Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, April 8, 2010

ကျမ်းထဲက ပုံဆန်ခွက်

ညမှာအိပ်စက် မနက်နိုးလျှက်

လုပ်ချင်တာကိုလုပ်လျှက်

နေ့ မှထမင်းစား ညကျတော့နား

သံသရာရယ် လည်နေတယ်

ခုဘ၀မှာတော့ စိုင်းစိုင်းရယ်တဲ့

နောင်ဘ၀မှာတော့ ဘာဖြစ်မယ်မသိ။

ငယ်ရွယ်စဉ်မှာကျောင်းတက်

အရွယ်တက်တော့ လက်ထပ်လေတယ်

ကလေးမွှေးလို့  သွေးစပ်လိုက်တော့

အနာဂတ်အရေး မသေမချာ

လိုက်စဉ်းစားကာ တွေးပူလေတယ်။

သေလိုက်ရှင်လိုက် မွှေးလိုက်သေလိုက်

ခုံမင်စရာ ဒီကမ္ဘာလေးမှာ

ဘာရှိလို့ လဲ?

ပြောတိုင်းလိုက်လုပ် တွေ့ တိုင်းလိုက်တု

ရှေ့ လူကိုကြည့် နောက်လူကိုမေ့

ဘောင်တိုင်းလှုပ်ရှား အမှားမသိ

ငနွားပေလို့  ကျမ်းမှာမှတ်တယ်။



လေပြေ

No comments: