Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, May 6, 2009

အသဲကွဲသမားများနှင့် မေးမြန်းချက် 2

တစ်နေ့ တစ်၌ အသဲကွဲသမားများနှင့် ပြန်တွေ့ ဆုံသောအခါ

ကျော်ကျော်။ ။ ကို ရှမ်းကလေးပါလား။ ကို လေပြေကို မတွေ့ ပါလားဗျ။

ရှမ်းကလေး။ ။ အော်သူလား ခင်ဗျားတို့ ပဲ ဘီယာသောက်တာ နှလုံးသားကို ဖာတေးဖို့ ပါဗျာလို့  ပြောလိုက်တယ်ဆို? ဒါကြောင့် သူလဲ ကုစားနေလေရဲ့ ဗျာ။ ဟာ...ကျော်ကျော် ဆေးလိပ်တွေ ပြန်သောက်နေတယ်ပေါ့? ဖြတ်လိုက်ပြီမဟုတ်လားဗျ?

ကျော်ကျော်။ ။ ကျနော်က ကနော့်ရည်းစားအတွက်ဖြတ်တာပါဗျာ။ သူပြောတယ်လေ "ဆေးလိပ်နဲ့  ကျမ ဘယ်ဟာရွေးမလဲတဲ့"။ ခု သူကျနော့်ကို ဖြတ်သွားတော့ ကျနော် ဆေးလိပ်ကို ပြန်ရွေးတာလေဗျာ။

ရှမ်းကလေး။ ။ 1 go 2 come ပေါ့လေ။ ဆေးလိပ်ရော ရောဂါရော (စိတ်တွင်းကြိတ်၍ ရေရွတ်မိသည်။) နိုင်နိုင် ခုတလေ ဂစ်(ဒ်)တာ တွေလိုက်တီးဖြစ်နေတယ်ဆို? တော်တော်လေးထော နေရောပေါ့။

နိုင်နိုင်။ ။ အင်းဗျာ "သူထားခဲ့ကတည်းက ဂစ်(ဒ်)တာ ပဲလိမ့်တီးနေလိုက်တာ ခုတော့ ဂစ်(ဒ်)တာ တော်တော်တီးတတ်နေပြီ" လေ။ ထောတော့မထောပါဘူး ဒါပေမယ့် စားနိုင်သောက်နိုင်ယုံပါပဲဗျာ။

ရှမ်းကလေး။ ။ အဆိုးထဲက အကောင်းပေါ့ဗျာ။ ဦးကျော်ကကော ဘယ်လိုလဲဗျ?

ဦးကျော်။ ။ ငါ့ philosophy ကတော့ "မင်းကို ငါ အရမ်းချစ်လို့  ရရင့်နဲ့ ပဲ ပြိုမလား ရပင့်နဲ့ ပဲ ပျို မလား ငါစောင့်နေပါ့မယ်" ဆိုတဲ့အတိုင်း စောင့်နေတာလေကွာ။

ရှမ်းကလေး။ ။ အော်အော် သစ္စာရှိလိုက်လေခြင်းဗျာ။


ပြုစုသူ။ ။ ရှမ်းကလေး (ဆက်လက်ဖော်ပြပါမည်။)

No comments: