Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, June 25, 2009

မိုးနဲ့ အတူ

မိုးတွေသွန်းလို့  အေးချမ်းတဲ့ခါ
မင်းအပြုံးကြောင့် နွေးထွေးခဲ့တာ
တစ်သက်စာတော့ မေ့မရပါ။

စိမ့်စိမ့်ကြည့်တော့ မင်းလေးမေးတာ
ဘာလဲတဲ့ကွာ
ငါ့အတွက်တော့ မင်းအလှကို
မမြင်ဘူးတော့ ပြုံးမိတယ်ကွာ
အော် မင်းလေးက ချစ်စရာပေါ့။

ရက်တွေပြောင်းလို့  ခွဲသွားတဲ့ခါ
မိုးတွေသွန်းလို့ 
ငါ့နဲ့ အတူ ၀မ်းနည်းနေလား
မေးကြည့်ချင်တယ် ကောင်းကင်ကြီးရယ်။

ပြန်တွေ့ ချိန်လေး ရှိခဲ့ရင်လည်း
ကောင်းကင်ကြီးရယ်
ဝမ်းသာလွန်းလို့  သွန်းဖြိုးမလား
မိုးစက်လေးများ
ချစ်သူလေးများ အေးချမ်းဖို့ ရာ။


ရေးသူ။ ။ လေပြေ

No comments: