Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, April 21, 2010

ကိုယ်ကျေနပ်ပါတယ်အချစ်ရယ်

မိန်းမ၏မျက်နှာမီးလှောင်သဖြင့် ထိုဒဏ်ရာကိုဆေးကုသရန် ယောင်္ကျားဖြစ်သူက ဆရာဝန်ဖြင့်တိုင်ပင်လေသည်။

ဆရာဝန်။ ။ “ခင်ဗျားရဲ့  အမျိုးသမီးက အရမ်းပိန်နေတယ်ဗျ။ ဒါကြောင့် တခြားနေရာက အသားကို ခွဲပြီး အစားထိုးဖို့  မဖြစ်နိုင်ဘူး။ ဒါပေမယ့် ခင်ဗျားရဲ့  တင်ပါးက အသားကိုပေးမယ်ဆိုရင်တော့ ကုသဖို့ လွယ်ကူပါလိမ့်မယ်။ ”

ယောင်္ကျား။ ။ “ဟာဒါတော့ ရပါတယ်ဆရာ။ ဒါပေမယ့်....”

ဆရာဝန်။ ။ “ဒါပေမယ့်..”

ယောင်္ကျား။ ။ “ဆရာ့အနေနဲ့  ဒီကိစ္စဘယ်သူ့ ကိုမှ မပြောပါဘူးလို့  ကတိပေးရမယ်။ ကျနော့်မိန်းမကိုပါ မပြောရဘူး။”

ဆရာဝန်။ ။ “ရပါတယ်ဗျာ။ လူနာရဲ့ တောင်းဆိုချက်နဲ့  အချက်အလက်တွေကို ကျနော်တို့ အပြင်မပေါက်ကြားစေရပါဘူး။ ”

ယောင်္ကျား။ ။ “ဒါဆိုရင် ခွဲစိတ်လို့ ရပါပြီဆရာ”

သို့ နှင့် ယောင်္ကျား၏ ပူးပေါင်းပါဝင်မှုဖြင့် ခွဲစိတ်ကုသမှုမှာ အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။ ထိုခွဲစိတ်ကုသမှုကြောင့်ပင် မိန်းမဖြစ်သူမှာ ပိုမို၍နုပျို ချောမောလာသဖြင့် ရပ်နီးရပ်ဝေးမှာ သူငယ်ချင်း၊ ဆွေမျိုးများ မပြတ်လာရောက် လည်ပတ်သတင်းမေးကြလေသည်။

ထို့ ကြောင့်မိန်းမဖြစ်သူက ယောင်္ကျားဖြစ်သူအား

မိန်းမ။ ။“ ဒီတစ်ခေါက် ရှင်ကျမအတွက် အနစ်နာခံခဲ့တာကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိတော့ဘူးရှင်။ ”

ယောင်္ကျား။ ။ “ရှင်မကလဲ ကျေးဇူးတင်စရာမလိုပါဘူးကွာ။ မင်းရဲ့ ပါးကို မင်းအမေနမ်းလိုက်တဲ့အချိန်တိုင်း မင်းကျေးဇူးတင်တာထက် ကိုယ်က ပိုလို့ တောင်ဝမ်းသာနေပါတယ် ရှင်မရယ်”


(အော်...မိန်းမပါးကို နမ်းတာက ယောင်္ကျားရဲ့ တင်ပါးကို နမ်းတာနဲ့  အတူတူဖြစ်နေတာကိုး)

ရှမ်းကလေး

No comments: