Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, April 27, 2010

အပိုပစ္စည်းကို ပြန်ပြီး Recycle and Reuse လုပ်တာပါ အချစ်ရာ

အိမ်ထောင်သည် အမျိုးသမီး အိမ်ပြန်ရောက်လာသော အခါ မိမိယောင်္ကျား တခြား အမျိုးသမီးနှင့် အိပ်နေသည်ကို တွေ့ သောအခါ ဒေါသဖြစ်စွာဖြင့် ပြန်ထွက်သွားရန်ပြင်သော အခါ ယောင်္ကျားဖြစ်သူက ဟန့် တားကာ

ယောင်္ကျား။ ။ “ကိုယ်ရှင်းပြတာကို နားထောင်ပါအုန်းကွာ”

မိန်းမ။ ။ “ ဘာတွေရှင်းပြ မလို့ လဲ... မြန်မြန်ပြော”

မိန်းမ၏ ခွင့်ပြုချက်ရသည်နှင့် ယောင်္ကျားဖြစ်သူက အလျင်အမြန်ပင် ဖြေရှင်းချက်ကို ပြောပြတော့သည်။

ယောင်္ကျား။ ။ “ကိုယ်အလုပ်ကပြန်လာတော့ ဒီမိန်းကလေး လမ်းဘေးမှာ ယိုင်တိယိုင်တိုင် လမ်းလျှောက်လာတာကိုတွေ့ လို့  ကားပေါ်တင်ပြီး အိမ်ခေါ်လာတာပါ။ အိမ်ရောက်တော့ သူက ဗိုက်ဆာတယ်ဆို လို့  မင်းမစားချင်တော့ဘူး ပြောတဲ့ အမဲသားကို ကိုယ်က ချက်ကျွေးလိုက်တယ်။ ”

မိန်းမ။ ။ “ဒါနဲ့ ဘာဆိုင်လို့ လဲ?”

ယောင်္ကျား။ ။ “နားထောင်ပါဦးကွာ... ပြီးတော့ သူစီးတဲ့ဖိနပ်က ပြတ်နေတာကို တွေ့ တော့ ကိုယ်လဲ မင်းတခါပဲစီးပြီး မစီးချင်တော့ဘူး ပြောတဲ့ ဖိနပ်ကို ပေးလိုက်တယ်။ ”

မိန်းမ။ ။ “ပြီးတော့ကော”

ယောင်္ကျား။ ။ “ပြီးတော့ ဒီမိန်းကလေးက ညစ်ပတ်ပြီးမွဲနေတဲ့ အ၀တ်အစားကို ၀တ်တာကိုတွေ့ တော့ ခေတ်နဲ့ အညီမဖြစ်ဘူး မလှဘူး ဆိုပြီးတော့ မင်းမ၀တ်တဲ့ အ၀တ်အစားတွေကို သူ့ ကိုပေးဝတ်လိုက်တယ်။”

မိန်းမ။ ။ “တော်တော်... ဒါတွေအားလုံးက ကျမသီးခံလို့ ရတယ်။ ဒါပေမယ့် ရှင်က သူနဲ့ ဘာလို့ အိပ်နေရတာလဲ?”

ယောင်္ကျား။ ။ “ အော်...ဒါကတော့ သူက ကိုယ့်ကို “ရှင့်မိန်းမအနေနဲ့  စိတ်မ၀င်စား၊ မသုံးတာဘာကျန်သေးလဲ” လို့  မေးလို့ ပါကွာ”



ရှမ်းကလေး

No comments: