Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, April 9, 2010

အပြုံးကုန်ဆုံးချိန်

လေအလူးမှာ ဆံနွယ်များလဲ
လေထဲလွင့်ပျံ ဆံနွယ်များနဲ့ 
လေဆော့စားကာ ချမ်းအေးလေတယ်။

လေအ၀င့်မှာ ပျော်ရွှင်သွားတဲ့
ဆံနွယ်ဟာလဲ မြူးတူးစွာနဲ့ 
လေအကူးမှာ ပျော်ဖူးခဲ့တယ်။

ဆံနွယ်အကူး လေအလူးမှာ
ပြုံးရိပ်လေးဟာ တောက်ပခဲ့တယ်။

လေကမကူး ဆံနွယ်ငြိမ်တော့
အပြုံးလေးဟာ အပူတွေမှာ
ပျောက်ကွယ်ခဲ့တယ် လေနဲ့ အတူ။



လေပြေ

No comments: