Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, April 8, 2010

တစ်စိတ်တစ်လေ...

အချစ်ချစ်လို့  တမ်းတရွတ်ဆို
ရင်မှာပူကာ လွှမ်းဆွတ်ဖူးတယ်။

အချစ်နောက်လိုက် ဘ၀ပျက်ကာ
ဘ၀မအောင် လူ့ ဘောင်တွေမှာ
သုံးမရတာ တွေ့ ဖူးခဲ့တယ်။

အချစ်ကိုးကွယ် မိုက်ရူးတဲ့လူ
ဒီလူ့ ဘောင်မှာ ကြုံဖူးခဲ့တယ်။

အချစ်ကိုမှ အလေးမထား
စိတ်တိုင်းလုပ်သူ တော်တော်ရှားတယ်။

နှုတ်ကဘုရား နှလုံးသားမှာ
အချစ်ကိုးကွယ် ဒုက္ခခံစား
မြင်ဖူးသွားတယ်။

Newly wed, Nearly Die တွေလဲကြုံဖူးတယ်။

အချစ်ကိုးကွယ် လိုက်မှားတာလဲ
တွေ့ မြင်ခဲ့တော့။

ဘ၀တိုင်းရဲ့  တစ်စိတ်တလေ
နှလုံးသားဟာ ဘ၀မဟုတ်
အထီးကျန်လို့  အဖော်ကိုရှာ
အားငယ်ခြင်းဟာ အချစ်ရှာအောင်
လုပ်နေသလား?



လေပြေ

No comments: