Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, April 24, 2010

ခုမှ ရှင်းတော့တယ်

အမျိုးသမီး ၁။ ။ “ကျမတို့  လင်၊မယား နှစ်ရှည်လများ ငြင်းခုံကြတဲ့ ပြဿနာတော့ အတွင်းရေးမှူးမလေး အသစ်ခန့် လိုက်တော့မှ အဖြေ ရှင်းရှင်းလင်းလင်းသိရတော့တယ်”။

အမျိုးသမီး ၂။ ။ “ ဟယ်..ဒါဆို သူတော်တော်လေးကို တော်မှာပဲနော်?”

အမျိုးသမီး ၁။ ။ “ တော်တော့ပေါ့ရှင်။ ကျမနဲ့  ကျမယောင်္ကျားနှစ်ပေါင်း ၃၀ လုံးလုံး နင်ကမြုံနေတာ၊ ငါက မြုံတောနဲ့  တစ်ယောက်ကို တစ်ယောက်အပြစ်တင်နေကြတာ။”

အမျိုးသမီး ၂။ ။ “ခုတော့...”

အမျိုးသမီး ၁။ ။ “ အင်းမြုံတာက ကျမဖြစ်နေတာကို ခုမှပဲသိတော့တယ်ရှင်”

အမျိုးသမီး၂။ ။ “ဘယ်လို လုပ်သိတာလဲ? ဆရာဝန်သွားပြလိုက်လို့ လား?”

အမျိုးသမီး ၁။ ။ “မဟုတ်ပါဘူးရှင်။ အသစ်ခန့် လိုက်တဲ့ အတွင်းရေးမှူးမလေး ကိုယ်ဝန်ရနေပြီလေ” တဲ့။




ရှမ်းကလေး

No comments: