Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, May 17, 2009

ဘ၀ တစ်ကွေ့ ကြုံတွေ့ ရသော ပြဿနာ

ကျနော်သည် ထိုင်း၌နေစဉ်အတွင်း ပြဿနာများကြုံတွေ့ ရပြီး ပြန်စဉ်းစားသောအခါတွင် ရယ်စရာနှင့် သင်ခန်းစာရဖွယ် အဖြစ်အပျက် များကိုပြန်လည်သတိရသဖြင့် ပြန်၍မျှဝေလိုက်ပါသည်။

တစ်နေ့ တ၌ ကျနော်သည် အလုပ်ကိစ္စတစ်ခုကြောင့် နယ်သို့ ထွက်ရမည်ဖြစ်သဖြင့် စောစောအိပ်ရာထကာ လုပ်စရာရှိသည်များကို ကြိုတင်ပြင်ဆင်၍ လုပ်ဆောင်တော့သည်။

လုပ်ဆောင်ပြီးသောအခါ ချိန်းထားသောနေရာသို့  အရောက်သွားတော့သည်။ ထိုနေရာရောက်ပြီး တခဏတွင် ကျနော့်ဗိုက်သည် ဖော်မပြနိုင်အောင် နာကျင်လာပြီး အိမ်သာသွားရန် အတင်းတိုက်သွန်းနေလေတော့သည်။ ခက်သည်မှာ ကျနော်ရောက်နေသော နေရာသည် ကုန်တိုက်ရှေ့ ဖြစ်သော်လည်း စောလွန်းသဖြင့် ကုန်တိုက် မဖွင့်သေးပါ။ ထို့ ကြောင့် ကျနော်မှာ ကြံရာမရဖြစ်ကာ အောင့်အီးနေလိုက်တော့သည်။

ခဏအကြာတွင် နယ်သို့ သွားမည့်ကား (တက္ကစီ) ရောက်လာသဖြင့် ကျနော်လိုက်ပါသွားတော့သည်။ လမ်းသို့ သွားရာတစ်ရှောက်တွင် ကျနော့်ဗိုက်သည် အလွန်နာကျင်လာသဖြင့် ကျနော်သည် လက်သီးကိုဆုပ် ခြေထောက်ကို ကုတ်ထားသည်မှာ ပိုလီယို ဖြစ်သော သူများထက်ပြင် ပို၍ ကြည့်မကောင်းသော အခြေအနေသို့ ရောက်နေသည်။ (တော်တော် ခံရခက်ပါသည်။ )

ထို့ ကြောင့်ကျနော်သည် အာရုံပြောင်းသောနေဖြင့် စာအုပ်ဖတ်နေသော်လည်း နာကျင်မှုကို မခံနိုင်သဖြင့် စာအုပ်ကိုသာ ဆုပ်ကိုင်နေမိတော့ပါသည်။ ထို့ နောက် ကျနော်သည် ကားအား ဓါတ်ဆီဆိုင်တွင်ရပ်ခိုင်းကာ အိမ်သာတို့ အမြန်ပြေးတော့သည်။ သို့ သော် ကံမကောင်းစွာဖြင့် အိမ်သာမှာ ရေများပြည့်နေပြီး လုံးဝ သုံး၍မရသော အခြေအနေရောက်နေပြန်ပါသည်။ (စဉ်းစားကြည့်ပါဗျာ ဘယ်လောက်ခံစားရမယ်ဆိုသာ ရှေ့ မှာရှိနေပြီး ဟိုဟာလုပ်လို့ မရဖြစ်နေတာ)

ထို့ နောက်ကျနော်သည် ကျိတ်မှိတ်ကာ ကားပေါ်သို့ သာဆက်လက်လိုက်ပါသွားတော့သည်။ ကားရပ်ခိုင်းပြီးဖြစ်သဖြင့် ကျနော်သည် နောက်ထပ် အကြောင်းပြချက် မရှိတော့သဖြင့် ဆက်လက်၍ ခြေကိုကုပ် လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားရပါတော့သည်။

အဲ...နောက်ဆုံးတော့ ကျနော်တို့ သည် နေ့ လည်စာထမင်းစားရန်လမ်းတွင် ရပ်လိုက်တော့မှသာ ကျနော်သည် ဆိုင်ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် ကိစ္စဖြေရှင်းနိုင်တော့သည်။ စဉ်းစားကြည့်လေ မနက်စောစော ကနေ နေ့ လည်ထိ ကျနော်ဘယ်လောက်များ ခံစားရမလဲဆိုတာ။ ဒါကြောင့် ကျနော့် ဘ၀မှာ မေ့မရတဲ့ ကိစ္စပါဗျာ။


ရှမ်းကလေး

No comments: