Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, April 22, 2010

ဘယ်သူ ပိုတော်သလဲ?

သိပ္ပံစာသင်ခန်းတွင်းဖြစ်သည်။

ဆရာမ။ ။ “ တိရစ္ဆာန်နဲ့ လူ ဘယ်သူက ပိုပြီးအသိပညာရှိသလဲ ဆိုတာကို ဘယ်သူဖြေနိုင်လဲ?

ကျောင်းသားတစ်ယောက်က လက်ညှိးထောင်ကာထ၍ ပြန်ဖြေလေသည်မှာ............

ကျောင်းသား။ ။ “တိရစ္ဆာန်က ပိုပြီး အသိပညာရှိပါတယ်ခင်ဗျာ”

ဆရာမ။ ။ “သားက ဘာလို့ အဲလိုထင်တာလဲ?”

ကျောင်းသား။ ။ “ အော်... ကျနော့်ခွေးကို ဟိုဟာလုပ်ခိုင်း..ဒီဟာလုပ်ခိုင်းတိုင်း သူက အားလုံးလိုလိုကို နားလည်တယ်ဗျ”

ဆရာမ။ ။ “အဲဒီတော့.......”

ကျောင်းသား။ ။ “ ဒါပေမယ့် သူကျနော့်ကို ပြန်ပြောတဲ့အချိန်မှာ ကျနော်ဘာမှ နားမလည်ဘူးဗျ” တဲ့လေ..



ရှမ်းကလေး

No comments: