ကျနော်တို့ ရှမ်းပြည်တွင် ဆောင်းရာသီဆိုလျှင် အလွန့် အလွန်မှ အေးလှပါသည်။ ခြေအိပ်ဝတ် လက်အိပ်ဝတ် အပြင် နင်းကျားဦးထုပ် (မျက်လုံးသာ ပေါ်သောဦးထုပ်)ဆောင်းရလောက်အောင်အေးလွန်းပါသည်။ အဲ မှန်ကြည့်ပါက နိုင်ငံခြား ရုပ်ရှင်ထဲက ဘဏ်ဓါးမြများနှင့် တူပါပေသည်။
တစ်နေ့ တစ်၌အေးလွန်းသဖြင့် အအေးပြေအောင် လက်ဖက်ရည်သောက်ရန်ထွက်လာခဲ့သည်။ ရောက်သောအခါ အကြွေးရှင်နှင့် တွေ့ သဖြင့် တွတ်ပီကဲ့သို့  "ငါ ဒီနေ့ ကံမကောင်းပါလားနော်" ဟုသာတလိုက်ရတော့သည်။
"ဟေ့ ရှမ်းကလေး၊ မင်းအကြွေးဘယ်တော့ ပေးမလဲကွ? မင်းယူထားတာ ရာစုနှစ် 2 ခုလောက်ရှိနေပြီနော်။"
" ဟာဗျာပေါက်ပေါက်ရှာရှာ ခုမှ ကျနော်က ဆယ်ကျော်သက်ပဲရှိသေးတာ ဘယ်နဲ့  ရာစုနှစ် 2 ခုကျော်သွားတာလဲဗျ?"
" ဆယ်ကျော်သက် ဟုတ်လား? မင်းက အဘိုးကြီးကိုလည်း ဆယ်ကျော်သက်လို့ ခေါ်သာပဲကော?"
" အော်ဗျာ တစ်ဆယ်ကျော်ရင် ဆယ်ကျော်တက်ခေါ်တယ်ဟုတ်? အဲဒီတော့ နှစ်ဆယ်လဲ ဖြစ်နိုင်တယ်၊ သုံးဆယ်လဲဖြစ်နိုင်တယ်လေ"
" မင်း ရီးတီးယားတား မလုပ်နဲ့ နော်။ မနက်ဖြန်မင်း အကြွေးမပေးရင် ရွာအနှံ့  မင်းအကြွေးမပေးကြောင်းကြေငြာမယ်နော့်"
အော် ဘ၀ဘ၀၊ ဗေဒင်ဟောတော့ မပင်မပန်းနဲ့  လက်စွမ်းက ပြောင်မယ်တဲ့။ ခုတော့ ပြောင်တာမှ တက်တက်ပါလားနော်။ အင်း ကြံရာမရတော့ အကြွေးရှင်ညီမှာ ငှားပြီးပေးယုံပေါ့လေ ဟဲဟဲ။
နောက်တစ်နေ့ 
" ဒီမှာ ခင်ဗျားအကြွေးတွေနော်။ အတိုးကော အရင်းကောဗျ။ အင်း.... စာရေးစရာကို အထင်မsmall နဲ့ လေဗျာ ဟဲဟဲ"
" မင်းမဆိုးဘူး။ နောက်အကြွေးလိုရင် ငါ့ဆီမှာ ချေးလို့ ရတယ်နော် ရှမ်းကလေး "
ဟဲဟဲ သိတယ်ဟုတ် သူ့ ဆီကချေးပြီး သူ့ ညီကိုပြန်ဆပ်။ သူ့ ညီဆီက ချေးပြီး သူ့ ကိုပြန်ဆပ်ပေါ့ဗျာ။ (လုပ်နေကျလေ ဟားဟား)
ရေးသူ။ ။ ရှမ်းကလေး
Thursday, May 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment