နေလို့ 
စိတ်ရှိပေမယ့် မရနိုင်ပါလား။

ငါအခါခါ ဆုပ်ကိုင်လည်း
ငါမိသာက လေကိုပါလား
ခေါင်းငိုက်စိုက်နဲ့  ငါ
စိတ်မပါစွာနဲ့ 
ကြယ်ကို ဥပက္ခာပြုလို့ 
ကျောခိုင်းခဲ့တယ် ယနေ့ ထိ။



ရေးသူ။ ။ လေပြေ

No comments: