Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, April 8, 2010

သံယောဇဉ်

ခံစားချက်များ ရာသီချိန်တိုင်း
ပြောင်းလဲတတ်သာ သဘာဝပါ။

တွေ့ ဆုံကြုံကွဲ လူတွေဟာလဲ
ရာသီချိန်လိုက် ပြောင်းလဲနေတာ။

အသက်ချိန်ခါ ကြီးလာချိန်မှာ
အချစ်များစွာ ခံစားသွားတော့
ရင့်ကျက်မှုက ခံစားချက်ကို
တွန့် ဆုတ်စေသား။

လူတိုင်းပေါ်မှာ ခံစားချက်များ
ပြောင်းလဲနေလည်း သံယောဇဉ်က
ရှိနေမှာပဲ။

ခံစားချက်နဲ့  မှတ်ဥာဏ်တွေက
မေ့ပျောက်ခဲ့လည်း သံယောဇဉ်က
ရှိနေမှာပဲ ယုံကြည်မိတယ်။

အချစ်ရှုံးတော့ အချစ်မရှာတာ
လူတိုင်းရင်မှာ သံယောဇဉ်ရဲ့ 
နှောင်ကြိုးတွေက ဖွဲ့ နှောင်လို့ ပါ
ယုံကြည်ထားတာ။

ဒီသံယောဇဉ် ဒီဘ၀မှာ
ရှင်နေသရွှေ့  ဘ၀မှာလဲ
ကျန်နေအုန်းမှာ။


လေပြေ

No comments: