တစ်နေ့ တစ်၌ အသဲကွဲသမားများ ၀ိုင်းဖွဲ့ သည်နှင့် ကြုံကြိုက်သဖြင့် ၍မေးမြန်းခန်းဖြစ်ပေါ်လာရသည်။ (မဖြစ်ချင်ပဲ ဖြစ်တာပေါ့ ရှင်းရှင်းပြောရရင်တော့)
လေပြေ။ ။ ညီညီ ခင်ဗျား ရည်းစားက ခင်ဗျားကို သစ္စာမဲ့သွားတယ်ဆို?
ညီညီ။ ။ ပေါက်ပေါက် ရှာရှာဗျာ "သူကျနော့်ကို သစ္စာမဲ့သွားတာမဟုတ်ပါဘူး သူတခြားတစ်ယောက်ကို သစ္စာပိုရှိသွားတာပါဗျာ" (ခိုးချတာ ခိုးချတာ သူငယ်ချင်းဆီက ဟဲဟဲ)
လေပြေ။ ။ ထားပါတော့လေ။ နိုင်နိုင်ကော အခုတစ်လော ရည်းစားနဲ့ ကွဲပြီးတော့ ဘီယာပဲ ဇွတ်သောက်နေတယ်ဆို?
နိုင်နိုင်။ ။ "သောက်ချင်လို့ သောက်တာ မဟုတ်ပါဘူးဗျာ၊ ဘီယာများ ကျနော့်နှလုံးသားကို ကူညီဖာတေးပေးမလားဆိုတဲ့" ရည်ရွယ်ချက်နဲ့ သောက်နေတာဗျ။
လေပြေ။ ။ အင်းအင်း ဟုတ်ပါပြီဗျာ။ ကျော်ကျော် မင်းကောင်မလေးက မင်းဖုန်းဆက်တိုင်း ချချသွားတယ်ဆိုကွ?
ကျော်ကျော်။ ။ "သူကျနော့်အတွက် အရမ်းစဉ်းစားပေးတာကိုးဗျ။ ကျနော် ဖုန်းခ တက်နေမှာစိုးလို့ တဲ့"
လေပြေ။ ။ ဟုတ်မှာပါ ဟုတ်မှာပါ။ မင်းမင်း မင်းကောင်မလေး လက်ထပ်သွားတယ်ဆိုကွ?
မင်းမင်း။ ။ ဟုတ်တယ်လေ။ သူက "ကျနော့်ဘ၀မှာ သူ့ ထက်ကောင်းတဲ့သူ လာပါစေဆိုတဲ့ စေတနာနဲ့ " လက်ထပ်သွားတယ်ဗျ။
လေပြေ။ ။ တယ်လာတဲ့ စာဆိုပါလားကွ။ ဦးလေးက မိန်းမ အိမ်ပေါ်ကဆင်းတော့ လမ်းစရိတ်တောင်ပေးလိုက်တယ်ဆို ?
ဦးလေး။ ။ "အင်းလေ သူမှမချစ်တော့တာ ငါလဲ ၀မ်းသာတယ်လေ အဲလိုသိရတော့။ ဒါကြောင့်ဝေးဝေးသွားအောင် လမ်းစရိတ်ပါ မစလိုက်တာလေကွာ။ (ဆရာတော် ဦးဇောတိက စာအုပ်မှ ကောက်နှုတ်ထားတာပါ)
လေပြေ။ ။ ဘုရား တရားနဲ့ ပေါ့နော်။ ဦးကျော်က ဘာလို့  မယားငယ်ထားတာလဲဗျ ?
ဦးကျော်။ ။ အော် ထိုင်းသီချင်းလိုပေါ့ " မင်းတို့ နှစ်ယောက် ကြား ငါ့အားမရွေးခိုင်းပါနဲ့  နှစ်ယောက်လုံးကကောင်းတာကိုး " ဆိုတဲ့ အတိုင်းပေါ့ကွာ။ (အတု မခိုးရ ငရဲကျနိုင်သည်)
လေပြေ။ ။ ဒါနဲ့  ဦးကျော်က ဘာလို့ နှစ်ယောက်လုံးနဲ့  ပြတ်ခဲ့တာလဲဗျ?
ဦးကျော်။ ။ အင်း ကိုထီးရဲ့ သီချင်းအတိုင်း "ဖူးစာ မစုံတော့ ကံကိုတာ ပုံချခဲ့ရတယ် မေရယ်" ပေါ့ကွာ။
လေပြေ။ ။ အင်းအင်း၊ ကျနော်လည်း ဘုရားပဲ တရတော့ မယ့်ပုံပဲဗျာ။
ရေးသူ။ ။ လေပြေ (ဆက်လက်ဖော်ပြပါမည်)
Tuesday, May 5, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment