Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, May 13, 2009

ကြယ်တွေ ကြွေတိုင်း.............မှာ

ကြယ်ကြွေတိုင်းမှာ မင်းဆုတောင်းခဲ့တာ
အတူနေရဖို့ တွက် တစ်သက်လုံးတဲ့။

ခုတော့ ကြယ်တွေကြွေတိုင်း ငါတိုင်ငေး
ငါ့နဘေးမှာ မင်းမရှိတော့။

ငါ့ကို သနားတဲ့ကြယ်ရယ်
ငိုနေတာလား ကြွေနေတာလား။

တစ်ခါတလေ ဆုတောင်းမိရဲ့ 
ကြယ်မရှိဖို့ အတွက်

ဒါပေမယ့်

ကြယ်လေးတွေရယ်
တခြား ချစ်သူတွေကို ဖြည့်စွက်ပေးပါကွယ်
သူတို့ တောင်းဆု ပြည့်နိုင်ဖို့ ရယ်။


ရေးသူ။ ။ လေပြေ

No comments: