Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, May 15, 2009

လောင်းကစားနိုင်နည်း

လူသားတိုင်းသည် တခါတစ်ရံ လောင်းကစားကလေးများ ကြုံကြိုက်ပါက ကံစမ်းတတ်ပါသည်။ ထိုသို့ စမ်းခြင်းကြောင့်ပင် ပါသမျှ ကုန်သည်များလည်း ဖြစ်သွားပါသည်။ ထို့ ကြောင့် မဖြစ်ရန် ဤနည်းကလေးအား မျှဝေခြင်းဖြစ်သည်။

လေးကောင်ဂျင်နိုင်နည်း

လေးကောင်ဂျင်ထိုး တိုင်းတွင် လူတိုင်းသည် မိမိ နိုင်ရမည်ဟု အမြဲယုံကြည်တတ်ကြသည်။ တစ်ချို့ ဆိုလျှင် ငါဒီနေ့ နိုင်မယ်ကွ ဟု လူသိရှင်ကြားပင် ကျုံးဝါးတတ်သည်။ ထိုသို့ သောသူများသည် အများအားဖြင့် အရှုံးဖြင့်သာ ကြုံတွေ့ ရလေသည်။

ထို့ ကြောင့် လေးကောင်ဂျင်နိုင်ရန်မှာ အကြောင်းအမျိုးမျိုးကြောင့် မိမိနိုင်ရမည် (သို့ ) နိုင်မည်ဟု ယုံကြည်သူများကို ပထမ ရှာဖွေရမည်။ တွေ့ ရှိပါက ၄င်းများနှင့် ဆန့် ကျင်၍ထိုးရန်သာဖြစ်သည်။

အကြောင်းမှာ ထိုသူများနှင့် ကိုယ်လိုက်ထိုးမိပါက ကိုယ်လည်း ရှုံးသူများထဲ အပါအ၀င်ဖြစ်သွားလိမ့်မည်။ ထို့ ကြောင့် ထိုသူများနှင့် ဆန့် ကျင်၍ထိုးပါက 80% နိုင်ချေရှိလေသည်။


(ရွှေဥသောင်း စာအုပ်မှ ကြုံကြိုက်၍ တွေ့ သဖြင့် စုဆောင်းတင်ပြလိုက်ပါသည်)

ရှမ်းကလေး

No comments: